Friday, 19 October 2012

ရေနှင့်ပတ်သက်သော ရိုးရာဓလေ့များ


အစဉ်အဆက်က ဆောင်ရွက်ခဲ့သော ဆေးပညာနှင့်ပြုလုပ် ဆောင်ရွက်ချက်များဟု ဆိုရမည်ဖြစ်ပါသည်။ ရှေးမြန်မာလူကြီးများသည် ဆေးဆရာများ မဟုတ်ကြသော်လည်း ကျန်းမာရေးအတွက် သူတို့၏ပြောစကား များမှာ မှတ်သားဖွယ်ရာ ဆေးပညာရှုထောင့် မှအမြင် များဖြစ်နေတတ်သည်။ ရိုးရာဓလေ့ ထုံးစံအမြင်ဖြင့်ပြောသော မှတ်သားဖွယ်ရာ ကျန်းမာရေးအသိများ သည် Traditional Medicine ဖြစ်လာခဲ့သည်။ ဤဆောင်းပါးတွင် ရေနှင့် ပတ်သက်၍ရှေးလူကြီးသူမများ အစဉ်အဆက်ပြောခဲ့ကြသော အယူအဆများကို တင်ပြထားပါသည်။ ထိုအယူအဆများ ယနေ့အထိ ကိုယ့်လူမျိုး၊ ကိုယ့်ဓလေ့ ထုံးစံနှင့်အညီ မှန်ကန်နေဆဲဖြစ် ကြောင်းတွေ့ရပါသည်။ လူမျိုး တစ်မျိုးနှင့် တစ်မျိုး မတူညီသောရိုးရာ (Traditional) များစွာရှိနေကြသဖြင့် အချို့အယူ အဆ များမှာ အနောက်တိုင်းဥရောပနိုင်ငံများ နှင့် ဆန့်ကျင်ဖက်ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။ ရေမြေရာသီဥတု လူကောင်ဖွံ့ဖြိုးမှုအနေ အထားတို့လည်း ကွာခြားပါသည်။
ရေနှင့်ပတ်သက်သော မြန်မာရှေးရိုး အယူအဆများမှာ တစ်နည်းအားဖြင့် ကျန်းမာရေးဆိုင် ရာဓလေ့များကို တင်ပြရာတွင် စာရေးသူတို့ငယ်စဉ်က ဘုန်းကြီး ကျောင်းတွင်စာသင်ချိန် မှစတင်၍ အသက်အရွယ်ရလာသည် အထိ စာရေးသူ၏ ဇာတိဖြစ်သော ရန်ကုန်တိုင်း အစွန်အဖျားမြို့ငယ်လေးတွင် လိုက်နာခဲ့သည့် ဆရျာတ်ာဘုန်းကြီးများ မြန်မာလူကြီး မိဘများ၏ ဆုံးမစကားများကို အခြေခံ၍ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။ စာရေးသူတို့ ငယ်စဉ်လွန် ခဲ့သောနှစ်(၅၀)ခန့်က မှတ်သားခဲ့ရသော မြန်မာ့ဓလေ့၊ ရေနှင့် ပတ်သက်သော အမှာစကားများမှာ-

(၁) အိပ်ယာဝင်ချိန်ရေတစ် ခွက်သောက်ပါ။

ရေမသောက် ဘဲအိပ်လျှင် ညတွင်အိပ်မက် များမက်ပြီး ကောင်စွာအိပ်မပျော် အာခေါင်ခြောက်ပြီး
လန့်နိုးတတ် သည်။

