“Facebook က ဓာတ်ပုံရဲ့ တည်နေရာကို ကြည့်တဲ့အခါ ရင်ပြင်တော် အနောက်မြောက် ဘက် အော င်မြေ ဖြစ်နေတယ်။
ဒါပေမဲ့ ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေရဲ့ ပုံကို ကြည့်တဲ့ အခါကျတော့ ငုံ့ကြည့်တာ မတွေ့ဘူး။ ဗုဒ္ဓ ဘာသာဝင်တွေ အနေနဲ့ ဒါကြီး မျက်စိထဲမြင်ရင်တော့ တော်တော်လေး ထူးဆန်းနေမယ့်ကိစ္စပဲ။ လုံခြုံရေး လည်း ပြောဖို့ ဝတ္တရား ရှိတယ်။ ပြောမှာပဲ။ ဒါပေမဲ့ စကားမပေါက်လို့ မပြောရဲလို့လည်း ဖြစ်မှာပါ” ဟု ၎င်း
က ပြောသည်။

ထို့ကြောင့် လုံခြုံရေး ဝန်ထမ်းများကိုလည်း ဘာသာစကား
လေ့ကျင့် သင်ကြားပေးသွား မည် ဖြစ်ေ ကြာင်း၊ ပြည်ပ ဧည့်တိုင်း ကို ကြပ်မတ်
စောင့်ကြည့်မှုမျိုး ပြုလုပ်မည်မဟုတ်ဘဲ မဖွယ်မ ရာ ပြုမူ နေထိုင် တတ်သော
အရွယ်များကိုသာ ဂရုစိုက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒီလိုမျိုးက ဖြစ်ခဲတယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင် သတိထား
ဆောင်ရွက်သွားမှာပါ” ဟု ၎င်း က ပြော သည်။ မြန်မာနိုင်ငံသို့ လာရောက်သော
ပြည်ပဧည့်များတွင် ကျောပိုး အိတ် ခရီးသွားများ (FIT) သည် ထိုကဲ့သို့
ပြဿနာများ ဖြစ်ပွားလေ့ ရှိကြောင်း၊ ဓာတ်ပုံပါ အဆိုပါ စုံတွဲမှာလည်း FIT ပင်
ဖြစ်နိုင်ကြောင်း ဧည့်လမ်းညွှန် တစ်ဦးက သုံးသပ်သည်။ “ဧည့်လမ်းညွှန်ပါရင်
ဒီလို လှဲအိပ်တာမျိုး မပြောနဲ့။ ဘုရား ရုပ်ထုအတိုင်း တင်ပျဉ်ခွေထိုင်ပြီး
ဓာတ်ပုံရိုက်တာမျိုးတွေတောင် အဖြစ်မခံပါဘူး။ ဒီစုံတွဲကလှဲအိပ်ပြီး
စိန်ဖူးတော်ကြည့်တာ လား။ တမင်ပဲ အနေအထိုင် မတတ်တာလားတော့ မသိဘူး” ဟု ၎င်းက
ပြောသည်။
No comments:
Post a Comment