Wednesday, 5 September 2012
ချက်ပြုတ် ရာမှာ ပန်းဂေါ်ဖီစိမ်းရဲ့ အာနိသင် မပျက် ပျယ်စေဖို့
ပန်းဂေါ်ဖီစိမ်း (Broccoli)က ကင်ဆာကို ကာကွယ် ရာမှာနှင့် တိုက် ဖျက်ရာမှာ အစွမ်း ထက်မြက်ကြောင်း လူသိ များပါတယ်။ အဲသလိုပဲ သင် လည်း သိထားမယ်။ သို့ပေမယ့် ဒီ စူပါ အစားအစာကို ဘယ်လို ပြင်ဆင် ချက်ပြုတ် သလဲ ဆိုတာကလည်း အရေး ကြီးတယ်။
အမေရိကန်ရှိ အီလီနွိုက် တက္ကသိုလ်က လေ့လာမှုသစ်တစ်ရပ် က ပန်းဂေါ်ဖီကို သင့်တင့်လျောက် ပတ်စွာ ပြင်ဆင်စားသောက်ခြင်းက ကင်ဆာတိုက်ဖျက်တဲ့ ဓာတုပစ္စည်း ဖြစ်တဲ့ (Sulforaphane) ကို မပျက် စီးအောင် ထိန်းသိမ်းပေးတယ်။ ချက် ပြုတ်တာ အချိန်ကြာရင် အင်ဇိုင်း တစ်မျိုးဖြစ်တဲ့Myrosinase ကို ပျက်စီးစေတယ်။ ယင်းအင်ဇိုင်းက Sulforaphaneဖြစ်ပေါ်ရာမှာအရေး ကြီးတယ်။ ၂ -၄မိနစ်ကြာ ရေနွေး ငွေ့တိုက်ခြင်းက အကောင်းဆုံးချက် ပြုတ်ခြင်း နည်းလမ်းပဲဖြစ်တယ်။ ပြင်ဆင်ချက်ပြုတ်ပုံသာ အရေးကြီး တာမဟုတ်
ပန်းဂေါ်ဖီစိမ်းနှင့် ပန်းဂေါ်ဖီစိမ်းပင်ပေါက်များ ရောစပ် ချက်ပြုတ်ခြင်းက ယင်းရဲ့ ကင်ဆာ တိုက်ဖျက်ရေးအစွမ်းသတ္တိကို အင်အား တိုးစေတယ်။ ပန်းဂေါ်ဖီစိမ်း ပင်ပေါက် များမှာလည်းMyrosinaseအင်ဇိုင်း ပါဝင်တယ်။ ချက်ပြုတ်ပြီး ပန်းဂေါ်ဖီ စိမ်းနှင့် အပင်ပေါက်များရောပြီးစားခြင်း ဖြင့် အပင်ပေါက်များမှာပါတMyrosinase က ချက်ပြုတ်ရာမှာ ပျက်စီး သွားတဲ့Myrosinase နေရာကိုအစားထိုး နိုင်မှာ ဖြစ်ပါတယ်။
shwe myanmar journal မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment