Thursday 1 November 2012

သမ္မတ အိုဘားမားနဲ့ မစ်ရူနေ တို့ ၂ ဦးကြောင့် ခလေးငယ်စိတ်ညစ်ပြီးငို (ရုပ်သံ/သတင်း)


အမေရိကန် NPR ရေဒီယိုက သမ္မတရွေးကောက်ပွဲ သတင်းတွေချည်းသာ ထုတ်လွှင့်နေလို့ စိတ်ညစ်ပြီး " 'I'm tired of Bronco Bamma and Mitt Romney"လို့ ပြောပြီး ငိုနေတဲ့ ကလေးမလေးတယောက် အကြောင်း Youtube မှာ အတော် လူကြိုက်များနေပါတယ်။

သမ္မတ အိုဘားမားနဲ့ မစ်ရူနေ တို့ ၂ ဦးလုံးရဲ့ သမ္မတ ရွေးကောက်ပွဲ အပြိုင်ကြဲနေကြတာကို ရေဒီယိုက ဘယ်လောက်တောင် ထုတ်လွှင့်နေလဲဆို အဆိုပါ ကလေးမလေး စိတ်ပျက်လောက်အောင်ဖြစ်ရတဲ့ အထိဖြစ်ရတာပါ။ ဒီအတွက် အမေရိကန် ရေဒီယိုကလည်း ကလေးမလေးကို တရားဝင် တောင်းပန်လိုက်ရ ပါတယ်။ 

အခြားကလေးတွေလည်း အခုလို အတော်ရှည်လျား ထွေပြားတဲ့ ကင်မ်ပိန်းတွေ ရေဒီယိုက လွှင့်တာကို
စိတ်ပျက်နိုင်တာကြောင့် ရေဒီယိုက သူတို့ ၀န်ခံရမှာဖြစ်တယ်လို့  NPR က ပြောထားပါတယ်။

အသက် ၄ နှစ်အရွယ် Fort Collins က သမ္မတ မဲဆွယ်ပွဲ ကင်မ်ပိန်းတွေကို NPR ရေဒီယို နားထောင်ရင်း အတော် စိတ် မသက်မသာ ဖြစ်ပြီးငိုခဲ့တာပါ။




သူ့အမေက မေးလို့သာ သူငိုရတဲ့ အကြောင်းကို ကလေးက ထုတ်ပြောရင်း ငိုနေခဲ့တာပါ။
ဒီကိစ္စ က ချက်ချင်း လူအများဆီပျံ့နှံ့သွားတော့ NPR ရေဒီယိုလည်း မျက်လုံးပြူးသွားခဲ့ရတာပေါ့။

နိုင်ငံရေး ကင်မ်ပိန်းသတင်းတွေက ကလေးတွေကို ငိုစေနိုင်တယ်ဆိုတဲ့ ကောက်ချက်ကလည်း အမေရိကန်
တွေ အတော်လူပြောများစေတဲ့ ဖြစ်ရပ်ဖြစ်လာနေပါတယ်။ ဒါနဲ့ နောက်ဆုံးတော့ ရေဒီယို ကလည်း ကလေး မလေးကို တောင်းပန်လိုက်ရတော့တာပါ။

အခုတော့ ကလေးမလေးက ပျော်ရွှင်နေပါပြီလို့ သတင်းတပုဒ်က ရေးသားထားပါတယ်။

ဧရာဝတီ ဘလောဂ် မှ သိသမျှ ။

No comments:

Post a Comment