Friday 7 September 2012

MRTV-4 နှင့် For Edu ရုပ်သံလိုင်းများမှ ဗြိတိသျှကောင်စီ၏ အင်္ဂလိပ်စာသင်ကြားရေး အစီအစဉ် ထုပ်လွှင့်မည်



                                                                 MRTV-4 ရုပ်သံ ဌာန မှ လုပ်ငန်းခွင်တခု

ဗြိတိသျှ ကောင်စီနှင့် ဘီဘီစီပါရှင်း ဘာသာ ဌာနတို့ ပူးတွဲပြုစု၍ ရိုက်ကူး ထုတ် လုပ် ထားသည့်Word on the Street ဟု အမည်ပေးထားသော အင်္ဂလိပ်ဘာသာ စကားသင်ကြားရေး စိတ်ပါဝင်စားဖွယ်ရာ ရုပ်မြင်သံကြား အစီအစဉ်သစ် တစ်ခုကို MRTV-4 နှင့်For Edu ရုပ်သံလိုင်းများမှ ယခုနှစ်မကုန်မီပြသမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
သင်ခန်းစာတစ်ခုလျှင် နာရီဝက်ကြာမြင့်ပြီး သင်ခန်းစာ ၁၀ ခု ပါဝင်သည့် အဆိုပါအစီအစဉ်အားပြသရန် ဗြိတိသျှကောင်စီနှင့်MRTV-4 တို့ သဘောတူညီ ချက်တစ်ရပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဩဂုတ်လ ၃၀ ရက်နေ့တွင် ဗြိတိသျှကောင်စီ၌ ကျင်းပပြုလုပ်ခဲ့ပြီး အမြန်ဆုံးပြသရန်စီစဉ်နေကြောင်း
ဗြိတိသျှ ကောင်စီပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Word on the Street သည် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုအားဖြင့် အင်္ဂလိပ် ဘာသာစကားကို နှစ်အတန်ကြာသင်ကြားပြီးဖြစ်သော်လည်း နေ့စဉ်ဘဝတွင် အသုံး ချပုံနှင့် ထိတွေ့မှုနည်းပါးသူနှင့် အလယ်အလတ်အဆင့် (Intermediate Level) ရောက်ရှိသည်အထိလေ့လာပြီးဖြစ်သော လူငယ်များအတွက် အသင့်တော်ဆုံးဖြစ် ကြောင်း၊ ၄င်းအစီအစဉ်များကို ပံ့ပိုးမှုပေးသော ဝက်ဘ်ဆိုက်ကို အင်တာနက် လိပ်စာ www.britishc-ouncil .org/wordonthestreet တွင် လွှင့်တင်ထားကြောင်း သိရသည်။

yoyarlay မှ သိသမျှ ။

No comments:

Post a Comment