Tuesday 23 October 2012

ကျန်းမာတဲ့ ကိုယ်အလေးချိန်နဲ့ ကယ်လိုရီ


ကယ်လိုရီဆိုတာ ဘာလဲ

ကယ်လိုရီဆိုတာ အစားအသောက်ထဲက စွမ်းအင် ပမာဏကို တိုင်းတာခြင်း ပဲဖြစ်ပါတယ်။ 

နေ့စဉ် အသုံးပြုနေတဲ့ ခန္ဓာ ကိုယ်ထဲက စွမ်းအင်တွေမှာ ကယ်လိုရီ ပမဏ ဘယ်လို ထိန်းညှိကြမလဲဆိုတာ သိသင့်ပါတယ်။

ကျန်းမာတဲ့ ခန္ဓာကိုယ် အလေးချိန်ရှိဖို့ဆိုတာ ကယ်လိုရီ ပမာဏ ညီမျှခြင်းအပေါ် အတော်မူတည်ပါတယ်။ အမျိုးသား တဦးဟာ ပျမ်းမျှအားဖြင့် တနေ့မှာ ကယ်လိုရီ ၂၅၀၀ ပတ်ဝန်းကျင်လောက်လိုအပ်ပါတယ်။ 

အမျိုးသမီး တွေကတော့ နေ့စဉ်ပျမ်းမျှ ကယ်လိုရီ ၂၀၀၀ လောက် လိုပါတယ်။ ဒါကလည်း အသက်အရွယ်၊ လှုပ်ရှားမှု၊ စတဲ့ အခြား အချက်တွေအပေါ်လည်း မူတည်ပြီးလိုအပ်ချက်က မတူနိုင်ပါဘူး။ 

စွမ်းအင်ပမာဏကို တိုင်းတာတဲ့နေရာမှာ အစားအသောက် အမျိုးအစား တခုချင်းစီအပေါ် မူတည်ပြီး ဘယ်လောက် အလေးချိန်ရှိရင် ဘယ်လို အစားအသောက်မျိုးက ဘယ်လိုရှိတယ်ဆိုတာ တိုင်းတာ ကြပါတယ်။ ဒီနေရာမှာ ခန္ဓာကိုယ် အလေးချိန် လျော့ချင်လို့ အစားအသောက်လျှော့စားလိုက်တာဟာ ကိုယ်အလေးချိန် လျော့ကျ ခြင်းရဲ့ အဓိက အချက်ပဲလို့ အများက ယူဆကြပါတယ်။

ဒါက ယေဘူယျကျတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်ဟာ ကျန်းမာတဲ့ ကိုယ်အလေး ချိန်ရှိသလားဆိုတာ စစ်ဆေးကြည့်နိုင်ပါတယ်။ 

ဒါကတော့ ကယ်လိုရီနဲ့ စွမ်းအင် ဟန်ချက် ဖြစ်ပါတယ်။ အစား အသောက် စားလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲ ကို စွမ်းအင် လို့ ခေါ်တဲ့ ကယ်လိုရီတွေ ထည့်သွင်း လိုက်တာပါပဲ။ ကိုယ့်ခန္ဓာက ကယ်လိုရီ ပိုသုံးလေ
လှုပ်ရှားမှု ပိုလုပ်လေ စွမ်းအင်ပိုလိုအပ်လေပါပဲ။ 

ဒါပေမယ့် တည်ငြိမ်တဲ့ ကိုယ်အလေးချိန်ရဖို့ဆိုတာ ကိုယ်လှုပ်ရှား သုံးစွဲလိုက်တဲ့ စွမ်းအင် ကုန်ခန်းမှု ပမာဏနဲ့အညီ   ပြန်လည် ဖြည့်တင်းပေးနိုင်ဖို့ပါ။ 

လူဟာ တနေ့နဲ့ တနေ့ လှုပ်ရှားတာ၊ ကယ်လိုရီသုံးစွဲတာ မတူပါဘူး။ မတူတဲ့အတိုင်း လိုက်လုပ်နိုင်ရင်တော့ ကိုယ်အလေးချိန်လည်း ဟန်ချက်ညီနေမှာပါပဲ။ အဲဒီလို သတိရှိရှိ လုပ်ဆောင်သွားသူတွေကို အရပ်စကား နဲ့  ဘော်ဒီ ထိမ်း နိုင်တယ်၊ ကိုယ်အလေးချိန်ကို ထိမ်းထားနိုင်တယ်လို့ ဆိုကြတာပါ။

