Monday 12 November 2012

မြန်မာ့ရိုးရာပိုးထည် ဒီဇိုင်းများနှင့် အကယ်ဒမီပွဲ


အကယ်ဒမီပေးပွဲအတွက် ပိုးထည်တိုက်တွေကလည်း စတင်ရက်လုပ်နေကြပြီဖြစ်ပါတယ်။ ပိုးထည်ဆိုင်တွေအနေနဲ့လည်း အကယ်ဒမီပေးပွဲကြီးကို သူတို့ရဲ့ ပိုးထည်ေ တွနဲ့ တစ်ဖက် တစ်လမ်းက နေ ပံ့ပိုးပေးနိုင်ကြရတဲ့အတွက် ဝမ်းသာပီတိဖြစ်ကြပါတယ်။ဒီလိုဝမ်းသာပီတိဖြစ် မှုတွေနဲ့အတူပဲ ဒီနှစ် အကယ်ဒမီ ပေးပွဲမှာကော ပိုးထည်ေ တွကို ဘယ်လိုအဆင်ဒီဇိုင်းမျိုးတွေကို အဓိကထားပြီး ယက်လုပ်နေကြပြီလဲ ဆိုတာနဲ့အတူ ဘယ်  အနုပညာရှင်တွေကို ဝတ်စုံကူညီပံ့ပိုးပေးကြမလဲဆိုတာတွေကို သိရဖို့အတွက် ‘ပိုးထည်ဆိုင်တွေနဲ့ အကယ်ဒမီပွဲ’ဆိုတဲ့ ကဏ္ဍလေးနဲ့ တင်ဆက်လိုက်ရပြန်ပါတယ်။
မနှစ်က ဒီဇိုင်းတွေနဲ့ ဒီနှစ်ဒီဇိုင်းက ကွာခြားမှုတွေရှိ သွားမှာပါ။
ဒီနှစ်က ပိုပြီးလည်း ထူးခြားသွား မှာပါ . . .
ကိုစိန်လင်း  (Aroma)

“ဒီနှစ်အကယ်ဒမီပေးပွဲမှာ ထက်ထက် မိုးဦး၊ ဂန္ထဝင်၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ မေဖြူဖြူ၊ မိုးယံဇွန်၊ မင်းရာဇာ၊ မင်းထက်နှင့် အခြားသောအနုပညာရှင်တချို့ ကိုလည်း ဝတ်စုံဖက်ရှင်ဒီဇိုင်းဖြင့် ကူညီပံ့ပိုး ပေးမှာဖြစ်ပါတယ်။ မနှစ်ကလည်းအနုပညာရှင်စုစု ပေါင်း အယောက် ၂ဝ နီးပါးကို Aroma က ကူညီပေးဖြစ်ခဲ့တယ်။ မနှစ်က ဒီဇိုင်းတွေနဲ့ ဒီနှစ်ဒီဇိုင်းက ကွာခြားမှုတွေရှိ သွားမှာ ပါ။ ဒီနှစ်က ပိုပြီးလည်း ထူးခြားသွား မှာပါ။ ဖက်ရှင်ဒီဇိုင်းတွေ ပိုပြီးဆန်းသစ်အောင်လည်း တီထွင်ထားပါ တယ်။ အခုကတည်းကစပြီး Aroma က အကယ်ဒမီ ပေးပွဲအတွက် ပြင်ဆင်နေပါတယ်။ ဒီနှစ် သဇင်ပန်းတွေနဲ့ အနုပညာကို မြိုင် နေအောင်လုပ်ဖို့ စိတ်ကူးထားပါတယ်။ အနုပညာရှင် တွေက မနှစ်က သူတို့ဝတ်ပြီးတဲ့အရောင်တွေကို ရှောင်တယ်။ ဒီနှစ်ကသူတို့ဖီလင်လာတဲ့အရောင်နဲ့ကျွန်တော်တို့ Aroma ဘက်က လည်းသူတို့နဲ့လိုက်ဖ က်မယ့်အရောင်လေးတွေကိုအနုပညာရှင် တွေနဲ့တိုင်ပင်ပါတယ်။ပွဲခင်းထဲမှာထင်ထင်ရှားရှားဖြစ်စေမယ့် အရောင်လေးတွေကိုပြင်ဆင်ထားပါတယ်။ကျွန်တော်တို့ Aroma က ဒီဇိုင်းလောကကို နောက်ဆုံးမှဝင်ရောက်လာတာပါ။ အဲဒါ ကြောင့် ကျွန်တော်တို့အမြင်တွေနဲ့
အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ”

ဒါဒါရဲ့ ပိုးထည်ဆိုင်က ဒါဒါတို့ ညီအစ်မတွေရယ်၊ မိုးဟေကိုရယ်၊ ကစ်ကစ်(ဝတ်မှုံရွှေရည်)ကိုတော့ ပြောထားတယ်  . . .
စိုးမြတ်နန္ဒာ (karat silk)

