Friday 12 October 2012

Smart ကျသော အမျိုးသားတစ်ယောက် ဖြစ်စေဖို့


ပျိုမေတွေ သဘောကျ နှစ်သက်စေမယ့် ဖက်ရှင် မျိုးဖြစ်စေဖို့ အမျိုးသားတစ် ယောက်အတွက် အရမ်းကြီး အလှပြင်နေဖို့တော့ မလိုပါဘူး။ အမျိုးသား တိုင်း ရှိသင့်တဲ့ ဖက်ရှင် လေးတွေနဲ့ ဆွဲဆောင်မှု ရှိစေတဲ့ သွင်ပြင် တွေကသာ အမျိုးသား တစ်ယောက်ရဲ့ စစ်မှန်တဲ့ ဖက်ရှင်ဖြစ်နေမှာပါ။ အမျိုးသား တစ်ယောက် ဖက်ရှင်ကျဖို့ အမျိုးသမီး တစ်ယောက် လောက်တော့ အလုပ် မရှုပ်ပါဘူး။ ဖော်ပြပါ အချက်တွေကို လေ့လာကြည့်ပါ။

၁။ တစ်ကိုယ်ရေ သန့်ရှင်းမှုပါ။ လူတိုင်းအတွက် အရေးပါတဲ့ အရာဖြစ်ပေမယ့် အမျိုးသား အများစုက အနည်းငယ်အားနည်းတတ်ကြပါတယ်။ သန့်ရှင်း သပ်ရပ် စွာ နေတတ်ဖို့လိုပါတယ်။

၂။ ပျာယာခတ်နေတာမျိုးကို ရှောင်ပါ။ သင့်အမူအရာက ပျာယာခတ်နေတာမျိုး မဖြစ်ဖို့လိုပါတယ်။
တည်ငြိမ်တဲ့ အမူအရာက ဆွဲဆောညင်မှုပိုစေပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပါ။ ပျော်ပျော်နေတတ်တာက ကောင်းပါတယ်။ ပျော်တတ်တဲ့
အမျိုးသားအများစုကို အမျိုးသမီး အတော်များများက သဘောကျတတ်ပါတယ်။

၎။ အမြဲတမ်းပြုံးနေတာမျိုးမဟုတ်ပေမယ့် တစ်ဥိးနဲ့တစ်ဥိး မိတ်ဆက်ချိန်၊ စကားပြောချိန်တွေမှာ ပြုံးရွင်တဲ့မျက်နှာထားကြောင့် ခင်မင်သူပေါပြီး မျက်နှာပွင့်စေ ပါတယ်။ ဒါပေမယ့် သူများတွေရယ်ရလောက်အောင် ဟာသဖြစ်တဲ့အထိ ပျော်တတ်တဲ့သူဆိုရင်တော့ တချို့မိန်းကလေးတွေက သဘောမကျတတ်ပါဘူး။

၅။ နူးညံ့ကြင်နာတတ်တဲ့ အမျိုးသားအများစုကို အမျိုးသမီးတွေက စိတ်ဝင်စားတတ်ကြပါတယ်။ စိတ်ဓါတ် ညင်သာပျော့်ပျောင်းစေပြီး တည်ငြိမ်မှုရှိစေမယ့် လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ရင်း စိတ်ကိုတည်ငြိမ်အောင်ထိန်းပါ။

၆။ သေသပ်ပြီး သန့်ရှင်းမှုရှိတဲ့ ဆံပင်စတိုင်မျိုးရှိဖို့လည်း အရေးကြီးတယ်နော်။

၇။ အမျိုးသားတစ်ယောက်အတွက် အဖိုးတန်တဲ့ အ၀တ်အစားတွေဝတ်ပြီး ရှိုးထုတ်ဖို့ မလိုပါဘူး။ သင့်ခန္ဓာကိုယ် အချိုးအစားနဲ့ အဆင်ပြေတဲ့ အ၀တ် အစားမျိုးကို ၀တ်ဆင်ပြီး သန့်ရှင်း၊ သပ်ရပ်ဖို့သာလိုပါတယ်။

၈။ လုပ်ငန်းခွင်ဝင်နေရသူပဲဖြစ်စေ၊ ကျောင်းနဲ့သင်တန်းတွေ တက်နေရသူပဲဖြစ်စေ အမျိုးသားတစ်ယောက်အတွက် နာရီကောင်းကောင်း၊ ဖိနပ်နဲ့ မျက်မှန် တစ်လက်နဲ့ ခါးပတ်ကောင်းကောင်း တစ်ခုသာလိုပါတယ်။

Good Health မှ သိသမျှ ။

No comments:

Post a Comment