Wednesday 26 September 2012

အင်္ဂလန် ရဲ့ လမ်းဘေးဂီတာဝိုင်း နဲ့ အတူ သီချင်းအော်ဆိုခဲ့တဲ့ အမှတ်တရတွေနဲ့ သျှီ


စက်တင်ဘာလ ၅ရက်နေ့က အင်္ဂလန် ဖျော်ဖြေရေး သွားတဲ့ သျှီက စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြန်လည် ရောက်ရှိလာပါတယ်။ လန်ဒန်မှာ ၉ရက်နေ့က Lazy Club အဖွဲ့နဲ့ အတူ ဖျော်ဖြေခဲ့တဲ့ သျှီ
က လန်ဒန်မှာလည်း ဒီခရီးစဉ်ရဲ့ Documentary ကိုလန်ဒန်က ဒါရိုက်တာရဲခန့် နဲ့ အတူ ရိုက်ကူးခဲ့ ပါသေးတယ်။ ၉ ရက်နေ့ ဖျော်ဖြေ အပြီး မှာတော့ လန် ဒန်မြို့အနှံ့ကို လည်ပတ်ဖြစ်ခဲ့တဲ့ သျှီက နေရာစုံတော့ မရောက်ဖြစ် ခဲ့ဘူးလို့ ပြောပါတယ်။
“အင်္ဂလန်က တကယ်ကို သူတို့ရဲ့ ရှေး ဟောင်း အဆောက်အအုံ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းထားတဲ့ နေရာပါ။ အဆောက်အအုံ တွေကို အဟောင်းအတိုင်း ထိန်းသိမ်း ထားတဲ့ တန်ဖိုးက နည်းတာ မဟုတ်ဘူး။ နေရာတိုင်းမှာလည်း အထိမ်းအမှတ် ကျောက်ရုပ်တွေ ရှိတယ်။ အဲဒါတွေကိုတော့ လေးစားမိတယ်” လို့ပြောတဲ့ သျှီ က အင်္ဂလန်မှာ လည်ပတ်ရင်းနဲ့ အဖွဲ့တွေနဲ့ လူစုကွဲသွားပြီး အင်္ဂလန်က လမ်းဘေးဂီတ ဝိုင်း နဲ့အတူ သီချင်း ဝင်ဆိုဖြစ်သေးတယ်လို့လည်း သိရပါတယ်။
“မြေအောက်ရထား ဘူတာရုံမှာ ကီးဘုတ် တီးနေတဲ့ ဂီတပညာရှင် တစ်ယောက် ရှိတယ်။ အဲဒါ ကျွန်မက ဘူတာရုံထဲကို ဓာတ်လှေကားနဲ့ ဆင်းလာရင်းနဲ့ သူတီးနေတဲ့သီချင်းသံ ကြားတော့ ကျွန်မလည်း လူစုကွဲပြီး
စိတ်ရှုပ်နေတဲ့ အချိန်ဆိုတော့ သူတီးနေတဲ့ သီချင်းကို လိုက်ဆို နေတာ။ မြေအောက် လိုဏ်ခေါင်း ဆိုတော့ အသံက ဟိန်းပြီး ကျွန်မ အသံက အကျယ်ကြီး ထွက်နေတာ။ သူကလည်း ကျွန်မ ဆိုနေမှန်းသိတော့ ပိုပြီး တီးတယ်။ တခြားသူတွေကလည်း လက်ခုပ်တွေ တီးကြတာပေါ့။ တစ်ရုံ လုံးကို ဆူညံသွားတာပဲ။ သူနောက်တစ်ပုဒ် ထပ်တီးတော့ ကျွန်မလည်း လိုက်ပြီ ဆက်ဆိုခဲ့သေးတယ်။ အဲဒါလေးကတော့ အမှတ်တရပါပဲ” လို့ သျှီက သူ့ရဲ့ ထူးထူးခြားခြား အမှတ်တရ ကိုပြောပြပါတယ်။
ချဲလ်ဆီး ပရိသတ်ဖြစ်တဲ့ သျှီက အင်္ဂလန်က ချဲလ်ဆီးကွင်း ကိုလည်း သွားရောက် လေ့လာခဲ့ပါသေးတယ်။ ချဲလ်ဆီးနဲ့ ဂျူဗင်တပ် နဲ့ပွဲကို ကြည့်ချင်ခဲ့ပေမယ့် လည်း ပြန်မယ့်ရက် နဲ့ မမီတာကြောင့် မကြည့်ဖြစ်ခဲ့ ရဘူးလို့လည်း အားမလို အားမရနဲ့ပြောပြီး ကွင်းထဲကိုတော့ လေ့လာရေး သွားဖြစ်ခဲ့တယ်လို့ သျှီက ပြောပါတယ်။
“ကွင်းထဲမှာတော့ လူမရှိဘူး။ ဒါပေမဲ့ ကွင်းထဲမှာ လူတွေရှိနေတဲ့အသံမျိုး စပီကာနဲ့ ဖွင့်ပေးထားပြီး ကျွန်မတို့က ဘောလုံးသမားတွေ နေရာမှာဝင်ပြီး ဘောလုံးသမားတွေလို လုပ်ခဲ့သေးတယ်။ ပျော်စရာကောင်းပါတယ်” လို့ အင်္ဂလန် အတွေ့ အကြုံတွေကို ပြောပြလာပါတယ်။

ရဲရဲ ပေါ်ပြူလာ မှ သိသမျှ ။

No comments:

Post a Comment