Thursday 1 November 2012

နိုဝင်ဘာ၂ ရက်နေ့မှာဖြန့်ချိ မယ့် ဖြိုးကြီးရဲ့ မမုန်းကြေး


တစ်ကိုယ်တော်အခွေ မထွက်ရှိဖြစ်တာ ၉ နှစ်နီးပါးကြာမြင့်သွားပြီဖြစ်တဲ့ တေးသံရှင် ဖြိုးကြီးရဲ့ ဒုတိယတစ်ကိုယ်တော်စီးရီး ထွက်ရှိ လာပါပြီ။ ဖြိုးကြီးက ကြားထဲမှာတော့ စုံတွဲ သီချင်းခွေနှစ်ခွေထွက်ရှိခဲ့ပါသေးတယ်။ တစ်ကိုယ်တော်စီးရီးအတွက် အချိန်ကြာသွားတာကတော့ ကြားထဲမှာ ကိုယ့်ဘဝကို Setup ပြန်လုပ်နေရတဲ့ အချိန်တွေကြောင့်ကြာ သွားတာပါလို့ ဖြိုးကြီးကပြောပါတယ်။ ‘မမုန်းကြေး’ လို့ နာမည်ပေးထားတဲ့ ဖြိုးကြီးရဲ့ ဒုတိယတစ်ကိုယ်တော်အခွေမှာ ပရိသတ်တွေကို ဘယ်လို အံ့အားသင့်စေတဲ့ ပုံစံမျိုးတွေပါမလဲဆိုတော့ ဖြိုးကြီးက ”ကျွန်တော်ကတော့ အနုပညာကို အနုပညာလိုပဲ သီဆိုထားပါတယ်။ ပရိသတ်တွေနဲ့ တိုက်ဆိုင်မယ်လို့ လည်း မျှော်လင့်ထားပါတယ်။ ကျွန်တော်ပြောဖူးသလို ကိုယ့်တစ်ယောက်တည်းအတွက် ဆိုရင် အိမ်မှာ ဂစ်တာတီးပြီးဆိုမှာပေါ့။ ပရိသတ်အတွက် ဆိုတာဆိုတော့ ကျွန်တော့်အကြိုက်နဲ့ ပရိသတ်အကြိုက် သီချင်းတွေကို အကောင်းဆုံး သီဆိုထားပါတယ်”လို့ ဖြိုးကြီးက ပြောပါတယ်။
ဖြိုးကြီးရဲ့ ‘မမုန်းကြေး’ အခွေကို နိုဝင်ဘာ ၂ ရက်နေ့မှာ ရတနာမြိုင်တေးသံသွင်းက ဖြန့်ချိမှာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနား စတဲ့မြို့ကြီးတွေမှာ အမှတ်တရ လက် မှတ် ရေးထိုးကာ
တေးသီချင်းများသီဆိုပြီး ဖြန့်ချိသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ အရင်ကထက်စာရင် ဂီတလောက အနည်းငယ် ပြန်လည်ဦးမော့လာချိန်မှာ ဖြိုးကြီးရဲ့ ‘မမုန်းကြေး’ အခွေထွက်ရှိလာတာဟာ အချိန်ကောင်းဖြစ်နေမလားဆိုတော့ ”ဟိုးအရင်လောက်တော့ မကောင်းသေးပါဘူး။ ဒါပေမဲ့ လောဘတော့ တအားကြီး လို့မရဘူး။ တအားပြိုပျက်နေတာကို ပြန်လုပ်ရတာ ဆိုတော့လေ။ နည်းနည်းတော့ ကောင်းလာပါပြီ” လို့ ဖြိုးကြီးကပြောပါတယ်။ဖြိုးကြီးရဲ့ ‘မမုန်းကြေး’ အခွေထဲမှာတော့ သီချင်းဟောင်း တစ်ပုဒ်ပါဝင်မှာဖြစ်ပြီး ကျန်တာကသီချင်းအသစ်တွေပဲ ဖြစ်ပါတယ်။ ဖြိုးကြီးကသူ့ရဲ့ မမုန်းကြေးအခွေနဲ့ ပတ်သက်ပြီး ”ကျွန်တော် လုပ်နိုင်သမျှ အကောင်းဆုံး တတ်သလောက် လုပ်ခဲ့ပြီးပါပြီ။ ဒီအခွေပြီးရင်တော့ နောက်တစ်ခွေ အတွက်လည်း စီစဉ်နေပါတယ်”ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။

ရဲရဲ , ပေါ်ပြူလာ မြန်မာ မှ သိသမျှ ။

No comments:

Post a Comment