Monday 22 October 2012

နိုင်ငံ့ဂုဏ်ဆောင် လူငယ်များကို မြေတောင်မြှောက် ပေးလိုစိတ်ရှိသည့် တင်မိုးလွင်


မြန်မာနိုင်ငံ၏ မော်ဒယ်ခေတ်ဦးကို ဦးဆောင်လမ်းပြ တည်ဆောက် သူများထဲမှာ တစ်ဦး အပါအဝင်လည်းဖြစ်၊ ပညာရည်ထူးချွန် ထက်မြက်သော အနုပညာရှင် တစ်ဦးဖြစ် ပြီး ကိုယ်ပိုင် မော်ဒယ်အေဂျင်စီ တည်ထောင် ကာ မျိုးဆက်သစ် မော်ဒယ်များ မွေးဖွား ပေးလျက်ရှိသည့် မော်ဒယ် တင်မိုးလွင်ထံသို့ သွားရောက် ၍ နှစ်ပေါင်း ၂ဝ ကျော်ကာမှ မြန် မာနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ မှာကျင်းပ သည့် Miss International ပြိုင်ပွဲတွင် Miss Myanmar အဖြစ်ပါဝင်ခွင့် ရရှိခဲ့ခြင်းနှင့် Mr & Miss တစ်ယောက်ဖြစ်ဖို့ စံချိန်၊ စံညွှန်းများ၊ နိုင်ငံ့ဂုဏ်ဆောင် လူငယ်မျိုးဆက် သစ်များ ပျိုးထောင် မွေးဖွားနိုင်ဖို့ အကြောင်းများကို တွေ့ဆုံမေြးtမန်း ဖြစ်ခဲ့သည်။

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss International ပြိုင်ပွဲကို ဒီနှစ်မှာ Miss Myanmar အနေနဲ့ပါ ဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ အပေါ်မမိုးရဲ့ သဘောထားကို သိချင်ပါတယ်။

တအားကောင်းပါတယ်။ ဖြစ်လည်း ဖြစ်သင့်တာ ကြာပါပြီ။ မမိုးတို့အနေနဲ့ စောင့်မျှော်ခဲ့တာ နှစ်ပေါင်း ၂ဝ လောက်ရှိပါပြီ။ ၅ နှစ်ဖြစ်နိုး၊ ၁ဝနှစ်ဖြစ် နိုးနဲ့ အခုဆိုရင် စောင့်ရတာ နှစ်၂ဝလောက်ရှိနေပြီ။ အားပါးတရကြီး မဟုတ်ပေမယ့် အလားအလာလေးတွေ မြင်နေရတာနဲ့ပဲ မျှော်လင့်ချက် တွေ ပိုပြီးမြင့်မားလာတာပေါ့။ Miss Myanmar International ဆိုပြီး မြန်မာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု တဲ့ International တန်းဝင် Miss ပြိုင်ပွဲဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်လိုက်တော့ ဒီပရိုဂရမ် အစအဆုံး မမိုးပဲ လုပ်တယ်။ ကျင်းပရေး ကော်မတီ ကလည်း မမိုး စိတ်သဘောထားနဲ့ တစ်ထပ်တည်းပဲ။ မမိုး ဖြစ်စေချင်တဲ့စည်း ကမ်းနဲ့ သူတို့ လုပ်ချင်တဲ့ စည်းကမ်းကလည်း တစ်ထပ်တည်းပဲ။ အဲဒါကြောင့် လုံးဝ ဆန်ခါတင်ကို ရွေးထုတ်လိုက်တယ်။ အစဖြစ်နေ တော့တခြား Miss ပွဲတွေလို အများကြီး စင်ပေါ် မတင်နိုင်ဘူး။ ဒါပေမဲ့ တကယ့် လက်ရွေးစင်တွေပဲ ရောက်လာတယ်။ သူတို့တွေကလည်း သာမန် မိန်းကလေးတွေထက် ပိုပြီး တော်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ စိတ်ရှည်ရှည်
နဲ့ဖိုင်နယ်ကို ရောက် အောင် တက်လာကြတယ်။ အထူး ပါရမီတွေကိုလည်း သူတို့ ပြသနိုင်ကြ တယ်။ International Language ကိုလည်း အားလုံးက သွက်သွက် လက်လက် ပြောနိုင်ကြတယ်။ လက်တွေ့ ပညာရေးနဲ့ အလုပ် အကိုင်တွေ မှာလည်း လေးစားလောက်ဖွယ် ပညာရေးနဲ့ အလုပ်အကိုင်တွေ ရှိကြတယ်။ ဒါမြန်မာ အမျိုးသမီး တစ်ယောက် အတွက် တော်တော် ထူးချွန် တဲ့ အခြေအနေ လို့ပြောရမှာပေါ့။ ဒါမျိုးတွေ မြင် လာတော့ ဒီနှစ် Miss Myanmar ကြည့်ပြီးကတည်းက ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုး အစား၊ စင်ပေါ်တက် တဲ့ အတွေ့အကြုံ၊ စကားအပြောအဆို အမူအရာကို အကြိတ် အနယ် လေ့ကျင့် နေကြတဲ့ လူတွေတော်တော် များလာတယ်လို့ ကြားပါ တယ်။ ဒါအလားအလာ ကောင်းပါပဲ။ လုပ်ပြမှပဲ လုပ်ရမယ် ဆိုတာ သိမယ်။ တွန်းအားပေးမှပဲ သိ မှာပါ။ ဟိုးအရင် တုန်းကလည်း နိုင်ငံတကာ Miss Universe ပွဲတွေကို မြန်မာပြည်က ယှဉ်ပြိုင်ခဲ့နိုင်တာ ရှိပေမယ့် အခု အချိန်မှာတော့ တိမ်မြုပ်နေ သေးတဲ့ အတွက် ဖြစ်နေတဲ့ အခြေ အနေပေါ်မှာ အားမလို အားမရ ဖြစ်မိတာပေါ့။

