Tuesday 9 October 2012

ရုပ်ရှင်ဂုဏ်ထူးဆောင်ဆု ကိုလက်ခံမယ့် ကျော်သူနဲ့ ဇာဂနာတို့စကားသံ


အောက်တိုဘာ ၁၃ရက်နေ့မှာကျ ရောက် မယ့် မြန်မာ့ရုပ်ရှင်နေ့ အမှတ်တရ အနေနဲ့ မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောက ထဲမှ ပြည်သူ့ အကျိုးပြု လုပ်ငန်းဆောင်ရွက်နေသူများကို ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ရန် စီစဉ်ထားသူ ရုပ်ရှင် အနုပညာရှင်(၇)ဦးထဲ မှာဦးကျော်သူနဲ့ ဦးသူရ (ဇာဂနာ) တို့ လည်း ပါဝင်နေကြောင်း သိရပါ တယ်။မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှု ဆောင်သစ်လက်ထက်ထူးခြားစွာ ပြုပြင်ပြောင်းလဲဖော်ဆောင်မှုတွေ အနက် ဆင်ဆာအပိတ်ခံထားရတဲ့ ဇာတ်ကားတွေ ဆင်ဆာခွင့်ပြု ပြသခွင့် ရရှိမှုတွေ၊ ဒီမိုကရေစီ အရပ်သား အစိုးရခေတ်မတိုင်မီက အနုပညာ လုပ်ဆောင် မှုပိတ်ပင်ထားခြင်းခံခဲ့ ကြရတဲ့ အနုပညာရှင်တွေကိုလည်း ပြန် လည်အရေးတယူ အသိအမှတ်ပြုမှုတွေ ဆောင်ရွက်လာခြင်းလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။ အခုလို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ထူးချွန်ထင်ရှားပြော င်မြောက် စွာနဲ့ ပြည်သူတွေအကျိုးကို ဆောင်ရွက်ကြ သူ အနုပညာရှင်တွေကို ‘ရုပ်ရှင်ဂုဏ်ထူးဆောင် ဆု’ ချီးမြှင့်ရာမှာ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းအနု ပညာလှုပ်ရှားမှုသာမက ဂျာ နယ်၊ မဂ္ဂဇင်း
စာမျက်နှာတွေထက်မှာပါဖော် ပြခွင့်ပိတ်ပင်ခြင်းခံခဲ့ကြရတဲ့ ဦးကျော်သူနဲ့ ဦးသူရ(ဇာဂနာ)တို့ကို ပြည်သူ့အကျိုးပြုလုပ်ငန်းေ ဆာင်ရွက်နေ သူများ အဖြစ်နဲ့ အသိ အမှတ်ပြု ဂုဏ်ထူးဆောင်ဆု ဂုဏ်ပြုချီးမြှင့် ခြင်းအတွက် ရုပ်ရှင်လောကမှာ သာမကအနု ပညာလောကနဲ့တခြားပြည်သူ့ အကျိုးပြု လုပ် ငန်းဆောင်ရွက်နေ သူများအတွက်လည်း ဂုဏ်ထူးဆောင်မှုတစ် ရပ်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်ဖွယ်ပြောဆိုသံများ ကြားသိကြ ရပါတယ်။ မြန်မာ့ ရုပ်ရှင်နေ့နဲ့ ပတ်သက်ပြီး “မြန်မာ့ရုပ်ရှင်နေ့တွေမှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကသက်ကြီးပူဇော်ပွဲတွေ ကျင်းပ ပြီး ရုပ်ရှင်သက်ကြီးမိဘတွေကို ကန်တော့တာ လည်း ကောင်း တဲ့အစဉ်အလာတစ် ရပ်ပါပဲ။ ၂ဝဝ၇ စက်တင်ဘာလ နောက်ပိုင်းမှာ ကျွန် တော့်ကို အနုပညာလှုပ်ရှားမှုတွေ ပိတ်ပင်ခဲ့ တယ်။ ၂ဝဝ၈ ခုနှစ် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ကျွန်တော် သွားတော့ ကျွန်တော်တွေ့လိုက် ရတဲ့မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် ရုပ်ရှင် မင်းသား၊ မင်းသမီးတွေပုံ ပိုစတာမှာ ကျွန် တော့်ပုံမပါတာကို သတိပြုလိုက် မိတယ်။ သေဆုံးသွားတဲ့ အနုပညာရှင်တွေ တောင်ပါပေမယ့် ကျွန်တော့် ရဲ့ပုံကတော့ပါခွင့် မရတာလား၊ အစည်းအရုံးကပဲမထည့်တာလား၊ ကျွန်တော့် ပုံလုံးလုံးမပါတဲ့ ရုပ်ရှင်နေ့ပိုစတာအတွက် ကျွန်တော်နားမလည်အောင်ဖြစ် ရတယ်” လို့ ဆိုခဲ့ဖူးတဲ့ဦးကျော်သူကို အခုနှစ်မြန်မာ့ရုပ်ရှင် နေ့ရဲ့ထူးခြားမှု အကြောင်းမေးတော့အမေရိကကို ရောက်နေတဲ့ ဦးကျော်သူကတော့ ပေါ်ပြူ လာကိုဖုန်းကနေ ပြောဆိုဖြေကြားပေးရာမှာ “မြန်မာ့ရုပ်ရှင်နေ့မှာ ရုပ်ရှင်လောက သားတွေ ထဲက ပြည်သူ့အကျိုးဆောင် ရွက်သူတွေကို အသိအမှတ်ပြု ဂုဏ်ယူဆုချီးမြှင့်မယ် ဆိုတာ ကောင်းတဲ့လက္ခဏာ တစ်ရပ် ပါပဲ။မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပေးတဲ့ဆုဆိုတာထက် အခုမြန်မာနိုင် ငံရုပ်ရှင် အစည်းအရုံးမှာ အမှု ဆောင်တာဝန်ယူနေတဲ့သူတွေက ဗိုလ်ချုပ်ရုပ် ရှင်ကိုဖန်တီးမယ့်သူတွေလည်းဖြစ်နေလို့ ဗိုလ် ချုပ်ကိုလေးစားတဲ့ အနေနဲ့၊ဗိုလ်ချုပ်ရုပ်ရှင် ကို ယုံကြည်တဲ့အနေနဲ့ ဒီဆုကို လက်ခံယူဖို့ ကျွန် တော် ဆုံးဖြတ် ထားပါတယ်။ဒါပေမဲ့ ကျွန်တော် က အမေရိကကိုရောက်နေတဲ့ အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲလို လူကိုယ်တိုင်တက်မှ ပေးမယ့် ဆုမျိုးဖြစ်နေရင်တော့ ကျွန်တော်ကိုယ်တိုင်လာရောက် ဆုလက်ခံယူနိုင်ခြင်း မရှိ တဲ့အတွက် ရဖို့မရှိနိုင်ဘူးလေ။ အဲဒါမျိုးမဟုတ် ဘဲ ရည် ရွယ်ထားတဲ့ အတိုင်း ပေးမယ်ဆိုရင် အသင်းရုံးမှာ ပေးနိုင်ပါတယ်။ အခုဆုကလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)ကို တည် ထောင်ပြီး ပြည်သူလူထုအကျိုးကို ဆောင် ရွက် နေတဲ့အတွက် ပေးအပ်တာလို့ ဆိုတာမို့ ကျွန် တော်တို့နာရေး အသင်းကို ဆုလာပေးရင် တော့အဖွဲ့က လက်ခံယူပါတယ်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)ဆိုတာ ဆုမှ မဟုတ်ပါဘူး၊အလှူငွေတွေပေး လည်း လက်ခံ နေတာပါပဲ။National Endowment for Democracy (NED) 2012 Democracy Award ဆုကို ကျွန်တော်လက်ခံယူပြီးပြီဆိုပေ မယ့် အမေရိကမှာ ဆက်နေနေသေးတာက ရှောပင်းထွက်နေတာ၊အပန်းဖြေနေ တာ မဟုတ် ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆောင်ရွက် ရမယ့် ကိစ္စတွေ ကို တွေ့ဆုံညှိနှိုင်းဆောင်ရွက် နေတာပါ။ အမေရိကမှာရှိတဲ့ သင်္ချိုင်း တွေကို လည်း သွားရောက်လေ့လာနေတာပါ” လို့ အဆိုပါချီးမြှင့်မယ့် ရုပ်ရှင် ဂုဏ်ထူးဆောင် ဆုအကြောင်းကိုလည်း ဖြေကြားပေးခဲ့ပါ တယ်။ ဦးကျော်သူ အနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ချီးမြှင့်မယ့် ရုပ်ရှင်ဂုဏ်ထူးဆောင် ဆုကို တခြားပြည်သူ့အကျိုးပြု လူမှုရေးကိစ္စတွေဆောင်ရွက်နေတဲ့ အနုပညာ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ရယူရမယ့် ကိစ္စအတွက်ဝမ်းသာ ဂုဏ်ယူပေ မယ့်လည်း ပါလီမန်ေ ခတ်အစိုးရလက်ထက် နိုင်ငံတော်မှ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို ဂုဏ်ပြု ချီးမြှင့်တဲ့ဆု အမျိုးအစား ‘အလင်္ကာကျော်စွာ ဘွဲ့’ ကို နောက်ပိုင်းမှာ အခြားသူများကို လည်း ချီးမြှင့်ပြန်တဲ့အတွက် ဆရာကြီးရဲ့ တပည့်သား မြေးများက ဆရာကြီးရတဲ့ဆုဟာ ဇာတ်သမား ပါမကျန်ရတဲ့ ဆုပါလို့ ကရုဏာဒေါသောဆို လာကြခြင်းဥပမာမျိုး ကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ဂုဏ်ပြုထိုက်သူ ကိုဂုဏ်ပြုရာမှာ ထိုက်ထိုက် တန်တန် ဂုဏ်ပြု ခြင်းမျိုးသာဖြစ်ရအောင် သတိပြုသင့်ကြောင်း အမှတ်တရ ထည့်သွင်းပြောကြားသွားပါတယ်။


