Friday 16 November 2012

နှင်းခဲပျော်ချိန်တွင် အဓိကသရုပ်ဆောင်အဖြစ် မြင်ရမည့် ချမ်းချမ်း


သိပ်ချစ်တယ်၊ အရမ်းမုန်းတယ် စီးရီးဖြင့် ပရိသတ်ထပ်မံရရှိထားသည့် အဆိုတော်ချမ်းချမ်းက “နှင်းခဲပျော်ချိန်” ဇာတ်ကားတွင် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
“အရှေ့မှာ ၃-၄ ကားလောက် ကိုနေတိုးတို့က အကူညီတောင်းတာနဲ့ ဒါရိုက်တာနဲ့သိတာကြောင့် ရိုက်ဖူးတယ်။ ထိထိရောက်ရောက် ပုံစံတစ်ခုတော့ မရဘူးပေါ့နော်။ အဲဒီတုန်းက အစ်မက အားနာနာနဲ့ ရိုက်ပေးခဲ့တာများတယ်။ အခုချိန်ကျတော့ ကိုယ့်အတွက် နေရာလေးရမယ့် ပုံစံမျိုးဆိုတော့ ဘက်မျှတယ်။ အစ်မအတွက် ဘက်မျှမှ အဆင်ပြေမှာလေ။ role တစ်ခုတည်းအရလည်း ပါဝင်တဲ့သူနဲ့ တန်းတူသရုပ်ဆောင်မှ ဖြစ်မှာလေ။ အစ်မ အဲဒါကြောင့် ရွေးဖြစ်သွားတာပါ”ဟု ချမ်းချမ်းကပြောသည်။
ဇာတ်လမ်း၏ ဇာတ်ညွှန်းကို ဘုဏ်းသိုက်က ရေးသားထားပြီး ဒါရိုက်တာကိုပေါက်က ရိုက်ကူးမည်ဖြစ်ပြီး လူငယ်နှစ်ဦး၏ အချစ်အကြောင်းနှင့် အိမ်ထောင်ရေးဖောက်ပြန်သော ဇာတ်လမ်းကို ကျောရိုးယူထားသည့်
“နှင်းခဲပျော်ချိန်”တွင် ဘုဏ်းသိုက်နှင့် ချမ်းချမ်းတို့က ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။
“အစ်မတို့ကျတော့ အမြဲတမ်းရိုက်နေတဲ့သူမဟုတ်တော့ ရိုက်ကူးရေးလုပ်ရတာ တကယ့်ကို အလေးနက်ထားပြီး လုပ်ရတယ်။ အမြဲရိုက်နေတဲ့ သူတွေကျတော့ မုဒ်သွင်းရတာလွယ်တယ်။ အစ်မတို့ကျတာ့ အမြဲတမ်းရိုက်နေတာမဟုတ်တော့ ဇာတ်လမ်းကာရိုက်တာကို ၀င်အောင် စိတ်သွင်းရတာပေါ့”ဟု ဇာတ်ကားရိုက်ကူးမှု အခက်ခဲကို ချမ်းချမ်းကပြောသည်။

7 DAY NEWS မှ သိသမျှ ။

No comments:

Post a Comment