နိုင်ငံတကာမှာ Mr တွေ Miss တွေဖြစ်ဖို့အတွက် ဘယ်လို စံချိန်စံညွှန်းတွေ လိုအပ်ပါသလဲ။

နိုင်ငံတကာ Mr, Miss တစ်ယောက် ဖြစ်ဖို့ဆိုတာ သံတမန် ဆက်သွယ်တဲ့ နည်းလမ်း ပုံစံမျိုးရှိဖို့ လိုအပ်ပါတယ်။ မြင်လိုက်တာနဲ့ မြန်မာပြည်ကလား၊ လက်ခံနိုင်လောက်တဲ့ ဥပဓိရုပ်နဲ့ ပေါင်းသင်း ဆက်ဆံမှုပါလား၊ ဥာဏ်ရည် ဥာဏ်သွေး ကလည်း ဘယ်လိုပြည့်ဝတယ်။ အဲဒီလိုမျိုးတွေ လိုအပ်တာလေ။ မှုန်တေနေအောင် လှတာမျိုးက အထဲက အနှစ် မပါရင် ဘာမှ သုံးလို့ မရ ဘူ့းလေ။ အပေါ်ယံ ဆိုတာ ကွာကျ သွားလို့ အထဲကိုမြင်တဲ့အခါ လူတွေက တအားနှာခေါင်း ရှုံ့ကြတယ်။ နိုင်ငံခြားကလည်း အရည်အချင်းကို တအား ဦးစားပေးနေတဲ့ ခေတ်မှာ ကိုယ်တွင်းစွမ်းရည် လို့ခေါ်တဲ့ အရည်အချင်းတွေ၊ စမတ်ဖြစ်တာတွေ တအား လိုပါ တယ်။

မန်မာနိုင်ငံက လူငယ်တွေအနေနဲ့ အခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ အတွက် မမိုးရဲ့သဘောထားကို ပြောပြပေးပါ။