တကယ်တော့ မလွယ်ကူပါဘူး။ ကိုယ်အလေးချိန်တက်လာရင်တော့ ကယ်လိုရီများလာတဲ့ သဘောဖြစ်    
နေပြီး ဒါကို လှုပ်ရှားမှု တခုခု၊ စွမ်းအင် သုံးစွဲမှု တခုခုကို နဂိုကထက်ပိုလုပ်ဖို့ လိုအပ်နေပါပြီ။ 

အဲဒီလို မလုပ်နိုင်ရင်တော့ ခန္ဓာကိုယ်မှာ အဆီဆိုတာမျိုးတွေ တက်လာ ဖို့ရှိနေပါပြီ။ 

သုတေသန ပြုချက်တွေ အရ လူကြီးတွေဟာ လိုတာထက်ပိုစားတတ်တဲ့ အလေ့ရှိပါတယ်တဲ့။ သူတို့ဟာ ကလေးတွေထက် ပိုပြိး လှုပ်ရှားမှု ပိုလုပ်ရတယ်လို့ ထင်တတ်ကြလို့ပါလို့ ဆိုပါတယ်။ 

အစားအသောက်တွေထဲက ကယ်လိုရီကို စစ်ကြည့်ကြရအောင် 

အစားအသောက်တွေထဲက ကယ်လိုရီ ဘယ်လောက်ပါလဲ ဆိုတာ သိရှိထားခြင်းဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင် ချင်တာဖြစ်ဖြစ်၊ ထိမ်းသိမ်းထားချင်တာဖြစ်ဖြစ် အကျိုးရှိပါတယ်။ 

စားသောက်နေတဲ့ စွမ်းအင် ပမာဏကို ကိုယ်က ထိမ်းညှိထားခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အများကြီး မစားဖြစ်အောင်၊ ကျန်းမာအောင် နေတတ်လာမှာလည်း ဖြစ်ပါတယ်။ အစားအသောက်ထဲက ကယ်လိုရီ ပါဝင်မှုဆိုတာကလည်း အာဟာရ ပါဝင်မှု အဆင့်အတိုင်းတည်ရှိတတ်တာပါ။

နိုင်ငံခြားမှာတော့ အစားအသောက် ထုပ်ပိုးထားတဲ့ စာရွက်နောက်ကျောတွေမှာ ရေးထားတာတွေ ရှိကြပါတယ်။ ဒီအစား အသောက်ဟာ ထုပ်ပိုးစဉ်က Energy လို့ ခေါ်တဲ့ ခေါင်းစဉ်အောက်မှာ ကယ်လိုရီ ပမာဏ ဘယ်လောက်ပါဝင်တယ် ဆိုတာကို kilocalories (ကီလို ကယ်လိုရီ- kJ) ဆိုတဲ့ ယူနစ်နဲ့   
ဖော်ပြပါတယ်။ 

အတိုအားဖြင့်တော့ kilojoules လို့ လည်း ခေါ်ပါတယ်။ Kilojoules ဆိုတာ အဓိပ္ပါယ်ကတော့ ကယ်လိုရီ ၁၀၀၀ ရှိတယ်လို့ ဆိုလိုတဲ့ မက်ထရစ် စနစ် ယူနစ်ပါ။ 

အခု ဇယားမှာ ဖော်ပြထားတဲ့ အချက်တွေမှာ အစားအသောက် တခုချင်းစီရဲ့ ကယ်လိုရီ ပါဝင်မှုကို အခြေခံ အားဖြင့် ၁၀၀ ဂရမ်မှာ ဒါမှ မဟုတ် ၁၀၀ မီလီလီတာမှာ ကယ်လိုရီ ဘယ်လောက် များများ ပါတယ်ဆို တာ ဖော်ပြထားပါတယ်။ 



ကယ်လိုရီ ဘယ်လောက် သုံးစွဲသလဲ 

ဒါကတော့ အသက်အရွယ်၊ လှုပ်ရှားမှုလုပ်တဲ့ ပမာဏတွေအပေါ် မူတည်ပြီး လူတွေရဲ့ ကယ်လိုရီ ပမာဏတွေကိုလည်း ဖော်ပြထားပါတယ်။ 