(၂) ရေချိုးလျှင် ဒူးအောက်ပိုင်းမှစပြီး ရေလောင်းပါ၊

ပြီးမှ တဖြည်းဖြည်းအပေါ် ပိုင်းသို့ရေလောင်းချိုးပါ။ ဒူးခေါင်း အောက်ပိုင်းမှစပြီးရေလောင်း သောအခါ မကောင်းသောအပူ အပုတ်၊ အခိုးအငွေ့များ အောက် သို့ဆင်းသွားသဖြင့် မျက်စိကြည် စေသည်။ ခေါင်းမှစပြီးရေလောင်း လျှင် မျက်စိမှာအခိုးငုတ်သဖြင့် အသက်ငယ်ငယ်နှင့် မျက်စိအား နည်းရောဂါရတတ်သည်။ ခေါင်း ကိုက်ရောဂါလည်းရတတ်သည်။ အချို့လူကြီးများအသက်ကြီးလာ ၍ မျက်စိမှုန်လာလျှင် ညအိပ်ယာဝင် ဒူးအောက် ရေဆေးအိပ် ခြင်းဖြင့် မျက်စိပြန်ကြည်လာ သည်ဟုဆိုကြသည်။

(၃) ထမင်းစားပြီး ရေမသောက်ရ။

ရှေးက မြန်မာထမင်းဝိုင်းများတွင် ဟင်း ချိုပူပူလေးအမြဲတစ်ခွက်ပါလေ့ ရှိသည်။ ရေအေးကို ထမင်းစား နေစဉ် မသောက်ကြပေ။ ထမင်း စားရင်း ရေသောက်သည့်ဓလေ့ မှာ အိန္ဒိယနွယ်ဖွားကုလားလူမျိုး များတွင်တွေ့ရသည်။ သူတို့ ဓလေ့မှာ အစပ်အလွန်စားသဖြင့် ရေသောက်ဖို့လိုအပ်သည်။ မြန် မာဓလေ့မှာ အချို၊ အဆိမ့်၊ အအီစာများကိုပိုကြိုက်လေ့ရှိ သည်။ အစပ်ကိုအနည်းငယ် သာစားသည်။ ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ ခါး ရသာ(၆)ပါးစုံ အောင်စားသောလူမျိုးဖြစ်သည်။ အစာနှင့်ရေပွပြီး ရင်ပြည့်ရင် ကယ်ဖြစ်တတ်သည်ဟုဆိုသည်။

(၄) သောက်ရေအိုးမှရေနှင့် ပ လုတ်မကျင်းရ၊ လက်မဆေးရ၊ ခြေမဆေးရ။

ဤသည်မှာ ရေ ကိုမိမိအသက်သခင်အဖြစ် လေး စားသည့်အနေဖြင့်၊ သောက်သုံး ရန်ရည်ရွယ်ပြီး အိုးတွင်ထည့် ထားသောရေကို ထွေးထုတ်ခြင်း ဆေးကြောခြင်းမပြုဖို့ အလေး
အနက်ထားဖို့သင်ကြားပေးသည့် ပြည်သူ့နီတိ သဘောပါသည့် ဓလေ့ကောင်းဖြစ်ပါသည်။

(၅) ထမင်းစားပြီး ရေမချိုးရ။ ထမင်းစားပြီးပြီးချင်း ရေမချိုးရ။

ရေဖျဉ်း စွဲတတ်သည်ဟု ရှေးလူကြီးများ ပြောကြပါသည်။ အမှန်မှာတော့ ကြောက်အောင်ခြောက်လှန့်ခြင်း လည်းဖြစ်နိုင်ပါသည်။ ထမင်းစား ပြီးလျှင် အစာချေချိန်ဖြစ်ပါသည်။ အစာချေဖို့အတွက် ခန္ဓာကိုယ် တွင်အနွေးဓာတ်လိုပါသည်။ အ ထူးသဖြင့် ဝမ်းဗိုက်အစာအိမ် တစ်ဝိုက်တွင် အနွေးဓာတ်ရှိဖို့ လိုသည်။ ရေချိုးလိုက်သောအခါ အအေးပတ်ဖွဲ့သဖြင့် အစာမကြေ နိုင်သဖြင့် မှန်ကန်သောတားမြစ် ချက်ဖြစ်ပါသည်။ စာရေးသူတို့ငယ်စဉ်က အရက် သမားကြီးတစ်ဦးတွေ့ဖူး သည်။ တစ်နေကုန်အရက် သောက်သည်။ အမြဲအင်္ကျီချွတ် ကိုယ်တုံးလုံးနှင့်တွေ့ရသည်။ သူ့ အကျင့်မှာ ညနေတိုင်းသောက် စားပြီး ညအိပ်ယာဝင်ခါနီးလျှင် ရေချိုးသည်။ အိမ်နီးချင်းဖြစ်သ ဖြင့် ည ၉နာရီ၊ ၁၀နာရီခန့်တွင် ရေတိုင်ကီမှ ရေချိုးသံကို တဂွမ်းဂွမ်းဖြင့် ကြားနေရသည် ကို မှတ် မိနေသည်။ နှစ်သိပ်မကြာပါ။ သူသည်ရေဖျဉ်းစွဲသည် ဟုဆိုကာ ဗိုက်ကြီးပူလာပြီးနောက် သေဆုံးသွားခဲ့သည်။