၂ဝ၁၃ ခုနှစ်မှာ ပြုလုပ်မယ့် ဆီးဂိမ်း ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရတာ ဖြစ်တဲ့အတွက် မြန်မာလူငယ်တွေကို နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုကို ပညာရေး၊ လူမှုရေးနဲ့ အနုပညာ ကဏ္ဍတွေကို အာရုံစိုက် ပြီး ပြုလုပ်ပေးမယ့် ဘယ် ဝန်ကြီး ဌာနပဲဖြစ်ဖြစ် လူငယ်တွေနဲ့ လူငယ်တွေရဲ့ ဈေးကွက် အလားအလာ၊ ပရော်ဖက်ရှင်နယ် ဆန်မှုတွေကို အာရုံကျ လာတဲ့အခါ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်ဖို့ တစ်ကမ္ဘာ လုံးက လက်ခံထားတဲ့ ဒီကဏ္ဍကို လမ်းကြောင်း ဖွင့်ပေး နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီလိုမျိုး လမ်းကြောင်းဖွင့်ပေးမယ် ဆိုရင် လူငယ်တွေ ပိုပြီး စိတ် ဓာတ် တက်ကြွလာမယ်။ ပိုပြီးဖြစ်ချင် လာမယ်။ နိုင်ငံတကာ ကရင်ပေါင်တန်း နိုင်မယ့် အခွင့်အရေး လည်း နီးစပ်လာမယ်။

အနာဂတ် မှာနိုင်ငံ ဂုဏ်ဆောင်ကြမယ့် လူငယ်တွေကို ဘယ်လိုမျိုး မြေတောင်မြှောက်ပေးသင့်တယ် လို့ ထင်ပါသလဲ။

တခြားနိုင်ငံတွေ က လူငယ်တွေကို တအားမြေတောင် မြှောက်ပြီး မြှင့်တင် တယ်။ လူငယ်က အနာဂတ်ရဲ့ ကြယ်ပွင့် ဆိုတာကို အလုပ်နဲ့ သက်သေပြ တယ်။ လူငယ်တွေ က အနာဂတ်ရဲ့ ကြယ်ပွင့်လို့ ခံယူထားရင် နိုင်ငံမှာရှိတဲ့ လူကြီးတွေက လူငယ်တွေကို မြေတောင်မြှောက် ပေးရမှာ အရေးကြီးဆုံး တာဝန်ပဲ။ မျှတတဲ့ အတွေးခေါ် တွေနဲ့ လူငယ်တွေ အပေါ် အားပေးတဲ့ ပေါ်လစီတွေ ချမှတ်ပြီးတော့ လူရည်ချွန် တွေပြန်လည် ရွေးချယ်တာမျိုး၊ နိုင်ငံတကာက တကယ်ကို စံနဲ့စနစ်နဲ့ သတ်မှတ်ထားတဲ့ အဆင့်မြင့် ပွဲတွေမှာ နိုင်ငံတကာကို ယှဉ်နိုင်ဖို့ တွန်းအားပေးတာမျိုး၊ သင်ကြားပေးတာမျိုး လုပ်ပေးမယ်ဆိုရင် တအားကောင်းမယ်လို့ ထင်ပါတယ်။ အာဆီယံနိုင်ငံတွေမှာ ကျော်ကြား အောင်မြင်တဲ့ လူငယ်တွေဟာ နိုင်ငံရဲ့ လာဘ် လာဘ လေးတွေ လိုဖြစ်တယ်။ သူတို့ကလည်း စာရိတ္တ ကောင်းကောင်းနဲ့ ထွန်းပေါက်တဲ့ လူငယ်တွေ ကိုမြေတောင် မြှောက်ပေးကြတယ်။ ဖိလစ်ပိုင်နိုင်ငံ ဆိုရင် သူတို့ရဲ့ Miss ဖိလစ်ပိုင်ကို အင်ဒိုနီးရှားမှာ Miss အာဆီယံ ပြိုင်မယ် ဆိုရင် ဖိလစ်ပိုင်နိုင်ငံက နာမည်ကြီး ဆုံး အော်ခက် စထရာကြီး တစ်ခုလုံး က လေယာဉ်ပျံ စင်းလုံးငှားပြီး လိုက်လာပေးတယ်။ အဲဒီလို ပံ့ပိုးပေးရင် ကောင်းတာပေါ့။ နိုင်ငံနဲ့ လူငယ် ဆိုတာအပြန် အလှန် အကျိုးပြုနေတာပါ။ နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေကို တောက်ပတဲ့ ကြယ်ပွင့် တွေဖြစ် အောင်အောင်မြင် ကျော်ကြားတဲ့ နိုင်ငံ့ ဂုဏ်ဆောင်တွေ ဖြစ်အောင် ပံ့ပိုးပေးသင့်ပါတယ်။

Popular Journal မှ သိသမျှ ။

No comments:

Post a Comment