Monday 19 November 2012

2G (GSM)ကနေ 3G (WCDMA) Networkအဖြစ် ပြောင်းလဲ အသုံးပြုနိုင်ဖို့


GSM ဖုန်းလိုင်းတွေမှာ GSM, WCDMA ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အဲ့ဒီ ဖုန်းလိုင်းတွေမှာ သူတို့ရဲ့ ကြိမ်နှုန်း (Frequency)တွေ မတူညီကြပါဘူး။ GSM က 900 Mhz , WCDMA က 1200 Mhz စသည်ဖြင့် ကွဲပြားနေကြ ပါတယ်။ တစ်ချို့ဟန်းဆက်တွေက 2G (GSM) Networkကို ထောက်ပံ့ပေး သလို တစ်ချို့ဟန်းဆက်တွေက 3G (WCDMA) Networkကို ထောက်ပံ့ပေး ပါတယ်။ နှစ်မျိုးလုံး သုံးလု့ရတဲ့
ဟန်းဆက်တွေလဲ ရှိပါတယ်။ နှစ်မျိုးလုံး ထည့်သုံးလို့ရတဲ့ ဟန်းဆက်တွေမှာ လျို့ဝှက်ချက်ပေါ့။ ကိုယ့်က 2G (GSM) ဖုန်းကတ်ကို ထည့်သွင်း အသုံးပြုနေပြီဆိုပါစို့။ ပထမကတ် ထည့်ပြီး သုံးနေရင် 2G (GSM) Networkကိုဘဲ ဟန်းဆက်က အပြည့်အဝ အလုပ် လုပ်နေမှာပါ။ 2G (GSM) ကနေ 3G (WCDMA ) Network ပုံစံမျိုး အသုံးပြုချင်ရင်တော့ ကျွန်တော် ပြောတဲ့ နည်းအတိုင်း စမ်းသုံးကြည့်ပါ။ သိသိသာသာ အဆင်ပြေလာပါလိမ့်မယ်။ ကျွန်တော်ပြောတဲ့ နည်းက ရိုးရိုး GSM ကနေ WCDMA ဖြစ်သွားတာမျိုးတော့ မဟုတ်ပါဘူး။ 2G (GSM) Network ကနေ 3G (WCDMA ) Networkထဲ ဝင်သုံးတဲ့ ပုံစံမျိုးပါ။ ဘယ်နေ ရာမှာ သိသာလဲဆိုရင် အင်တာနက် သုံးတဲ့နေရာမှာ သိသာပါလိမ့်မယ် ။

အရင်ဆုံး 2G ကနေ 3G Network ထဲ ဝင်သုံးကြည့်ဖို့အတွက် Settingထဲ ဝင်လိုက်ပါ။ ကိုယ်အ သုံးပြုနေ တဲ့ ဖုန်းက 2G ရော 3G ရော ထောက်ပံ့ပေးတဲ့ ဖုန်းဖြစ်ဖို့ အရေးကြီးပါတယ်။ Setting ဝင်ပြီးပြီဆိုရင် Android Version 4.0 Setting>Moreကို ဝင်လိုက်ပါ။ ကျန်တဲ့ Version တွေဆိုရင်တော့ Setting> Wireless Network ထဲက Mobile networks > Network operatorsကို ရှာလိုက်ပါ။ ပြီးရင် Network operatorsကို နှိပ်လိုက်ပါ။ searching လုပ်နေပါလိမ့်မယ်။ Searching လုပ်လို့ ပြီးသွားရင် Select automatically ဆိုတဲ့ စာတမ်းလေးကို တွေ့ပါလိမ့်မယ်။ အဲ့ဒါကို ရွေးလိုက်ပါ။ Registered On Network ဆိုတာနဲု့ 3G Network မိတဲ့ နေရာတွေမှာ ဖုန်းက Network အပြောင်းအလဲကို အလိုလို လုပ်ဆောင်ပေး ပါလိမ့်မယ်။ ကျွန်တော် ပြောပြတဲ့အတိုင်း လုပ်ပြီးပြီဆိုရင် အင်တာနက် သုံးကြည့်လိုက်ပါ ဘာတွေ များ ပြောင်းလဲ သွားလဲပေါ့။ တကယ် သိချင်ရင် တကယ် လုပ်ပြီးမှဘဲ ဆုံးဖြတ်ကြည့်လိုက်ပါ လို့ ပြောချင် ပါတယ် ခင်ဗျာ။




ရွှေနှိုင်ငံ မှ သိသမျှ ။

No comments:

Post a Comment