Monday 12 November 2012

ကလေးအသားအရေကဲ့သို့ နူးညံ့ချောမွေ့ သွားစေမည့် အဆင့်သုံးဆင့်


ကလေးငယ်လေးတွေ ရဲ့ အရေပြား တွေကို ထိတွေ့ ကြည့်တဲ့ အခါ နူးညံ့ပြီး ချောမွေ့နေတာကို သင်သတိပြုမိမှာပါ။ အဲဒီအခါ ကလေး အသားအရေလို ဖြစ် ချင်လိုက်တာ ဆိုတဲ့ အတွေး ဝင်မိပါသ လား။ အသက်အရွယ် ရလာတာနဲ့ အမျှ ရာသီဥတုဒဏ်၊ အစားအသောက်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုတို့အ ပြင် တခြားအလေ့အထဆိုးတွေကြောင့် အသားအရေတွေက ပျက်စီးကြမ်းတမ်း လာတတ်ပါတယ်။ ဒါကြောင့် ကလေးအ သားအရေလို နူးညံ့ချောမွေ့နေစေဖို့ နေ့ စဉ် လုပ်ဆောင်ပေးသင့်တဲ့ အဆင့်သုံး ဆင့်ကို ရေးသားလိုက်ရပါတယ်။

အဆင့် () မျက်နှာကို တစ်နေ့ နှစ်ကြိမ် သစ်ပါ

နေ့စဉ်သုံးဖို့ ရည်ရွယ်ထုတ်လုပ်ထား တဲ့ သန့်စင်ဆေးရည်ကို သုံးပြီး မျက်နှာ ကို နှိပ်နယ်ကာ သန့်စင်ပေးပါ။ ဒီလို သန့် စင်ပေးတာက မျက်နှာပေါ်က မသန့်စင် တဲ့ အညစ်အကြေးတွေကို ကင်းစင်စေရုံ သာမက အရေပြားကို လေဝင်လေထွက် ပိုကောင်းစေပါတယ်။ ဒါ့အပြင် မျက်နှာ အရေပြားရှိ အဆိပ်အတောက်နဲ့ ဘက် တီးရီးယားတွေကို လျော့ကျစေပါတယ်။

မျက်နှာမသစ်ခင် လက်အရင်ဆေးပါ

ဒါက အရေးကြီးဆုံး အချက်ပါ။ ဒါ ကို လူအများစုက မေ့လျော့နေတတ်ပါ တယ်။ မျက်နှာမသစ်ခင် လက်ကို အရင် ဆုံးဆေးကြောပေးတာက လက်မှာ ကပ် ညိနေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်း
စင်စေပါတယ်။

-အပျော့စား မျက်နှာသစ်ဆပ်ပြာသုံးပါ

မျက်နှာကို အရင်ဆုံး ရေမြှုပ်၊ ပိတ် စ စတာတွေနဲ့ မပွတ်တိုက်ပါနဲ့။ ကြက်သီး နွေးရေနဲ့ အရင်ဆေးချပြီးမှ အပျော့စား ဆပ်ပြာသုံးကာ ပွတ်တိုက် သန့်စင်ပေးပါ။ ပြီးရင် အပျော့စားကြေးချွတ်ဆပ် ပြာသုံးပြီး တစ်မိနစ်လောက် ကြေးချွတ် ပေးပါ။ အရေပြားပေါ်က ဆဲလ်သေတွေ ကို ကွာကျစေပါတယ်။ နောက်ဆုံးမှာ မျက်နှာကို ခြောက်အောင် တဘတ်နဲ့ညင် ညင်သာသာ သုတ်ပေးပါ။ မပွတ်ပါနဲ့။ ပွတ် လိုက်ရင် အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ် စေပြီး မလိုလားအပ်တဲ့ ဘက်တီးရီးယား ပိုးတွေ ပြန်လည်ကပ်ညိလာနိုင်ပါတယ်။

အဆင့် () အရေပြားကို အစိုဓာတ်ရအောင် ထိန်းသိမ်းပါ

လူ့ခန္ဓာကိုယ်ကို ရေဓာတ် များစွာ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ရေမရှိ ရင် အရေပြားအပါအဝင် အင်္ဂါအစိတ် အပိုင်းတွေ ကျန်းမာဖို့နဲ့ ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ရေကို များများသောက်ဖို့ လိုပါတယ်။ ဒါ့ အပြင် သင့်အသားအရေအမျိုးအစားက ဘယ်လိုပုံစံပဲ ဖြစ်ဖြစ်၊ အရေးပါတဲ့ ဗီတာ မင်နဲ့ အစိုဓာတ်တို့ ရရှိအောင် သဘာဝ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးသင့်ပါ တယ်။

အဆင့် () ကာကွယ်ပါ

နေကာခရင်မ်ဟာ အပြင်သွားတဲ့ အခါ အသားအရေ ထိခိုက်ပျက်စီးမှု မရှိ အောင် အထိရောက်ဆုံး ကာကွယ်ပေး နိုင်တဲ့ အသုံးအဆောင်ဖြစ်တာကြောင့် နေကာခရင်မ်ကို ပုံမှန်လိမ်းသင့်ပါတယ်။

Good Health ကျန်းမာရေး နှင့် အလှအပဂျာနယ် မှ သိသမျှ ။

No comments:

Post a Comment