အဆိုပါ ရုပ်ရှင်ဂုဏ်ထူးဆောင်ဆုနဲ့ စပ်လျဉ်းပြီး ဦးသူရ(ဇာဂနာ)ကလည်း…

“ကျွန်တော် ၁၉၈၈ခုနှစ်ကနေ ၂ဝဝ၂ခု နှစ်အထိ ရုပ်ရှင်အစည်းအရုံးကနေ ကျွန် တော့်ရဲ့ အနုပညာလှုပ်ရှားမှုကို အပိတ်ပင်ခဲ့ တယ်။ ရုပ်ရှင်ရိုက်ခွင့်၊စင်ပေါ်တက်ခွင့်၊ နာ မည်ဖော်ပြခွင့်သာမက အသံပါ ပိတ်ထားခဲ့ တယ်။ နှစ်အကန့်အသတ် မရှိ ပိတ်ထားတယ်။ အပိတ်ခံထားတဲ့ လူစာရင်းထဲမှာ ကျွန်တော်ဇာဂနာတစ်ယောက်တည်း မဟုတ် ပါဘူး။ ဒါပေမဲ့ ပိတ်ခံထားရတဲ့ နှစ် အကြာဆုံး ကတော့ ကျွန်တော်ပထမဆုံးပါ ပဲ။ နှစ်ရှည်လ များ ပိတ်ပင် ခဲ့ပေမယ့် ကျွန်တော်စိတ်မနာ ပါဘူး။ ရုပ်ရှင်လောကမှာ ခု ထိ ကျွန်တော်ပါ ဝင်နေဆဲပါ။ ထောင်ထဲကနေ ထွက်လာပြီး ရုပ်ရှင်အစည်းအရုံးမှာ ကြိုးစား တယ်။ အခု ဆို ရုပ်ရှင်အစည်းအရုံးက လွတ်လပ်တဲ့ NGO တစ်ခုဖြစ်လာပြီ။ ရုပ်ရှင်လောကမှာ ဘယ်တုန်းကမှ မရှိတဲ့ စတူဒီယိုကိုရအောင် လုပ်ပေးခဲ့ တယ်။ ပဲခူး၊ သန်လျှင်မှာ မြေနေရာ တွေရဖို့ ကြိုးစားခဲ့တယ်။ အစိုးရဘက် ကလည်း ပံ့ပိုးပေးေ တာ့ အဆင်ပြေသွားတာပေါ့။ ကျွန်တော့်အကျိုး၊ ကျွန်တော့် မိသားစုအကျိုး ဘာတစ်ခုမှ မမျှော်လင့်ခဲ့ဘူး။ အားလုံးရုပ် ရှင်လောကအတွက်နဲ့ နိုင်ငံတော်အတွက်ပဲ လုပ် တယ်။ အငြိုးအတေး မထား ဘဲ ကျွန်တော် လုပ်ဆောင်နေတာကို ရုပ်ရှင်အစည်းအရုံးက နားလည် ပြီး အသိအမှတ်ပြုပေးဖို့ မှတ်တမ်း တွေ ပေးခဲ့တယ်။ အခု ပြည်တွင်းမြန်မာပြည် က အနုပညာနဲ့ ပတ်သက်ပြီး ပထမဆုံး ဂုဏ်ပြုခံ ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာတယ်။ ကျွန်တော်အတွက် ဒါပထမဆုံးသမိုင်းမော် ကွန်းမှာရေးထိုးနိုင် တဲ့ ဂုဏ်ပြုတံဆိပ်ပါ။ ကျွန်တော်နဲ့ နည်းတူ ဂုဏ်ပြုခံရတဲ့သူတွေ အတွက်လည်းဝမ်းသာပါ တယ်”လို့ ပြောပါတယ်။
 
Popular Journal မှ သိသမျှ ။
 
 

No comments:

Post a Comment