၎ရက်နေ့ စက်တင်ဘာ ၂၀၁၂ —– မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမ
ယင်းအခက်အခဲများကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်သော ငွေဖြည့် ကတ်များ ထုတ်လုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်မည်ဟု သိရသည်။ “လတ်တလော ထုတ်လုပ်ထား တာက ကျပ်တစ်သောင်းတန်ကတ်က အနည်းဆုံး ဖြစ်နေတော့ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အခက်အခဲ
ရှိကြမှာပါ။ ဒါကြောင့်လည်း ဝယ်ယူဖို့ လွယ်ကူတဲ့ ကျပ်သုံးထောင်တန်နဲ့ ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့် ကတ်တွေ ထုတ်လုပ်ပေးဖို့အတွက် အစီအစဉ်ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျောင်း အုပ်ကြီး ဦးကျော်စိုးက ပြောသည်။
ကျပ်သုံးထောင်တန် ငွေဖြည့်ကတ်နှင့် ကျပ်ငါးထောင်တန် ကြိုတင်ငွေဖြည့်ကတ်များကို မည်သည့်အချိန်တွင် စတင်ထုတ်လုပ်၍ မည်သည့်အချိန်တွင် စတင်အသုံးပြုနိုင် မည်ကို ပြောကြားခဲ့ခြင်း မရှိသော်လည်း ပြည်သူအများစု၏ အခက်အခဲများကို အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ ယခုအခါ မိုဘိုင်းဖုန်း ကြိုတင် ငွေဖြည့် ကတ်များကို ပြည်ပ အိမ်နီးချင်း နိုင်ငံအများစုတွင် မိမိတတ်နိုင်သော ငွေကြေးပမာဏ အတိုင်းအတာဖြင့် ဝယ်ယူ သုံးစွဲနိုင်ပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံ အနေဖြင့်လည်း ယင်းစနစ်ကဲ့သို့ အသုံးပြုနိုင်ရန် အတွက် ဆောင်ရွက်ပေးရန် ပြည်သူအများစု မျှော်လင့်လျက်ရှိသည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
မြန်မာ့သားကောင်းသတင်း မှ သိသမျှ ။
No comments:
Post a Comment