Friday 2 November 2012

ဟယ်ရီပေါ်တာမင်းသား အသက်အငယ်ဆုံးနှင့် ၀င်ငွေအကောင်းဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်လာ


ကမ္ဘာကျော်ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားတွဲတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သူ ဒန်နီရယ်ရက်ကလစ်သည် ဗြိတိန်နိုင်ငံရှိ အသက်အငယ်ဆုံး သရုပ်ဆောင်များထဲတွင် ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ၎င်း၏ တစ်နှစ်ဝင်ငွေမှာ ပေါင်၅၃ဒသမ ၃သန်းရှိသည်ဟုသိရသည်။ အသက်၂၃နှစ်အရွယ် ဒန်နီရယ်ရက်ကလစ်သည် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲ၏ နောက်ဆုံးရုပ်ရှင်နှစ်ကားဖြစ်သည့် DeathlyHollows ဇာတ်ကားတွင် သရုပ်ဆောင်ကြေးအဖြစ် ပေါင်၂၅သန်းရရှိခဲ့သည်။ ရက်ကလစ်၏နောက်တွင် ဒုတိယ၀င်ငွေအများဆုံးဖြင့် လိုက်ပါလာသူမှာ သွေးစုပ်ဖုတ်ကောင် ဇာတ်ကားဖြစ်သည့် Twilightဇာတ်ကားတွင်
သရုပ်ဆောင်ခဲ့သည့် ရောဘတ်ပက်တီဆန်ဖြစ်ပြီး တတိယနေရာတွင် မင်းသမီးကီရာနိုက်လေး ဖြစ်သည်ဟုသိရသည်။

PYIMYANMAR JOURNAL မှ သိသမျှ ။

No comments:

Post a Comment