(၆) နေပူထဲမှပြန်လာလျှင် ရေတစ်ခွက်သောက်ပြီးမှ အိမ်ထဲဝင်ပါ။

အချို့အရပ် များတွင် အသုဘပို့ပြီးပြန်လာလျှင် အိမ်တံစက်မြိတ်မှမဝင်မီ ရေတစ်ခွက်သောက်ပြီးမှဝင်ဟု ဆိုကြသည်။ အမှန်မှာ အပူထဲမှ ပြန်လာသူကို အိမ်ဝမှရေအေး တစ်ခွက်တိုက်ခြင်းဖြင့် အပူငြိမ်း စေသောနည်းဖြစ်ပါသည်။ ထိုကဲ့သို့သောက်နိုင်ရန် မြန်မာရှေးအိမ် များတွင် လှေခါးတက်ခုံ(လှေခါး တက်)အနီးတွင် သောက်ရေအိုး စင်ထားသောဓလေ့ရှိခဲ့ဖူးပါသည်။

(၇) ရေတစ်ခွက်သောက်ပြီးမှရေချိုးပါ။

ဤသည်မှာလည်း ရှေး လူကြီးများ၏ ရိုးရာကျန်းမာရေး ဆိုင်ရာ သတိပေးချက်ဖြစ်ပြီး ယခုအခါ ကမ္ဘာကြီးပူနွေးလာ သဖြင့်ံနအှေအမသုန ခေါ် အပူ ငုတ်၍လေဖြတ်ခြင်းအလွန်ခေတ် စားလာသည်။ နေပူထဲမှပြန်လာ ပြီး ရေချိုးမိသူမဆိုထားနှင့်၊ မျက်နှာသစ်မိသူ၊ Face Tower ခေါ် မျက်နှာသုတ်ပါဝါ အအေးစ နှင့် မျက်နှာသုတ်မိသူများပင် ရုတ်တရက်လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းများအဖြစ် များလာသည်ကိုတွေ့ရပါသည်။ ရှေးက လူကြီးများ၏စကား များမှာ နေပူထဲမှပြန်လာသည် ဖြစ်စေ၊ အလုပ်လုပ်ပြီးရေချိုး သည်ဖြစ်စေ၊ နံနက် ညနေ မည်သည့်အချိန်တွင်ဖြစ်စေ ရေ ချိုးလျှင် ရေတစ်ခွက်(ရေတစ် ဖန်ခွက်)သောက်ပြီးမှ ရေချိုးခြင်းသည် အပူရှပ်ခြင်း၊ အပူပုတ်ခြင်း အန္တရာယ်များမှ ကာကွယ်နိုင် သောကြောင့် သတိပေးထားခြင်း ဖြစ်ပေသည်။ ရေသောက်သဖြင့် ဝမ်း တွင်းအစာအိမ်မှ ငုပ်လျှိုးနေသော အပူများသည် ထိုက်သင့်သ လောက် ပြေလျှော့သွားမည်။ ရေမသောက်ဘဲ ပြင်ပခန္ဓာကိုယ် ပေါ်သို့ ရေအေးလောင်းချလျှင် ကိုယ်တွင်းမှအပူမှာ ငုပ်လျှိုးသွားပြီး နှလုံးသွေးကြောတွင် တွန်းကန်သောအခါ အထက်သွေး တက်ပြီး ဦးနှောက်သွေးကြော ပေါက်ခြင်းကိုဖြစ်စေနိုင်သည်။ ရေတစ်ခွက်သောက်ပြီးမှ ရေချိုးခြင်းသည် နွေ၊ မိုး၊ ဆောင်း မည်သည့်ရာသီတွင်မဆို ပြုလုပ်အပ် သော ရိုးရာဆေးပညာအယူအဆ ကောင်းဖြစ်ပေသည်။