 ”ဒီနှစ်အကယ်ဒမီပေးပွဲမှာ ဒါဒါရဲ့ ပိုးထည် ဆိုင်က ဒါဒါတို့ ညီအစ်မတွေရယ်၊ မိုးဟေကိုရယ်၊ ကစ်ကစ်(ဝတ်မှုံရွှေရည်)ကိုတော့ ပြောထားတယ်။ ကိုရန်လေး (ရန်ေ အာင် )ရဲ့ ဝတ်စုံကိုလည်း စပွန်ဆာပေးမှာပါ။ အကယ် ဒမီပွဲနဲ့ ပတ်သက်ပြီးတော့သိပ်မလုပ်ထားသေးဘူး။ လူကလည်း သိပ်အများကြီးပေးမှာ မဟုတ်ဘူး။ ရက်ကန်း နိုင် သလောက်လုပ်မှာပါ။ ဆိုင်မှာရှိတဲ့ဟာတွေကို လုပ်မှာမဟုတ် ဘူး။ အရောင်ပြောခိုင်းတယ်။ သူတို့လိုချင်တဲ့ ချိတ်ဒီဇိုင်းကို ပြောခိုင်းတယ်။ ပြီးတော့မှ ရက်ကန်းပေါ် တင်ပေးမှာပါ။ ဒီးဒီ(စန္ဒီမြင့်လွင်)ကျတော့ သူနဲ့လိုက်တဲ့ baby pink လေး၊ ပန်းစီရောင်ပေါ့။ မကြီး(စိုးမြတ်သူဇာ)အတွက်တော့ မတိုင်ပင်ရသေးဘူး။ ဒါဒါ ကတော့ ကိုယ့်အတွက် မစဉ်းစားရသေးဘူး။ ဆိုင်မှာရှိတာ အဆင်ပြေတာကို ဝတ် သွားလိုက်မှာပါ။ ဒါဒါကတော့ အချိန်လည်းမရတော့ ဒီနှစ် ကို မြန်မာဆန်ဆန်ပိုပြီး ဝတ်ဖြစ် မယ်ထင်တယ်။ အကယ်ဒမီပွဲကို ရန်ကုန်မှာကျင်းပမယ်ဆိုတော့ ဝမ်းသာ ပါတယ်။ နေပြည်တော်သွားတဲ့ခရီးကိုတော့ လွမ်းတာပေါ့”

အမျိုးသမီးတွေလှသလို အမျိုးသားတွေ ကိုလည်း လှစေချင်တယ်လေ။
မနှစ်ကလည်း ဒီလူတွေကိုပေးဖြစ်တယ် . . .
မလုံးလုံး(ဝါရွှေစင်ပိုးထည်ဆိုင်)

 “ဒီနှစ်ကိုတော့ စပွန်ဆာတော်တော်များများ ပေးဖြစ်တယ်။ ပြေတီဦး၊ ပိုင်ဇေရဲ ထွန်းတို့ဇနီးမောင်နှံ၊ ကောင်းခန့်၊ ဝေဠုကျော်၊ ဦးဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ဆုပန်ထွာ၊ မိုးပြည့်ပြည့်မောင်၊ မျိုးစန္ဒီကျော်၊ စံရတီမိုးမြင့်၊ ဂျူးဂျူးကေ၊ နိုနိုကေနဲ့ တခြားပေးထားတဲ့သူ တွေလည်းရှိတယ်။ ဒီနှစ်က ယောက်ျားလေးတွေကို ပိုပြီးစပွန်ဆာပေးဖြစ် တယ်။ အခု နောက်ပိုင်းမှာ ယောက်ျားလေးတွေကလည်း အပြိုင်အဆိုင် ချိတ်တွေဝတ်တဲ့ပုံစံတွေရှိတယ်။ အမျိုးသမီးတွေလှသလို အမျိုးသားတွေကိုလည်း လှစေချင် တယ်လေ။ မနှစ်ကလည်းဒီလူတွေကို ပေးဖြစ်တယ်။ ဒီဇိုင်းတွေကတော့ တစ်ခုနဲ့တစ်ခုမတူအောင် သူတို့စိတ်ကြိုက် ရွေးခိုင်းတယ်။ ဒီနှစ်ကို ယောက်ျားချိတ်ပုံစံမျိုးကို မိန်းမချိတ်မဆန်တာမျိုး ခေတ်စား မယ်ထင်တယ်။ ဒီနှစ်အတွက် ရက်ကန်းမှာ စပြီးလုပ်နေရပြီ။ ကိုယ့်ဆီကဝတ်စုံဝတ်ပြီးယူတဲ့နှစ်မှာ အကယ်ဒမီရသွားရင် တအားဝမ်း သာတယ်။ မနှစ်ကဆို ကိုဝေဠုကျော် ရသွားတာလေ”

