Wednesday 26 September 2012

ဆေးထိုး ခြင်းကြောင့် နာကျင်မှုကို သက်သာ စေမယ့် လေဆာရောင်ခြည်


တောင်ကိုရီးယား သုတေသီ များက ဆေးထိုး ခြင်းကြောင့် နာကျင်ခြင်းများကို သက်သာစေမည့် လေဆာရောင်ခြည်ထုတ်ပေးသော ကိရိယာ တစ်ခုကို တီထွင်နိုင် ခဲ့ပြီဖြစ်ကြောင်း သိရပါ တယ်။အဲဒီပစ္စည်းဟာတစ်ချိန်ချိန်တွင် ဆေးထိုးအပ်များနေရာတွင်အစားထိုးအသုံးပြုနိုင်မှာဖြစ်ပြီး ဆေးထိုးခြင်းကြောင့် ခံစားရမယ့် နာကျင်မှုဟာ လေဖြင့်မှုတ်လိုက် သလို ခံစားရမှုမျိုးနှင့် တူညီမှာဖြစ်ကြောင်း သိရပါတယ်။အဲဒီပစ္စည်းက ဆေးဝါးရေစီးကြောင်းကို ပန်ကာဖြင့် မှုတ်၍ သွင်းလိုက်သလိုဖြစ်ပြီး အရေပြားအတွင်း နာကျင်မှုမရှိဘဲ ဝင်ရောက်သွားစေနိုင်မှာဖြစ်တယ် လို့ သိရပါတယ်။ ဆေးသွင်းသည့် ဖိအားသက် ရောက်မှုမှာ အရေပြား၏ တင်းမာမှုထက် မြင့်မား သောကြောင့် ဆေးများအား
အရေပြားအတွင်းသို့လိုအပ်သည့်အတိမ်အနက်အထိ ရောက်အောင် ချောမွေ့စွာသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။
 ဆေးများ နောက်သို့ ပြန်ကန်ထွက်ခြင်းလည်း မရှိကြောင်း သရိ ပါတယ။်

ကျန်းမာရေးနှင့် ဆေးပညာ ဂျာနယ် မှ သိသမျှ ။

No comments:

Post a Comment