Saturday 15 September 2012

နိုင်းနိုင်း၏ဇနီးစန္ဒီချိုနှင့်ဒေါ်ဇာခြည်စောနောင်တို့သင်ကြားပေးမည့်အင်္ဂလိပ်စာပညာဒါနသင်တန်းဖွင့်လှစ် (သတင်း/ဓါတ်ပုံ)


သရုပ်ဆောင်နိုင်းနိုင်း၏ဇနီး စန္ဒီချိုနှင့် သူငယ်ချင်းဖြစ်သူ ဒေါ်ဇာခြည်စောနောင်တို့က သင်ကြားပေးမည့် အင်္ဂလိပ်စာ ပညာဒါနသင်တန်းဖွင့်ပွဲကို ရန်ကုန်တို
င်းဒေသကြီး ၊အနောက်ပိုင်းခရိုင် ၊မရမ်းကုန်းမြို့နယ်ရှိ ကလေးဝတောရ ကျောင်းတိုက်ကြီး၌ စက်တင်ဘာလ ၁၄ရက်နေ့ မွန်းလွဲ ၁နာရီတွင် ကျင်းပခဲ့သည်။
ထိုသင်တန်းတွင် စန္ဒီချိုနှင့် ဒေါ်ဇာခြည်စောနောင်တို့က သာမဏေ ၁၁၆ ပါး၊ သီလရှင် ၆၆ ပါးတို့အား ၁၄ - ၉ - ၂၀၁၂ မှ ၁၄ - ၁၂ - ၂၀၁၂ အထိ ၃ လကြာ သင်တန်းပို့ချပေးမည်ဖြစ်ပြီး အင်းစိန်ဘက်တွင်လည်း အင်္ဂလိပ်စာသင်ကြားချင်သည့်လူငယ်များကို ပညာဒါနသင်ကြားပေးနေကြောင်းသိရသည်။







 


ပေါ်ပြူလာဂျာနယ် မှ သိသမျှ ။
 

No comments:

Post a Comment