Friday 7 September 2012

အရင်ကရိုက်ခွင့်မရတဲ့ ဇာတ်လမ်းတွေကို ရိုက်ဖြစ်အောင် ကြိုးစားနေပါတယ် ခန့်စည်သူ


သရုပ်ဆောင် ခန့်စည်သူကို တွေ့ဆုံခိုက် လတ်တလော အနုပညာ လှုပ်ရှားမှု တွေကို မေးကြည့်ရာ “ခုကားက ဒါရိုက်တာ ချပေးတဲ့ အတိုင်း ရိုက်ရတာပါ။ ပရိသတ်က ရယ်ရတယ်။ သဘောကျတယ်ဆို အပင်ပန်းခံရကျိုးနပ်ပါတယ်။ အဓိ ကကတော့ ပရိသတ်အတွက်ပါ။ အခုနောက်ပိုင်းကတော့ အရင်က ရိုက်ခွင့်မရခဲ့တဲ့ ဇာတ်လမ်းတွေကို ရိုက်ဖို့စဉ်းစားထားပါတယ်။
ရိုက်ဖြစ် အောင်လည်း ကြိုးစားနေပါတယ်။ အဓိကပြောရမယ်ဆိုရင် သူတာ ဝန်ယူထားတာနဲ့ သူ့စိတ်ဓာတ် လည်းကြိုးစားနေပါတယ်။ အဓိက ပြောရမယ်ဆိုရင် သူတာဝန်ယူ ထားတာနဲ့ သူ့စိတ်ဓာတ်တွေ တလွဲ ဖြစ်ချင်ဖြစ်နေမယ်။ ထားပါတော့ ရဲကလုပ်ချင်တာလုပ်နေမယ်။ ဒါပေမယ့် ဒါဟာကွယ်ရာမှာလုပ် မယ်။ ရဲဆိုတာက သမာသမတ်ရှိ တယ်။ စောင့်ရှောက်ပေးတယ်။ ထိန်းသိမ်းပေးတဲ့အနေအထားရှိပေ မယ့်
ကိုယ်ကိုယ်တိုင်ကလည်း တစ်ခါတလေယိမ်းယိုင်နေတဲ့ အနေ အထားဆိုတာရှိမှာပဲ။ အဲလိုပေါ့ မတူတဲ့ ကာရိုက်တာတွေ သရုပ် ဆောင်ဖို့ရှိပါတယ်။
ဝယ်ထားတဲ့ ဇာတ်တွေလည်းရှိပါတယ်။ ဟိုတ လောကထွက်ထားတဲ့ ဆရာဖေမြင့် ရဲ့ အဆိပ်လူဝယ်ထားတယ်။ ကိုယ် ဝယ်ထားတဲ့ ဇာတ်ကိုစိတ်ကြိုက် လုပ်ခွင့်ရှိလားဆိုတော့ ဒါက ဇာတ် ကိုသစ္စာဖောက်လို့မရဘူး။ သိပ် ခေတ်ကာလနဲ့မလျော်ညီလို့ ပြုပြင် ပြောင်းလွဲတာကလွဲရင်ပေါ့။ ကျန်တဲ့ အပိုင်းတွေကတော့ မူရင်းဇာတ်ကို ပျက်အောင်မလုပ်ပါဘူး။ ဆရာမ ကြီး မစန္ဒာရဲ့ ဝတ္ထုကို ရိုက်ထား တာလည်းရှိပါတယ်။ ဆရာမကြီးရဲ့ ဝတ္ထုက အရမ်းအောင်မြင်ခဲ့တယ်။ ထင်ပေါ်ကျော်ကြားခဲ့တယ်ဆိုတော့ ဇာတ်ရဲ့ပုံစံမပျက်အောင်လုပ်ရ ပါတယ်။
မူလကျောရိုးမပျက် အောင်လည်း တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့ရပါတယ်။ ဆရာမကြီးကလည်း တွေ့တုန်းမှာ ပါတယ် ဇာတ်ရဲ့ ကျောရိုးလေး မပျက်ပါစေနဲ့လို့ နာမည်ကြီး စာရေးဆရာတွေရဲ့ ဝတ္ထုကိုရိုက်မှ တာဝန်ကြီးတာမဟုတ်ပါဘူး။
ဘယ် ဟာပဲရိုက်ရိုက်တာဝန်ကြီးပါတယ်။ဇာတ်တစ်ပုဒ်က ရိုက်ပြီဆိုကတည်း က စာရေးဆရာနာမည်ကြီးခြင်း၊ မကြီးခြင်းက ကိုယ့်အတွက် အရေး မကြီးပါဘူး။ အရေးကြီးတာက သူ့ရဲ့ အနုပညာစွမ်းအားပါပဲ။ အနု ပညာကျောရိုးမပျက်အောင်၊ ဇာတ် လမ်းကျောရိုးမပျက်အောင်တာဝန် ကြီးနဲ့လုပ်သွားရမှာပါ” လို့ပြောပြ ထားပါတယ်။

ရိုးရာလေး မှ သိသမျှ ။

No comments:

Post a Comment