Thursday 25 October 2012

ဒုတိယအခွေထွက်ပြီးတာနဲ့ Entertainment Production ကုမ္ပဏီ ထူထောင် ဖို့ရှိကြောင်း အဆိုတော် ကောင်းမြတ်ပြော


အဆိုတော်ကောင်းမြတ်က သူ့ရဲ့ဒုတိယ တစ်ကိုယ်တော်ခွေကို ၂ဝ၁၃နှစ်ဆန်း ပိုင်းမှာ ထွက်ဖို့ရှိကြောင်းပြောပါတယ်။ ဒု တိယတစ်ကိုယ်တော်ခွေဖြစ်တဲ့ “အချစ်ရှိရာ အရပ်သို့ မျက်နှာမူ၍ ” အခွေထဲက သီချင်းကို ပရိသတ်တွေ ပျော်နေတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ စိတ်ညစ်နေတဲ့ အချိန်မှာပဲဖြစ်ဖြစ် နားထောင်ရင် အနီးစပ်ဆုံး အဖော် တစ်ယောက် အဖြစ်ရှိ နေ လိမ့်မယ်လို့ ယုံကြည်ထားတဲ့ အဆိုတော် ကောင်းမြတ်ကို သူ့ရဲ့ဒုတိယတစ်ကိုယ်တော် အခွေနဲ့ပတ်သက်ပြီးမေးကြည့်တော့.. “ကျွန်တော့် အခွေက တီးတာတွေ လည်း ပြီးပြီ။ ကျွန်တော်ဆိုရမယ့် Recording အပိုင်းပဲကျန်တော့တယ်။ ကျွန်တော့် အခွေ ထဲမှာတော့ သူငယ်ချင်းတွေဖြစ်တဲ့ စိုင်းစိုင်း ၊ဂျွန်၊ ပဟေဠိ နန်းတော်က ကိုမောင်မောင်အေး၊ Nကိုင်ရာတို့အပြင် ကျန်တဲ့အနုပညာရှင် တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ကေအေတီ၊ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ ဇဝါ၊ Rခိုင် နဲ့ကျွန်တော်ကိုယ်တိုင် ရေးသားထားပါတယ်။ ဒီအခွေထဲမှာလည်း ပေါ့ပ်ပုံစံများမယ်။ ကျွန်တော့်ကို ပရိသတ်တွေက ပေါ့ပ်ပုံစံနဲ့ပဲ အားပေးတာ များတော့ပေါ့ပ် ပုံစံပဲများ မယ်။ ပြီးတော့ ဒုတိယ တစ်ကိုယ်တော် အခွေအတွက်လည်း ယုံကြည်မှုအပြည့်ရှိတယ်။ ကျွန်တော့်ရဲ့ ဒုတိယ တစ်ကိုယ်တော်ခွေကို စိုင်းစိုင်းရဲ့
“ထိတ်ထိတ်ကြဲ” အခွေ မတိုင်ခင် ၃ပတ်လောက်ခြား ပြီးထွက်ဖို့ စိုင်းစိုင်းနဲ့ တိုင်ပင်ထားပါတယ်” လို့ ပြောပြပါတယ်။  ရှိုးပွဲတွေ တော်တော်များများမှာ မဆို  ဖြစ်တော့တဲ့ အဆိုတော်ကောင်းမြတ် က..” ရှိုးပွဲတွေမှာ မဆိုဖြစ်တာက အပြင် စီးပွားရေးလုပ်ငန်း လုပ်နေတာလည်းပါတယ်။ ပြီးတော့ ဒီလို တစ်လတစ်ခါ ပြုလုပ်တဲ့ ပွဲတွေမှာ ဒီအဆိုတော်က ဒီသီချင်းတွေပဲ သီဆိုနေရင် ကြာလာတော့ ပရိသတ်တွေ ပျင်းသွားမှာ စိုးရိမ်လို့ပါ”လို့ ဆိုပါတယ်။ ကောင်းမြတ်ကသူ့ရဲ့ ဒုတိယတစ်ကိုယ် တော်ခွေထွက်ပြီးသွားရင် Music နဲ့ပတ် သက်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Enter-tainment Production  ကို သူငယ်ချင်းတွေနဲ့ ထူထောင်ဖို့ တိုင်ပင်နေတယ်လို့လည်း ဆိုပါတယ်။  “ကျွန်တော် Entertain ment Production ကုမ္ပဏီကို ထူထောင်ဖို့ ဈေးကွက် အခြေအနေကို ကြည့်နေတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေကို မွေး ထုတ်ပေးတဲ့ YG Entertainment လိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လို အပ်လာပြီလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အနုပညာရှင်ဆိုတာ ပရိသတ်ကို   ဖျော် ဖြေမှုတစ်ခုပဲ အာရုံစိုက်မှ အဆင်အတန်း မီတဲ့ အနုပညာ တစ်ခုဖြစ်မြောက် လာမှာပါ။ ဒီလို International အဆင့်မီတဲ့ အနုပညာရှင်တွေ ပေါ်ထွက်လာဖို့ အတွက်   ကျွန်တော်တို့ သူငယ်ချင်းတွေ ပူးပေါင်းပြီးထူထောင်မယ့် Entertainment Production ကုမ္ပဏီက အစစအရာရာ လိုလေသေးမရှိအောင် ပံ့ပိုး ပေးမှာပါ။ အခုတက် လာတဲ့ လူငယ် အနုပညာရှင်တွေ ကိုလည်း ဒီ့ထက်ပိုတိုးတက်စေ ဖို့အတွက် လိုအပ်တာတွေ ပံ့ပိုးစေချင်တယ်။ အကျိုး အမြတ်ကိုတော့ မမျှော်ကိုးပါဘူး” လို့ ကောင်းမြတ် ကဆိုပါတယ်။

P0PULAR JOURNAL မှ သိသမျှ ။

No comments:

Post a Comment