Wednesday 10 October 2012

၂၀၁၃ ဆီးဂိမ်းအတွက် S.I.R အဖွဲ့မှ သီချင်းရေးစပ်နေကြောင်း ဖော်ကာ(Wanted) ပြော


(Wanted) အဖွဲ့သားတွေက စက်တင်ဘာလမှာ ကျင်းပတဲ့ တောင်ကြီးမြို့က ကုန်စည်ပြပွဲမှာ နိုင်ဂရုအုပ်စုနဲ့ အတူ စက်တင်ဘာလ ၂၅၊၂၆ရက်နေ့တွေ မှာဖျော်ဖြေ ခဲ့ကြပါတယ်။ အဲဒီ ဖျော်ဖြေပွဲက Wanted အဖွဲ့ အနေနဲ့ ပထမဆုံး အဖွဲ့လိုက် သွားရောက် ဖျော်ဖြေခြင်း ပဲဖြစ်ပါတယ်။ အဲဒီလို ပထမဆုံး အဖွဲ့လိုက် သွားရောက် ဖျော်ဖြေခဲ့တဲ့ Wanted အဖွဲ့ကို တောင်ကြီး ပရိသတ်က တစ်ခဲနက် အားပေးကြ တယ်လို့ သိရပြီး အဲဒီအကြောင်းကို Wanted အဖွဲ့မှ တေးသံရှင် ဖော်ကာ က “အဲဒီလောက် ထိမထင်ထားဘူး။ ပထမ နေ့မှာတော့ သိပ်မသိ သာဘူး။ ဒုတိယနေ့ မှာ အဲဒီ က ပရိသတ်တွေက သူတို့ရဲ့ ရိုးရာ သီချင်းထဲမှာ ကျွန်တော့် နာမည်ကို ထည့်ဆိုပြီး အားပေးကြတယ်။ မိုးထဲလေထဲမှာ တအားကို အားပေးတယ်။ ကျွန်တော် တို့ကို အသိအမှတ် ပြုပြီး တစ်ကွင်းလုံး အားပေးကြတာ အမှတ်တရပါပဲ။ ဆိုမယ့် အပုဒ်ရေထက် ပိုပြီး ဆိုဖြစ်ခဲ့တယ်။ ပွဲက တအား အမှတ်ရဖို့ ကောင်းပါတယ်။ ကျွန်တော် ရဲ့ သီချင်းတွေကိုလည်း ပရိသတ် အားလုံးက သံပြိုင် လိုက်ဆိုကြတယ် ။တော်တော် ကို စိတ်လှုပ်ရှားပြီး ပျော်ဖို့ ကောင်းခဲ့ပါတယ်”လို့ Wantedအဖွဲ့ရဲ့
ပထမဆုံးတောင်ကြီး အတွေ့အကြုံကို ဝမ်းသာ ပီတိများ နဲ့ပြောပြပါတယ်။ ဆက်လက် ပြီး ဖော်ကာက အခုလို သူတို့ကို တစ်ခဲနက် အားပေးကြတဲ့ ပရိသတ်တွေနဲ့ နောက် အခေါက်တွေမှာ လည်းအခါ အခွင့်သင့်ရင် ထပ်မံကြုံဆုံချင် ကြောင်းလည်း ပြောပြီး S.I.R အဖွဲ့ အနေနဲ့ လည်းသွား ရောက် ဖျော်ဖြေဖို့ ရှိနေတာကြောင့် အဲဒီအခါကျရင်လည်း တောင်ကြီးက ပရိသတ်နဲ့ ကောင်းကောင်းကြီး ထပ်မံဆုံ တွေ့ဦး မယ်လို့ လည်း ဖော်ကာက ပြောပါတယ်။ ဖော်ကာက လက်ရှိ မှာတော့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၃ ဆီးဂိမ်း မှာ S.I.R အဖွဲ့ အနေနဲ့ သီဆိုမယ့် သီချင်းမှာ ဝင်ရောက် ရေး သားထားပြီး သူ့ရဲ့ ဒုတိယအခွေ အတွက်လည်း ပြီးသလောက် ဖြစ်နေပြီလို့ သိရပါတယ်။ ဆက်လက်ပြီး ဖော်ကာ ဆီက သိရတာကတော့ စက်တင်ဘာလ လယ်မှာ သူ့ရဲ့ကားကို အခြား ကားတစ်စီးက ဝင်ရောက် တိုက်ခြင်းခံခဲ့ ရတယ်ဆိုတာလည်း သိခဲ့ရပါတယ်။

ရဲရဲ Popular ။



No comments:

Post a Comment