Wednesday 24 October 2012

လေပျံသစ်တော် ရုပ်ရှင်တော်မြတ်ကြီး ဒေသစာရီ ကြွချီရာတွင် ထူးခြားချက်များဖြစ်ပေါ်


မြန်မာနိုင်ငံအတွင်း သာမက ပြည်ပနိုင်ငံ များသို့ပါ ဒေသစာရီ ကြွချီ တော်မူ လျက်ရှိသည့် စဥ့်ကိုင်မြို့ အောင်မြေတွင် သီတင်းသုံး တော်မူ သော "ရွှေကံကူ လေပျံသစ်တော် ရုပ်ရှင်တော်မြတ်" သည် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၆ ရက်ညပိုင်းက မုံရွာမြို့၊ သလ္လာအမှတ် ၉ ရပ်ကွက်၊ မိုးကောင်းလမ်း၊ စိန်ပန်းကျောင်း မြောက်ဘက်ရှိ အောင် ချမ်းငြိမ်း မုန့်တိုက်သို့ပင့်ဆောင်၍ အောက်တို ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက် ၃ ညတိုင် သီတင်း သုံးတော်မူကြောင်း ဖူးတွေ့ရ သည်။ အောက်တိုဘာလ ၆ ရက်နေ့ည ကြွရောက်တော် မူလာသော လေပျံသစ်တော် ရုပ်ရှင်တော်မြတ်သည် အောက်တိုဘာလ ၇ ရက် တစ်နေ့ လုံး မျက်နှာတော်မှာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးတော်မူနေသည်ကို ဖူးတွေ့ရပြီး အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် သွားရောက်ဖူးမျှော် မှတ်တမ်းတင်ရာ တွင် မျက်နှာတော်မှာ တည်တော်မူ သွားသည်ကို ဖူးတွေ့ခဲ့ရသည်။
ရုပ်ပွား တော်သည် မုံရွာမြိုသို့ မကြွမီ စက်တင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်ဝန်း ကျင်က တောင်ကြီးမြို့ ဦးမောင်မောင်၊ ဒေါ်အုန်းမေတို့၏ နေအိမ်၌ သီတင်းသုံး သောမြွေတစ်ကောင်ကား လမ်းပေါ် တွင်တွေ့ ခဲ့ကြောင်း၊ ထိုအိမ်၌ ပင် စက်တင်ဘာ ၂၀ရက်နေ့တွင် ကပ်လှူ ထားသော တယ်သီးမှာ ပွင့်ထွက်လာ တွင် တောင်ကြီးမြို့၊ ဦးစံဝင်း + ဒေါ်သန်းသန်းဋ္ဌေးနေအိမ်တွင် အပူ ဇော်ခံနေရာအခင်းတွင် တစ်တောင်ခန့်
အရွယ်ရဟန္တာခြေရာကို ဖူးတွေ့ရ ကြောင်း၊ ထို့ပြင် အပူဇော်ခံရာနေရာ သည် သမံတလင်းခင်းပြီး ထိုအပေါ်မှ ပျဉ်ပြားခင်းထားရာ လှုပ်မည်ဆိုလျှင် သိသိသာသာ မလှုပ်နိုင်သလို၊ လှုပ်လျှင် လည်း လှူထားသည့် ပစ္စည်းမှာ အ ကုန်လှုပ်ရ မည်ဖြစ်သော်လည်း စိုက် ထားသော ကြံပင်သည် အထက်မှ အောက်သို့ နဂါးတွန့်သကဲ့သို့ ထူးထူး ခြားခြားတွန့်ခဲ့ကြောင်း သိရသည်။
ထို့ နောက် တောင်ကြီးမြို့ အ . ထ . က (၅)သို့ကြွချီရာ သစ်သီး ၉ မျိုးအနက် အခွံချွတ်ထားသော အုန်းသီးထဲမှ ရေ များလျှံကျလာခြင်း၊ ရုပ်ပွားတော် ပြန်ြွကသည့်အခါ ဘုရား၏ တင်ပါးအရာ ကျန်ခဲ့ကြောင်း သိရသည်။ ထိုမှ တစ်ဆင့် ဟိုပုံးသို့ကြွချီခဲ့ပြီး တောင်ကြီး ပြန်ကာ အောက်တိုဘာ ၁ ရက်နေ့တွင် စဥ့်ကိုင်သို့ပြန်ရောက်ပြီး မုံရွာသို့ ၆ ရက်နေ့တွင်ြွကလာခြင်းဖြစ်ကြောင်း မုံရွာမှတစ်ဆင့် ရွှေဘိုမြို့တွင် အောက် တိုဘာ ၉၊ ၁၀၊ ၁၁ တွင် သီတင်းသုံး၍ စစ်ကိုင်းတွင် တစ်ပတ်၊ မန္တလေးတွင် ၈ ရက် သီတင်းသုံး မည်ဖြစ်ကြောင်း သိရသည်။

လူထူပုံရိပ် သတင်းဂျာနယ် မှ သိသမျှ ။

No comments:

Post a Comment