Sunday 28 October 2012

‘ဝိုင်းကြီး ပတ်ပတ်ဒူဝေဝေ’ ရုပ်ရှင်ဇာတ်ကားကြီး ပရက်ရှိုးပြသ


ဇာတ်လမ်း၊ ဇာတ်ညွှန်း အကြည်တော် ရေးသားပြီး ဒါရိုက်တာ သိန်းဟန်(ဖီးနစ်) ရိုက်ကူးတဲ့ “ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ” ရုပ်ရှင် ဇာတ်ကားကြီးကို အောက်တိုဘာ ၂ဝ ရက်နေ့၊ မနက်၇နာရီခွဲက သမ္မတ အဆင့်မြင့် ရုပ်ရှင်ရုံ မှာ အထူးပွဲပြသခဲ့ ပါတယ်။ ဟာသဇာတ် ကားကြီး ဖြစ်တဲ့ “ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ” ရုပ်ရှင်ဇာတ်ကား ကြီးမှာ   ကျော်ရဲအောင်၊ ဟိန်းဝေယံ၊ ခိုင်သင်းကြည်၊ မယ်လိုဒီနဲ့ သရုပ် ဆောင်များစွာတို့က ပါဝင် သရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှ အဆုံးထိ ပရိသတ်များ ရယ်မော   ပျော်ရွှင် ခဲ့ကြရတဲ့ ဇာတ်ကား ကြီးဖြစ်ပါတယ်။ အထူးပြသပွဲကို ပါဝင် သရုပ်ဆောင် ထားသူများထဲမှ ကျော်ရဲအောင်၊ ဟိန်းဝေယံ၊ ခိုင်သင်းကြည်၊ ခင်လှိုင်နဲ့ သရုပ်ဆောင် တို့ တက်ရောက် အားပေးခဲ့ကြပြီး သရုပ်ဆောင်များ ကိုယ်တိုင် ရယ်မောပျော်ရွှင်စွာ ကြည့်ရှု ခဲ့ကြရကြောင်း သိရပါတယ်။ ပရိသတ်များ ဘဝအမော တွေပြေပျောက်   စေမယ့် “ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ”
ရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာလအတွင်း ရုံတင်ပြသမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ပေါ်ပြူလာ ဂျာနယ် မှ သိသမျှ ။

No comments:

Post a Comment