Sunday 7 October 2012

လေးစားအတုယူဖွယ် မြန်မာ့ ပထမဆုံး ဟောလိဝုဒ် မင်းသမီး ဒေါ်ဝင်းမင်းသန်း (သတင်း/ရုပ်သံ)

 ဒီဇာတ်ကားကိုတင်ရခြင်းအကြောင်းအရင်းကတော့မင်းသမီးဟာမြန်မာ(ဗမာ)လူမျိုးဖြစ်နေလို့ပါ။နောက်တစ်ခုကတော့သူမရဲ့လေးစားအတုယူဖွယ် စိတ်ဓာတ်ကိုချီးကျူးချင်လို့ပါ။သူမနာမည်ကတော့ ဒေါ်ဝင်းမင်းသန်းဖြစ်ပြီး ၁၉၃၃ ခုနှစ်မှာ ပဲခူးမြို့မှာမွေးဖွားခဲ့တယ်လို့မှတ်သားရပါတယ်။မိခင်ကတော့ မြန်မာ(ဗမာ)လူမျိုးစစ်စစ်ဖြစ်ပြီး ဖခင်ကတော့ နိုင်ငံခြားသားဖြစ်ပါတယ်(သြစတေးလျလူမျိုး၊ဂျာမန်လူမျိုး စသဖြင့်အချက်အလက်တွေကွဲလွဲနေပါတယ်)။သူမက Miss Universe မှာဝင်ပြိုင်ခဲ့သော်လည်း ဆုမရရှိခဲ့ပါဘူး။သို့သော်လည်း ၁၉၅၄ ခုနှစ်မှာမြန်မာ့ဓလေ့ ကိုနောက်ခံထားပြီး ရိုက်ကူးတဲ့ 
The Purple Plain ဇာတ်ကားမှ မင်းသား Gregory Peck


ဇာတ်ကားမှ မင်းသား Gregory Peck နှင့် ဒေါ်ဝင်းမင်းသန်း သရုပ်ဆောင်ဟန်
ဒါလေးတွေကတော့ မြန်မာရုပ်နဲ့မတူဘူး
 The Purple Plain  မှာဒါရိုက်တာကကမ်းလှမ်းမှုကြောင့် ပါဝင်သရုပ်ဆောင် အောင်မြင်ခဲ့ပါတယ်။မင်းသား Gregory Peck နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ ဒ်ီဇာတ်ကားကို သီရိလင်္ကာ (သီဟိုဠ်ကျွန်း)မှာ ရိုက်ကူးခဲ့ပါတယ်။ဇာတ်ကားပါ နောက်ခံရှု့ခင်းတွေဟာ မြန်မာပြည်နဲ့အတော်လေး နီးစပ်ဆင်တူသော်လည်း ကလေးငယ်များကတော့ မြန်မာရုပ်ရည်နဲ့ အတော်လေးကွဲပြားနေပါတယ်။သူမဟာ ရဲဘော်သုံးကျိပ်ဝင် သခင်အောင်သန်း(ဗိုလ်စင်္ကြာ)နဲ့ အိမ်ထောင်ပြုခဲ့ပြီး နောက်ပိုင်းမှာ ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းသူပီပီ သီလရှင်ဝတ်သွားတယ်လို့ မှတ်သားရပါတယ်

The Purple Plain ဇာတ်ကား ကြည့်ရှူ့ရန်


သလင်းအိုင် မှ သိသမျှ ။

1 comment:

  1. ဇာတ်လမ်းလေးကြည့်ရှုသွားပါတယ်

    ReplyDelete