Wednesday 10 October 2012

ဘီစကစ် မုန့်တွေရဲ့ သမိုင်းကို သိပါ သလား ...?

ဘီစကစ်မုန့် များသည် ရနံ့တစ်မျိုးထည့်ထားသော အပူပေး၊ မီးဖုတ်ထား သည့် မုန့်တစ်မျိုးဖြစ်သည်။ အမေ ရိကန်နှင့်ကနေဒါနိုင်ငံတွင် "ဘီစကစ်" ဆိုသည် မှာနူးညံ့သှောခသညနဟုခေါ်သည့်ပေါင်မုန့်တစ်မျိုးကိုခေါ် ၍ဗြိတိသျှအစဉ်အလာ "ဘီစကစ်" ကိုကွတ်ကီးcookie (သို့မဟုတ်) ခရက်ကာ cracker ဟုခေါ်သည်။
ဗြိတိန်နှင့် အိုင်ယာလန်တွင် အတန်ငယ်ငန်သော၊ချိုသော ဘီစကစ်များကို ခရက်ကာဟု ခေါ်လေ့ရှိပြီး ၄င်း တို့မှာ ချောကလက်ဘီစကစ်၊ ချင်းဘီစကစ် ginger biscuit၊ နို့ ကြက်ဥဘီစကစ် fcustard creamမုန့်ကဲ့သို့ မုန့်များဖြစ်သည်။ သမိုင်းအရ လွယ်ကူစွာသိုလှောင်ရန်၊ တာရှည်အထားခံ၍ စားနိုင်ရန်အတွက် ရှေး ခေတ် အီဂျစ်ပင်လယ်ခရီးသွားများက dhourra cake ဟုခေါ်သော ပြောင်းမုန့်ခြောက်များသုံးစွဲလေ့ရှိပြီး ရောမသားတို့၏ ဘီစကစ်မုန့်မှာမာကျောပြီး ခြောက်သွေ့ကာ အချိုဓာတ်မပါချေ။
ပထမဆုံးသော အနံ့ အရသာပါသော ဘီစကစ်မှာ အာမေးနီးယန်းဘုန်းတော်ကြီး ဂရီလိုရီဒီနီကိုလစ်က ဥရောပသို့ အေဒီ ၉၉၂ ခုနှစ်တွင်သယ်ယူလာခဲ့သောချင်းပေါင်မုန့်ခြောက်ခေါ် ginger bread
ပင်ဖြစ်သည်ဟုဆိုသည်။ထိုမှစ၍ ရာစုနှစ်များ စွာကြာပြီး ၁၅ရာစု၁၄၄၄ခုနှစ်တွင်ဆွီဒင်မယ်သီလရှင်များသည်ချင်းပေါင်မုန့်ခြောက်များကို စတင်ဖြန့်ဖြူးရောင်းချလာပြီး ၁၈ ရာစုတွင် ထိုသို့ ရောင်းချမှုဓလေ့ထွန်းကားလာသည်။ ဗြိတိသျှ ဘီစကစ် ကုမ္ပဏီများဖြစ်သော Carrs, Huntley & Palmer နှင့် Crawfords တို့မှာလည်း ၁၈၅၀ ပြည့်နှစ်တွင်စတင် တည်ထောင်ကာ ဘီစကစ်များ ရောင်းချလာကြသည်။ ယနေ့ခေတ်ကာလတွင်မူ ဘီစကစ်မုန့်များကို ရနံ့ အမျိုးမျိုး၊ နို့၊ အသား၊ ချိစ်တို့ဖြင့်ကမ္ဘာ့ဒေသအလိုက်စတိုင်လ်အမျိုးမျိုးဖြင့်တီထွင်ပြုလုပ်လာကြသည်။ ဘီ စကစ်များမှာလည်း နိုင်ငံအလိုက်အမည်အမျိုးမျိုးဖြင့် ပုံစံရာကျော်ခန့်ရှိနေကြပြီဖြစ်သည်။


Yoyarlay မှ သိသမျှ ။

No comments:

Post a Comment