အခုခေတ် ကလေးတွေ၊ အနုပညာရှင် ကလေးတွေက တော်ကြ တာ များပါ တယ်။ ဒါပေမဲ့ အခု ခေတ်ကလေးတွေက ကိုယ်တွေ ခေတ်ကနဲ့ မတူဘူး။ ကိုယ်တွေ ခေတ်ကဆိုရင် ကိုယ့်ရဲ့ခေတ်တစ် ခေတ်မှာ မင်းသမီးတွေက ကိုယ့်ရဲ့ သက်တမ်း အရွယ်အရ ထိန်းထားဖို့ နေရာရခဲ့တယ်။
အဲဒါက ဘာလို့ရ ခဲ့တာလဲဆိုရင် ကိုယ့်ရဲ့ကြိုးစားမှု ပေါ့။ အသက်(၁၅)နှစ်ကတည်းက ကြိုးစားခဲ့ပေမယ့် အဝတ်အစားနဲ့ လည်းမပြခဲ့ဘူး။ ရုပ်နဲ့လည်းမပြခဲ့ ဘူး။ တကယ့်အနုပညာ၊ တကယ့် သရုပ်ဆောင်စစ်စစ်နဲ့ပဲ အနုပညာ သမားတစ်ယောက်အနေနဲ့ပဲပြခဲ့ တာ။ အဲဒီတော့ ပရိသတ်ကဘယ်လိုသရုပ်ဆောင်ကောင်းတယ်၊ မကောင်းဘူးဆိုတာကိုမြင်နေပြီ။ ဒါ ပေမဲ့ အနုပညာအလုပ်ကို(၆)နှစ် နားခဲ့ပေမယ့် ပရိသတ်ကြားကို ဘာ လို့ပြန်တိုးနိုင်လဲဆိုတော့ ကြိုးစားခဲ့ လို့ပါ။ ဒါကြောင့် အငယ်တွေကို ပြောချင်ပါတယ်။
တစ်ယောက်ပြီး တစ်ယောက် ခေတ်ကာလအရပေါ် သွားလို့ သက်တမ်းတွေမရှည်ကြ ပေမယ့် သက်တမ်းရှည်ပြီး နေရာ တစ်နေရာရဖို့က တကယ်ကိုအနုပ ညာသွေးစစ်စစ်နဲ့လှုပ်ရှားမှပဲရမှာ ပါ။ ဒါကြောင့်
အားလုံးကိုကြိုးစား ပါလို့အကြံပေးချင်ပါတယ်။ နောက် ပြီး အနုပညာအလုပ်ကိုလုပ်တဲ့အ ခါမှာ စာနယ်ဇင်းဆိုတာက ပရိ သတ်နဲ့ပေါင်းကူးတံတားပဲဆိုတော့ ကိုယ်ပြောချင်တာတွေ၊ ကိုယ့်ရဲ့တင်ပြချက်တွေကို စာနယ်ဇင်းကနေ ပ ရိသတ်တွေဆီကိုချပြမှသာလျှင် ပြ ခွင့်ရှိတာဆိုတော့ စာနယ်ဇင်းတွေ နဲ့လည်း အဆက်ဖြတ်တာတွေမ လုပ်သင့်ဘူးလို့ထင်ပါတယ်။
ကိုယ့် တုန်းကလည်း စာနယ်ဇင်းတွေကို လေးလေးစားစားပဲဆက်ဆံခဲ့တယ်။ အကယ်ဒမီမင်းသမီးဆိုပြီး မလေး မစားလုပ်ခဲ့တာလည်းမရှိပါဘူး။ တ ကယ်ပါ။ အကယ်ဒမီရတုန်းက လည်း အကယ်ဒမီဆိုတဲ့မာန်ကို မ တက်လိုက်ရဘူး။ ဘာလို့လဲဆိုတော့ အကယ်ဒမီရပြီးတော့ အနုပညာအ လုပ်ကိုနားလိုက်တာကြောင့်ပါ။ အ ခုတော့ ပရိသတ်ကြီးနဲ့ပြန်ပြီးထိ တွေ့ခွင့်ရလာပြီဆိုတော့ ပျော်ရွှင် မိပါတယ်။
yoyarlay မှ သိသမျှ ။
No comments:
Post a Comment