ဒီနှစ်ပိုင်းမှာ တော့ ရှေးက ဒီဇိုင်းတွေကို ပြန်ပြီး ဖော် ထုတ်လာကြပြီ။
ကြိုးအကြီးတွေလည်း ပြန် ဝတ်ကြတယ် . . .
မေနန်းထိုက်(နန်းထိုက်ပိုးထည်ဆိုင်)
 
“ကျွန်မတို့အကယ်ဒမီပေးပွဲမှာ စပွန် ဆာပေးတာ ၃နှစ်ရှိပါပြီ။ မယ်လိုဒီကိုပဲ ၃နှစ် လုံးပေးဖြစ်တာပါ။ သူနဲ့ပဲ စပြီးကြော်ငြာ ရိုက်ခဲ့တာဆိုတော့ သူနဲ့ပဲ ကျွန်မတို့ရဲ့ Logo   တံဆိပ်ကို တွဲသိနေကြတာပေါ့။ အဲဒါကြောင့် အများကြီးမပေးဖြစ်တော့တာပါ။ တစ်နှစ်နဲ့ တစ်နှစ် ဒီဇိုင်းမတူအောင်တော့ သူနဲ့ညှိရတာပေါ့။ ကျွန်မတို့ထွင်ထားတဲ့ ဒီဇို င်းတွေကို လည်း သူ့ကိုပြတယ်။ သူကလည်း ဘာအရောင်လေးဝတ်ရင် အဆင်ပြေမလဲဆိုပြီး တော့ သူများမဝတ်တဲ့အရောင်တွေ၊ ဒီဇိုင်းတွေကို တိုင်ပင်ပြီး ကျွန်မက လည်းရက်ကန်း ပညာနဲ့ရက်လို့ရအောင် လုပ်ပေးတာပေါ့။ ကျွန်မတို့က ပိုးအစစ်ကိုပဲ လွန်း၃ဝဝ၊ လွန်း ၂ဝဝ ခတ်တယ်။ အပေါ်က တန်ဆာပလာ တွေ ထည့်ရတာပေါ့။   မြန်မာမှုတွေဝတ်ပြီး တက် တဲ့ပွဲမှာ ကိုယ့်ရဲ့ပစ္စည်းကိုလည်းပါဝင် ပြသရတဲ့အတွက် ပိုပြီးဂုဏ်ယူတာပေါ့။ ရန်ကုန်မှာကျင်းပတော့ ပိုပြီးအဆင်ပြေတယ်။ ပြင်ရဆင်ရ၊ သွားရလာရတာတွေကအစ အခက်အခဲ မရှိတော့ဘူး။ ဒီနှစ်လည်း မယ်လိုဒီအတွက် ပြင်ဆင်နေပါပြီ။ဒီနှစ်ပိုင်းမှာ တော့ ရှေးက ဒီဇိုင်းတွေကို ပြန်ပြီး ဖော် ထုတ်လာကြ ပြီ။ ကြိုးအကြီးတွေလည်း ပြန် ဝတ်ကြတယ်။ ကြိုးအကြီးကိုမှ သိပ်အဆန်း ကြီးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ပေါ်မယ့် အရောင် နှစ်ရောင်လောက် ထည့်ထားတာ မျိုးတွေ ကြိုက်ကြတယ်။ ကျွန်မတို့ဆိုင်ရဲ့Customer တွေလည်း ဒီလိုပုံစံတွေ ကြိုက် ကြတယ်။ အရောင်တောက်တောက်တွေ လည်း ပိုဝတ်ကြတယ်”

ဟိန်းကိုကို(နေလပိုးထည်တိုက်)
 