(၈) မိခင်များရေမချိုးမီကလေးနို့တိုက်ပါ။
 
ရှေးကလူကြီး များက သားသည်အမေများကို "ဟဲ့ ကလေးကိုရေမချိုးခင် နို့တိုက်ထား၊ ရေချိုးပြီးရင် နို့မတိုက်နဲ့။ ကလေးနို့အန်တတ်တယ်" ဟုပြော လေ့ရှိသည်ကို စာရေးသူတို့ငယ်စဉ်က ကြားဖူးပါသည်။ ရှေးက မိခင်များကို အရပ်စကားဖြင့် 'သားသည် အမေ' ဟု သုံးစွဲခေါ်ဝေါ်လေ့ရှိခဲ့ ပါသည်။ ဤအယူအဆမှာ စာရေးသူ တိုင်းရင်းဆေးသိပ္ပံတွင် ပညာ သင်ကြားသောအခါမှ သင်တန်း ဆရာသမားတော်ကြီးများကို ချဉ်းကပ်မေးမြန်းကြည့်သော အခါ မမှားသောအယူအဆဖြစ်ကြောင်း သိလာရပါသည်။ မိခင်များ ရေမချိုးမီတွင် ခန္ဓာကိုယ်အပူချိန် တက်နေဆဲဖြစ်သဖြင့် နို့ထွက်ကောင်းသည်။ ကလေးအတွက် စုပ်ယူရလွယ်ကူသည်။ မိခင်ရေ ချိုးပြီးသောအခါ အအေးဓာတ် ကြောင့် နို့ထွက်နည်းသွားမည်။ ကလေးစုပ်ယူရခက်သည်။ မ ထွက်သောနို့ကိုစုပ်ယူရသောအခါ လေများပါသွားပြီး ကလေးအစာ အိမ်အတွင်းသို့ လေများဝင်ကာ လေပွပြီးပြန်အန်ထွက်တတ်သည်။ ထို့အပြင် မိခင်၏အအေးဓာတ် ရှိနေသော အသားနှင့်ထိတွေ့ သောအခါ ကလေးတွင်နေထိုင် မကောင်းဖြစ်တတ်သောကြောင့် ရေချိုးပြီး နို့မတိုက်ရန်တားမြစ် ခြင်းသည် အလွန်မှန်ကန်သော ရိုးရာအယူအဆဖြစ်သည်။ မိခင် နှင့်ကလေးကျန်းမာရေးအတွက် မှန်ကန်သောရိုးရာဆေးပညာ ရှုထောင့်ဖြစ်ပေသည်။