နောက်ထပ် ဇယားမှာလည်း ကိုယ့်ရဲ့ လှုပ်ရှားမှုတွေဟာ အချိန်ဘယ်လောက် ဆိုရင် ကယ်လိုရီ ဘယ် 
လောက် လိုအပ်တယ်၊ ကယ်လိုရီ ဘယ်လောက်ကုန်ခမ်းတယ်၊ ကယ်လိုရီ ဘယ်လောက် ရှိလာမယ် ဆိုတာတွေကို ပြသထားပါတယ်။ 



သေချာတာကတော့ လှုပ်ရှားမှုများများလုပ်လေ ကယ်လိုရီ များများလိုအပ်လေပါ။ ဥပမာအားဖြင့် လမ်း 
မြန်မြန်လျှောက်တာက နှေးနှေးလျှောက်တာထက် ပိုပြီး ကယ်လိုရီ လိုအပ်တာ လူတိုင်း ခန့်မှန်းနိုင်မှာပါ။ 

ကိုယ်အလေးချိန် လျော့ကျခြင်း 

ကိုယ်ခန္ဓာ အလေးချိန်ဟာ လျော့ကျ လာနေတယ်ဆိုရင်တော့ နေ့စဉ် ပုံမှန် လှုပ်ရှား၊ သုံးစွဲနေတဲ့ စွမ်းအင် အသုံးပြုမှု ပမာဏတွေထက် ကိုယ်က ဖြည့်တည်းပေးတဲ့ စားတာ၊ သောက်တာမှာ နည်းလာ တာကြောင့် ကယ်လိုရီလျော့ကျလာတယ်လို့ ယေဘူယျ အဓိပ္ပါယ်ဆောင်ပါတယ်။ 

တခြား ရည်ရွယ်ချက်တခုခုနဲ့ကိုယ်က ခန္ဓာကိုယ် အလေးချိန်ကိုလျှော့ချချင်တယ်ဆိုရင်တော့ ကိုယ်စား သုံးနေတဲ့ စွမ်းအင် ပမာဏထက် ပိုသုံးစွဲမှု လုပ်ရပါတော့မယ်။ ဒါကလည်း ဟန်ချက်ညီဖြစ်သွားဖို့က အချိန် အတိုင်းအတာ တခုကို မဖြစ်မနေ ဖြတ်သန်းရမှာပါ။ 

ကိုယ်က ကယ်လိုရီတွေလျှော့စားမယ်၊ ကိုယ်လက်လှုပ်ရှားမှု ပုံစံတွေ ပြောင်းပစ်မယ်၊ ဆိုလိုတာက ပို လှုပ်ရှားရမယ်၊ အစားအသောက် အနေအထိုင် အစစ အရာရာ ဆင်ခြင်မယ်ဆိုရင် ကိုယ်အလေးချိန် 
လျော့ကျလာနိုင်ပါတယ်။ 

အကောင်းဆုံး ကိုယ်အလေးချိန် လျော့ချတဲ့နည်းကတော့ အစားအသောက် အလွန်အကျွံလျော့ချတာမျိုး မလုပ်ပဲ ကိုယ် လက်လှုပ်ရှားမှုကို ပိုလုပ်ဖို့ပါ။ 
  
ဒါကတော့ အကောင်းဆုံးနည်းလမ်းတခုပါပဲ။ ကျန်းမာတဲ့ ခန္ဓာကိုယ်ဘယ်လိုလုပ်ကြမလဲ ဆိုတာကို 
သေချာလေ့လာပြီး တဖက်က အစားအသောက်ကိုလည်း ထိမ်း မယ်၊ ကိုယ်လက်   လေ့ကျင့်ခန်းလည်း စနစ်တကျ လုပ်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ 

နိုင်ငံခြားတိုင်းပြည်တွေမှာတော့ ကိုယ့်ကို နည်းလမ်းညွှန်ပြပေးတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ယူကြ တယ်လို့ ဆိုပါတယ်။ 

လူတိုင်း ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး လူ့အဖွဲ့အစည်းကို ကောင်းကျိုးပြုနိုင်ရန်အတွက် ကယ်လိုရီ နဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်အကြောင်း ဘာသာပြန် ရေးသား မျှဝေပေးလိုက်ပါတယ်။
 

No comments:

Post a Comment