“အကယ်ဒမီအတွက် ဝတ်စုံကို မေသဉ္ဇာဦးနဲ့ မေသက်ခိုင်နဲ့ တခြားနောက် ထပ်အနုပညာရှင်တွေကို ပေးဖြစ်မယ်။ မနှစ် ကလည်း မေသက်ခိုင်ကိုပေးဖြစ်တယ်။ ဒီဇိုင်း ကိုလည်း ထူးထူးဆန်ဆန်းလေးနဲ့ မတူ အောင် အရောင်ကအစလုပ်မှာပါ။ ရက်ကန်းကလည်းစပြီး လုပ်နေပါတယ်။ ဒီနှစ်က ကြိုးကြီးချိတ်တွေ ခေတ်စားတယ်လေ။ ကိုယ့်ပိုးထည်က ဝတ်စုံလေးနဲ့လှနေတာကို မြင်ရရင် ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ပီတိခံ စားရတယ်။ သူတို့ဘယ်လောက်လှသွားမလဲ ဆိုတာကို ကြိုတင်ခံစားနေရတယ်”
ဒီနှစ်မှာတော့ ရှေးက ဒီဇိုင်းတွေကို ပြန်ပြီး ဖော်ထုတ်လာကြပြီ။ ကြိုးအကြီးတွေလည်း ပြန်ဝတ်ကြတယ်။ ကြိုးအကြီးတွေကိုမှ သိပ်အဆန်းကြီးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း နဲ့ပေါ်မယ့် အရောင်နှစ်ရောင်လောက် ထည့်ထားတာမျိုးတွေ ကြိုက်ကြတယ်။ ကျွန်မတို့ဆိုင်ရဲ့Customerတွေလည်းဒီလိုပုံစံတွေကြိုက်ကြတယ်အရောင်တောက်ေ တာက်တွေလည်း ပိုဝတ်ကြတယ်”

ဒီဇိုင်းကိုလည်း ထူးထူးဆန်ဆန်းလေးနဲ့
အရောင်ကအစမတူအောင် လုပ်မှာပါ..ဟိန်းကိုကို(နေလပိုးထည်ဆိုင်)

”အကယ်ဒမီအတွက် ဝတ်စုံကို မေသဉ္ဇာဦး၊ မေသက်ခိုင်နဲ့ တခြားနောက်ထပ်အနုပညာရှင် တွေကို ပေးဖြစ်မယ်။ မနှစ်ကလည်း မေသက် ခိုင်ကို ပေးဖြစ် တယ်။ဒီဇိုင်းကို လည်းထူးထူးဆန်းဆန်းလေးနဲ့ အရောင်ကအစ မတူအောင် လုပ်မှာပါ။ ရက်ကန်းကလည်းစပြီး ရက်နေပါတယ်။ ဒီနှစ်က ကြိုးကြီးချိတ်တွေ ခေတ်စားတယ်လေ။ ကိုယ့် ပိုးထည်က ဝတ်စုံလေးနဲ့လှနေတာကို မြင်ရရင် ရင်ထဲမှာ ဖော်မပြနိုင်တဲ့ပီတိခံစားရတယ်။သူတို့ဘယ်လောက်လှသွားမလဲဆိုတာကို ကြိုတင်ခံစား နေရတယ်”

ဒီဇိုင်းကိုတော့ အကယ်ဒမီအတွက်ဆိုပြီး
ထူးထူး ခြားခြားလုပ်ထားပါ တယ်….
သားစိုး(ရွှေပိုးနန်းတော်ပိုးထည်ဆိုင်)
 
“ကျွန်တော်တို့ ဂီတသမားတွေ တော်တော်များများအကုန်နီးပါးကို ကျွန်တော်တို့ပိုးထည်တိုက်က အဝတ်အစားတာဝန်ယူပေးမှာပါ။ ရုပ်ရှင် ဘက်ကဆိုလည်း မိုးေ အာင်ရင်၊ ဇေယျ၊ မင်းရာဇာ၊ ရီဝေယံ၊ ကောင်းပြည့်၊ မိုးယံဇွန်၊ ဇင်ဇင်ဇော်မြင့်၊ ပွင့်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ အေသင်ချိုဆွေ ပြီးတော့ ဂီတအစည်းအရုံးက လူကြီးတွေ ကိုလည်း ကျွန်တော်တို့ပိုးထည် တိုက်က ကူညီပေးမှာပါ။ ဂီတသမားတွေကတော့ အကုန်လုံး ကျွန်တော်တို့ ဆီကပဲ ယူကြမှာပါ။ ဒီဇိုင်းကိုတော့ အကယ်ဒမီအတွက်ဆိုပြီး ထူးထူး ခြားခြား လုပ်ထားပါတယ်။ aroma ဖက်ရှင်ဆိုင်နဲ့ ညှိပြီးလုပ်တယ်။ အရောင်ကတော့ ဒီနှစ်ရဲ့ ပေါက်အရောင်ဖြစ်တဲ့ လိမ္မော်ရောင်နဲ့ တခြား အရောင်တွေ တွဲ လုပ်တယ်။ ပြီးတော့ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိတဲ့ လူကြီးတွေကိုလည်း ကမ်းလှမ်းထားတယ်။ဒီနှစ်ကတော့ တော်တော် များများကို အဝတ်အစား စပွန်ဆာပေးဖြစ် မှာပါ။ တခြားမင်းသားတွေ မင်းသမီးတွေကိုလည်း ကမ်းလှမ်းထားတာရှိပါတယ်။”

ပေါ်ပြူလာအဖွဲ့သားများ မှ သိသမျ ။

No comments:

Post a Comment