(၉) ရေချိုးချိန်သတ်မှတ်ချက်များ။
 
ရှေးလူကြီးများက ကိုယ်ပူ လျှင်ရေမချိုးရ၊ ဖျားနေလျှင်ရေ မချိုးရဟု တားမြစ်လေ့ရှိသည်။ ယခုခေတ် အနောက် တိုင်းဆေးရုံ များတွင် ဖျားနေသူကို ရေပတ် တိုက်သည်။ ဖျားနေသည့်ကလေး ကို ရေခဲရေချိုးသည်များကိုတွေ့ ရဖူးသည်။ ရေကျောက်ပေါက် လျှင် ရေမချိုးရ၊ ရေယုန်ပေါက် လျှင်လည်း ရေမချိုးရပါ။ ထို ရောဂါများသည် ရေနှင့်ထိလျှင် အလျှင်အမြန်ပွားလွယ်သည်။ ရေချိုးလျှင် ချက်ခြင်းအဖျားပါ ဝင်လာလေ့ရှိသည်။ လူငယ်များအတွက် ရေချိုး ချိန်ကို ရှေးလူကြီးများက မသတ် မှတ်ကြသော်လည်း ခေါင်းလျှော် ရက်ကိုမူ သတ်မှတ်လေ့ရှိသည်။ မွေးနေ့၊ သောကြာ၊ တနင်္လာ နေ့များတွင် ဆံပင်မညှပ်ရ၊ ခေါင်း မလျှော်ရဟုဆိုသည်။ ထိုစာတွင် မွေးနေ့ဆိုသည်မှာ မိမိမွေးနေ့ ထင်ပြီး ခေါင်းမလျှော် ကြသူ များလည်းရှိသည်။ ဝေဒပညာ ရှင်တစ်ဦးရှင်းပြချက်အရ ဘုရား ၏ဆံတော်ပယ်သောနေ့ သောကြာနေ့၊ ဘုရားမွေးနေ့သောကြာ နေ့တွင်သာ ဆိုလိုသည်။ တနင်္လာနေ့မှာ တနင်္လာ ၂ခါပြန်ဟု မြန်မာများက ယူဆပြောဆိုလေ့ရှိသည်။ ဤစာဆိုအရ သောကြာနှင့် တနင်္လာနှစ်ရက်မှလွဲ၍ ခေါင်း လျှော်နိုင်သည်ဟု ဆိုနိုင်ပေ သည်။
ယုံကြည်သူများမှာ ယနေ့အထိ လိုက်နာနေကြဆဲ ဖြစ်ကြောင်းတွေ့ရပါသည်။ ရေချိုးရမည့်နာရီသတ်မှတ် ချက်များမှာ လူကြီးသက်ကြီး ရွယ်အိုများ အအေးပတ်ပြီးလေ ဖြတ်မည်စိုးသောကြောင့် သတ် မှတ်ပေးထားခြင်းဖြစ်မည်ဟုထင် ပါသည်။ ရေချိုးချိန်လင်္ကာမှာ နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်း ဆယ့်တစ်ဟူ၍ဖြစ်သည်။ အဓိပ္ပါယ် မှာ လူကြီးများနွေရာသီတွင် နံ နက် ၉နာရီ(မှနောက်ပိုင်း)ရေချိုး ပါ။ မိုးရာသီတွင် အအေးဓာတ် ရှိသဖြင့် နေပွင့်ချိန် ၁၀နာရီ(မှ နောက်ပိုင်း)ရေချိုးပါ။ ဆောင်း ရာသီတွင် အအေးဓာတ်လွန်ကဲ သဖြင့် နေမြင့်ချိန် ၁၁(မှနောက် ပိုင်း)မှ ရေချိုးသင့်သည်ဟုဆို ထားပါသည်။ ဤသည်မှာ ရှေးမြန်မာ ရိုးရာအဆိုအမိန့်များမှ လက် ဆင့်ကမ်းခဲ့သည့် ရိုးရာတိုင်းဆေး ပညာရှုထောင့်ဆိုင်ရာ ရေနှင့် ပတ်သက်သောအယူအဆများ ဖြစ်ပါသည်။ ကျန်းမာရေးဟူ သည် ရောဂါဖြစ်မှကုသခြင်းထက် ကာကွယ်ခြင်းက ထိရောက်သည်ဟု ဆိုသည့်အယူအဆကို ရှေးကမြန်မာဓလေ့များက ဖော်ပြသင်ကြားပေး ထားပြီးဖြစ်သည် ဟုဆိုချင်ပါသည်။ ရိုးရာဓလေ့ မမေ့စကောင်းသဖြင့် စုဆောင်း တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

Yoyar lay မှ သိသမျှ ။

No comments:

Post a Comment