Thursday 1 November 2012

အကပြိုင်ပွဲမှာ ဒိုင်လုပ်မယ့် ခိုင်သင်းကြည်


‘အလွမ်းရင့်ရင့်’ ဇာတ်ကားကို ခိုင်သင်းကြည်က စွမ်း၊ နန်းမြတ်ဖြိုးသင်း တို့နဲ့ ရိုက် ကူးနေပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ နိုဝင်ဘာ ၄ရက်နေ့မှာတော့ Anlene ကလုပ်တဲ့ ပြဇာတ်မှာ ကပြဖို့ရှိပြီး အကပြိုင်ကြတဲ့ ပုံစံမျိုးဖြစ်တာကြောင့် အကပြိုင်တဲ့အထဲမှာတော့ မပါဘဲ ကြားက ဒိုင်အဖြစ် ပုံစံပဲ ပါဝင်ဖြစ်မယ်လို့ ခိုင်သင်းကြည်က ဆိုပါတယ်။ ”လူကြီးနဲ့လူငယ် အ ကပြိုင်ကြတဲ့ ပုံစံမျိုး လုပ်ကြမှာ။ ဒါပေမဲ့ ကိုယ်က အကအဖွဲ့ထဲ မှာ ပါဖို့ကျတော့ လည်း ယူရေနီယမ် တို့နဲ့ တွဲကရမှာလေ။ ကိုယ်က မကတတ်တော့ သူတို့က ညှာပြီး ကနေရမှာ စိုးတာကြောင့်နှစ်ဖက်ကြားက ဒိုင်ပုံစံပဲ ပါဖြစ်တော့ တာ” လို့ပြောပြပါတယ်။
ပြဇာတ်တော်တော်များများ ကခဲ့ဖူးပေ မယ့် ဥမ္မာဒန္တီအဖြစ် ကခဲ့တာကတော့ အမှတ်တရပဲလို့ဆိုတဲ့ ခိုင်သင်းကြည်က ”အရင် ကိုရာဇာနေ ဝင်းတို့ တစ်ခေတ်တုန်းကလည်း ၄၊ ၅ရက်ဆက်တိုက် ကပြရတယ်။ ကိုလွင်မိုးနဲ့ နန္ဒာလှိုင် တို့နဲ့တုန်းကလည်း ပရိသတ်တွေကြိုက်ကြတယ်။ နောက်ပိုင်း မှာ လည်း တော်တော်
ကဖူးတယ်။ ဥမ္မာဒန္တီကတော့ ကိုယ့်ဘဝ အတွက် ကနေကျ ပုံစံ မဟုတ်တော့ ထူးခြားတာပေါ့။ အဲဒီလို မြန်မာဝတ်စုံနဲ့ ဇာတ်အပြောတွေနဲ့ မကဖူးဘူး။ ပုံမှန်ကားရိုက်တာထက် အသံကိုတင်ပြောရတယ်။ အိုဗာ အိုက် တင်လေး လုပ်ရတယ်။ မခိုင်က အပြင်မှာ စကားတိုးတိုးလေးပြောပြီး အေးေ အးနေ တဲ့အထဲမှာ မပါဘူးဆိုတော့ ကွက်တိပေါ့။ ဥမ္မာဒန္တီ ကတော့ အမှတ် တရပါပဲ။ပရိသတ်တွေနဲ့ တိုက်ရိုက်ထိ တွေ့ ဖို့ကလည်းကိုယ်က အဆိုတော် လည်းမဟုတ်တော့ ဒီလိုပြဇာတ်ကမှပဲ တွေ့ရတာလေ”လို့ ပြောပြ ပါတယ်။ ဒီနှစ်အကယ်ဒမီပွဲနဲ့ ပတ်သက်ပြီး ”အရင်တုန်းက ရန်ကုန်မှာပဲ ဒီဇင် ဘာနောက်ဆုံးပတ်ဆို ကျင်းပကြပြီးနောက်ပိုင်းကျမှ ခရီးဝေးသွားရပြီး ဒီဇင်ဘာ လည်း မဟုတ်တော့ပေမယ့် အကယ်ဒမီပွဲကိုတော့ တက်ကြတာပါပဲ”လို့ပြောပါ တယ်။

ပေါ်ပြူလာ မှ သိသမျှ ။

No comments:

Post a Comment