Saturday, 15 September 2012
တရုတ်နိုင်ငံထုတ် လက်ပ်တော့များတွင် ကြိုတင် ထည့်သွင်းသည့် ဗိုင်းရပ်စ်များ ပါဝင်နေ
Richard Boscovich ရဲ့ ၎င်း၏ကုမ္ပဏီ ရုံးခန်း
Microsoft ကုမ္ပဏီမှ ဒစ်ဂျစ်တယ် ပြစ်မှုယူနစ်မှာ တရုတ်နိုင်ငံမှ ကွန်ပြူတာ
ထုတ်လုပ်သူများသို့ စုံစမ်း စစ်ဆေးမှု ပြုလုပ်နေချိန် အတွင်းတွေ့ရှိမှု အသစ် တစ်ခုကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
တွေ့ရှိချက်များထဲတွင် ၎င်းတို့ အနေဖြင့် Window အော်ပရေးတင်း စနစ်များကို တရားမဝင် ထည့်သွင်းနေသည်ကို တွေ့ရှိခဲ့ရသည့် အပြင် အန္တရာယ် ဖြစ်စေနိုင်သည့် Malware များ
မှာလည်း စက်ကို ဝယ်ယူစဉ်ကပင် ပါဝင်လာသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ဆိုက်ဘာ ပြစ်မှု ကျူးလွန်သူများမှာ ၎င်းတို့၏ ပစ်မှတ်များကို တိုက်ခိုက်သည့် နည်းလမ်းများ ပြောင်းလဲလာသည်ကို တွေ့ရှိခဲ့ရကြောင်း မိုက်ခရိုဆော့ဖ် ဒစ်ဂျစ်တယ်
ပြစ်မှု ယူနစ်မှ ဒုတိယ ရှေ့နေအဖြစ် တာဝန် ယူခဲ့ဖူးသူ Richard Boscovich မှ ၎င်း၏
ကုမ္ပဏီ ဘလော့တွင် ရေးသား ဖော်ပြခဲ့သည်။
မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ အင်ဂျင်နီယာများမှာ ဒေသခံ ဆိုင်များမှ ကွန်ပြူတာများကို ဝယ်ယူခဲ့ပြီးနောက် စမ်းသပ်မှု ပြုရာ၌ ၂၀ ရာနှုန်းမှာ ဗိုင်းရပ်စ်များ ရှိနေသည်ကို တွေ့ခဲ့ရကာ ယင်းမှာ စက်ကို တပ်ဆင်သည့် နေရာမှ ဝယ်ယူသည့် အချိန်အကြား တစ်နေရာရာတွင် ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ထို့အပြင် ယခုလို တွေ့ရှိခဲ့ရသည့် ဗိုင်းရပ်စ်ပိုးများမှာ ကွန်ပြူတာ ပိုင်ရှင်များ၏ သတင်း အချက်အလက်များကိုလည်း ခိုးယူစေမည် ဖြစ်ကာ ဆုံးရှုံးမှုများကို ဖြစ်စေနိုင်ကြောင်း ၎င်းတို့မှ ပြောကြား သွားခဲ့သည်။
MRT 4 မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
.1.jpg)

No comments:
Post a Comment