Thursday, 6 September 2012

အကယ်ဒမီပေးပွဲ ရန်ကုန်တွင် ပြန်လည် ကျင်းပခွင့် ရရန် စီစဉ်


အကယ်ဒမီပေးပွဲအားရန်ကုန်တွင် ပြန်လည်ကျင်းပခွင့်ပြုရန် ပြန်ကြားရေးဝန်ကြီးထံတင်ပြထား ကြောင်းရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။”နေပြည်တော်မှာ လုပ်တာ အခက်အခဲတွေရှိလို့ ရန်ကုန်မှာ ကျင်းပခွင့် တင်ပြထားတာ ဖြစ်နိုင် ဖွယ် ရှိပါတယ်”ဟု ၄င်းက ပြောသည်။နေပြည်တော်တွင် အကယ်ဒမီ ပေးပွဲ ကျင်းပခြင်းသည် သိန်းထောင်ချီ ကုန်ကျ စရိတ် ရှိနေပြီး အနုပညာရှင် များအား ရုပ်ရှင်အစည်းအရုံး မှ တာဝန်ယူ ပို့ဆောင်ပေးရ မှုတွင်လည်း အခက်အခဲ ရှိနေရသည်။
တစ်ဦးချင်းစီ သွားရောက်မှု၌လည်း စားစရိတ်၊ နေစရိတ်၊ ခရီး စရိတ်များ အကြောင်းမဲ့ သက်သက် ကုန်ကျမှု ရှိနေခြင်းကြောင့် အချို့ မတတ်နိုင်သော အနုပညာရှင် များနှင့် ခရီးဝေး မသွားရောက်နိုင်သော သက် ကြီး အနုပညာ ရှင်များ တက်ရောက် နိုင်ခြင်း မရှိဖြစ်နေရကြောင်း သိရသည်။
”နှစ်စဉ် သွားနိုင်ဖို့ ငွေရှာဖွေ စုစည်းရတာ ဒုက္ခရောက်တယ်။ အနုပညာရှင်တွေ အားလုံး မပါဝင် နိုင်တော့
အနှစ်သာရ ပျောက်တယ်” ဟု ၄င်းက ပြောသည်။

အကယ်ဒမီပေးပွဲအား အနုပညာရှင်များ အားလုံး ပါဝင်သည့်ပွဲ အဖြစ် ကျင်းပ လိုပြီး ရုပ်ရှင်အစည်း အရုံး အနေဖြင့် အကယ်ဒမီဆုကို လာမည့် နှစ်မှ စတင်ရွေးချယ်ပေး အပ်သွားရန် ရှိကြောင်း သိရသည်။
ယခုလက်ရှိ ပြန်ကြားရေး ဝန် ကြီးဌာနမှ ပေးအပ်နေသော အကယ်ဒမီ ဆုမှာ တစ်နှစ်နောက်ကျ နေပြီး ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ် စာ အကယ်ဒမီအား အချိန်ကာလ တစ်ခုခြား၍ အလျဉ်မီအောင်ပေး အပ်သွားရန် ရှိကြောင်း သိရသည်။
ရုပ်ရှင် အစည်းအရုံးမှ တာဝန် ယူပေးအပ်မည့် အကယ်ဒမီဆု ရွေးချယ်ရေး အတွက် ရွေးချယ်ရေး အဖွဲ့ကို ဖွဲ့စည်းကာ အကယ်ဒမီ ရုပ်တု အတည်ပြုခြင်း၊ အကယ်ဒမီ ပေးမည့် ရက် အတိအကျ သတ်မှတ်ရေး အစရှိသည့် အချက်များကို ဆွေးနွေး ညှိနှိုင်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။ အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့တွင် ရုပ်ရှင်၊ သဘင်၊ ဂီတ စာပေနယ်ပယ်မှ အတတ်ပညာရှင်၊ အနုပညာရှင် ကြီးများဖြင့် ဖွဲ့စည်းသွား မည်ဖြစ်ပြီး အနုပညာ အပေါ်ကိုသာ စံနှုန်း သတ်မှတ်ရွေးချယ် သွား မည် ဖြစ်ကြောင်း ဦးဇင်ဝိုင်း ထံမှ သိရ သည်။
၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ် အကယ်ဒမီ ရွေးချယ်ရာတွင်လည်း အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့တွင် ဝါရင့် အနုပညာရှင်ကြီးများမှ ပါဝင် အကဲဖြတ် ခွင့်ပြုရန်နှင့် ရုပ်ရှင် အစည်း အရုံး၏ အဆင့် (၃) ဆင့်မှ ပါဝင်နိုင် ရန်၂၂ဦးတင်ပြထားကြောင်းသိရသည်။ရန်ကုန်တွင်ကျင်းပမြဲ ဖြစ်ခဲ့သည့်အကယ်ဒမီပေးပွဲအား
နေပြည်တော်တွင် ၂ဝဝ၇ခုနှစ်မစတင် ပြုလုပ်ကျင်းပခဲ့ ခြင်းဖြစ်သည်။

ဝေယံမိုးမြင့် Popular မှ သိသမျှ ။

No comments:

Post a Comment