Thursday 1 November 2012

ဟန်းဆက်တစ်လုံး ကျပ် ၅ဝဝဝ နှုန်းဖြင့် ကံစမ်းပေးမည်


Samsung Mini ဟန်းဆက် တစ်လုံးလျှင် ကျပ်ငါးထောင် နှုန်းဖြင့် အလုံးရေ ၁ဝဝ ကံစမ်း
ရောင်းချပေးမည်ဟု လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်မှ သိရသည်။ အဆိုပါ ရောင်းချခြင်းကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်ပေးမည်ဖြစ်ပြီး လူကြီးမင်း ဆိုင်ခွဲပေါင်း ၁၁ ဆိုင်တွင် နံနက် ၈ နာရီခွဲမှ စတင်၍ တုံကင် စနစ်ဖြင့် ကံစမ်း မဲနှိုက်၍ ဆိုင်တစ်ဆိုင်လျှင် ဟန်းဆက် ၁ဝလုံး ရောင်း ချပေးမည် ဖြစ်ကြောင်း သိရသည်။ ”နောက်လတွေ မှာလည်း အခုလိုမျိုး တန်ဖိုး လျှော့ချ ရောင်းချ ပေးမယ့် အစီအစဉ် ရှိပါတယ်။ ကံစမ်းမဲမပေါက်တဲ့ လူတွေကိုလည်း အဲဒီနေ့မှာ ဟန်း ဆက်ဈေးနှုန်းတွေ ကို လျှော့ချ ပေး သွားမှာပါ” ဟု လူကြီးမင်းဖုန်း ဆိုင်မှ အထွေထွေမန်နေဂျာ ဦးကိုကိုအောင် က ပြောသည်။ Samsung Mini
ဟန်းဆက်သည် စင်ကာပူနိုင်ငံထုတ် ဟန်းဆက်ဖြစ် ကာ မြန်မာပြည်ဈေး ကွက်သို့ ဝင်ရောက်သည်မှာ ခြောက်လ ခန့်ရှိပြီး လက်ရှိ ၄င်းဟန်းဆက်များ ကို ဈေးကွက်တွင် ကျပ် တစ်သိန်းနှစ်သောင်းခွဲဖြင့် ရောင်းချလျက် ရှိကြောင်း၊ အသုံးပြုနိုင်မည့် ဖုန်းအမျိုးအစားမှာဂျီဖုန်း အမျိုး အစားဖြစ် ကြောင်း သိရသည်။

POPULAR NEWS JOURNAL မှ သိသမျှ ။

No comments:

Post a Comment