Saturday 20 October 2012

ကလေး သရုပ်ဆောင် နေရာ တစ်ခုကနေ အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ ယွန်းယွန်း


  ပရိသတ်တွေရဲ့ လက်ခံ အားပေးမှုကို ခုချိန်အထိ ရရှိထားသူ လည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လူငယ် ဒါရိုက်တာ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ရင်းက ရွေးချယ်ခံ လိုက်ရကြောင်းလည်း သိရပါတယ်။
”ရုပ်ရှင် အစည်းအရုံး ကနေပြီးတော့ လူငယ် ဒါရိုက်တာ ပြိုင်ပွဲ ”သုံးပွင့်ဆိုင်” ဇာတ်လမ်းတို
ပြိုင်ပွဲကို ခေါ်နေတယ်လို့ သတင်း ရတယ်ပေါ့နော်။ မေမေက လည်း လုပ်ကြည့်မလားပေါ့။ သမီးကလည်း အရင်ကတည်းက ကလေး သရုပ်ဆောင်ကို ငယ်ငယ်တုန်းက လုပ်လာတာ ဆိုတော့ ဒါရိုက်တာ လုပ်တာကို စိတ်ဝင်စားတယ်။ အဲဒီ အလုပ်ကို ဝါသနာပါတယ်။ လုပ်ကြည့်ချင်တယ်။ ၃ မိနစ်စာ ဇာတ်လမ်း ဆိုတော့လည်း ကိုယ်လုပ်နိုင်မယ်လို့ ထင်တယ်ပေါ့နော်။ ဇာတ်လမ်းကြီးလည်း မဟုတ် တော့ အဓိက ကတော့ စိတ်ဝင်စားလို့ ဝင်ပြိုင်ဖြစ် သွားတယ်။ သရုပ်ဆောင် ကျတော့ ယွန်းယွန်းရယ်၊ မေမေရယ်ပဲ သရုပ်ဆောင် လိုက်တာပါ။ သိပ်ပြီး တော့ ထွေထွေ ထူး ထူး ပြင်ဆင် ရတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အဲဒီကားတင်ဖို့ အတွက် နောက်ဆုံး ဖောင်ပိတ်တဲ့ ရက်မှ စရိုက်တာပေါ့နော်။ အကုန်လုံးက ဖုတ်ပူ မီးတိုက်ပဲ။ အရမ်း မြန်မြန် ဆန်ဆန်ကြီး လုပ်လိုက်ရတယ်။ မထင်မှတ်ဘဲနဲ့ ရွေးချယ်ခံ လိုက်ရတယ်”လို့
ဇာတ်လမ်းတို ရိုက်ဖြစ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။ ယွန်းယွန်း က မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်အနေနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်ပြီး ဇာတ်လမ်းတို ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ရမှာ ဖြစ် ပါတယ်။
ခုလိုသွားရတဲ့ အတွက် ဗဟုသုတတွေ အများကြီး ရမယ်လို့လည်း မျှော်လင့်ထား ပြီး ဝမ်းသာပီတိ ဖြစ်ရကြောင်း ပြောပြလာတာကတော့ ”စိတ်ဝင်စားတာ တစ်ခု တည်း နဲ့ ကြိုးစားလိုက်တာပေါ့။ အဲဒါလေးက အမှတ်တရလေး ဖြစ်သွားတော့ တကယ် ဝမ်းသာပါတယ်။ အဲဒီကို သွားရမှာ ဆိုတော့ ဗဟုသုတတွေ အများကြီး ရမှာဖြစ် တယ်လို့ မျှော်လင့်ထားတဲ့ အတွက် ပျော်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြု လူငယ်အနေနဲ့ သွားရတဲ့ အတွက် ကိုလည်း ဝမ်းသာပါတယ်”လို့ ပြောပြသွားပါတယ်။

Popular Myanmar မှ သိသမျှ ။

No comments:

Post a Comment