Tuesday, 4 September 2012

ဘဝမှာ လိုက်နာသင့်  တာလေးတွေ


(၁)မှတ်သင့်တာကိုမှတ်ပါ။ မေ့သင့်တာကို မေ့ပါ။ ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲပါ။ပြုပြင်ပြောင်း
လဲလို့ မရတာကို လက်ခံနိုင်အောင် ကြိုးစားပါ။

 (၂) လူ့ဘ၀ဆိုတာ တိုတိုလေး။ ခဏတာအချိန်လေးမှာ ၀မ်းနည်းစရာ၊ စိတ်ပျက်စရာ ဘာတစ်ခုမှ ချန်မထားခဲ့နဲ့။ ရီချင်ရင် ရီပစ်လိုက်၊ ငိုချင်ရင် ငိုပစ်လိုက်၊ ချစ်ချင်ရင် ချစ်ပစ်လိုက် ဘယ်ဖိအားနဲ့မှ ကိုယ့်ကို ထိန်းချုပ်မထားလေနဲ့။

(၃) စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်း မကျတဲ့အခါ နာကျင်အောင် ခံစားရတယ်။ အဲဒီနာကျင်မှုကိုသင်အလဲထိုးမလား...? နာကျင်မှုက သင့်ကို အလဲထိုးတာကို ခံမလား...?


 (၄) အရှေ့နေထွက် အနောက်နေ၀င်။ စိတ်ညစ်ရင်လဲ တစ်ရက်ပဲ၊ ပျော်ရွှင်ရင်လဲ တစ်ရက်ပဲ။ ဘာလို့ အဲဒီတစ်ရက်ကို ပျော်ရွှင်ခြင်းနဲ့ မပြီးဆုံးစေချင်တာလဲ...?

 (၅) အကယ်၍ ရန်သူကြောင့် သင်ဒေါသထွက်တယ်ဆိုရင် အဲဒီရန်သူကို နိုင်တဲ့အရည်အချင်း သင့်မှာ မရှိသေးလို့။

 (၆) အကယ်၍ သူငယ်ချင်းကြောင့် သင်ဒေါသထွက်တယ်ဆိုရင် အဲဒီသူငယ်ချင်းရဲ့ ခင်မင်မှုကို သင်အသိအမှတ်ပြုလို့။

(၇) ကိစ္စတစ်ချို့ကို ကိုယ်က မထိန်းချုပ်နိုင်ရင် အကောင်းဆုံးက ကိုယ့်ကိုယ်ကို အရင်ထိန်းချုပ်ပါ။

 (၈) ကိုယ်အခုလုပ်နေတာတွေ ဘယ်ဟာက အမှန်လဲ... ဘယ်ဟာက အမှားလဲ မသိဘူး။ ကိုယ်အိုမင်းလို့ သေဆုံးခါနီးမှ အမှား၊ အမှန်ကို သိနိုင်တော့မယ်။  ဒါကြောင့် အလုပ်တစ်ခုကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်ပြီး အိုမင်းသေဆုံးသွားမဲ့ အချိန်ကိုစောင့်ပါ။

 (၉) လူတစ်ချို့က မိုက်ရိုင်းမယ်။ လူတစ်ချို့က ကောက်ကျစ်မယ်။ သူတို့နေရာမှာ ၀င်ရောက်ခံစားကြည့်မှသူတို့ဟာ ကိုယ့်ထက် သနားစရာကောင်းမှန်းသိတယ်။
  ဒါကြောင့် လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ကိုယ်ကြုံဖူး ဆုံဖူးသူကို နားလည်ခွင့်လွတ်ပါ။

 (၁၀) နောင်တဆိုတာ စိတ်ဓာတ်ကို ပျက်ပြားစေတဲ့ ခံစားမှုတစ်မျိုးပဲ။ နောင်တဆိုတာ ကျရှုံးမှုထက် ပိုကြီးမားတဲ့ ကျရှုံးမှု၊ အမှားထက် ပိုကြီးမားတဲ့ မှားဖြစ်တယ်။

 ရွှေအိမ်စည် ဖေးဘုပ် မှ သိသမျှ။

No comments:

Post a Comment