Thursday, 22 November 2012

အသက် ၄၀ ကျော် အမျိုးသားများအတွက် ထိပ်တန်းကျန်းမာရေး အန္တရာယ်များ


အသက် ၄၀ ကျော်ချိန်မှာ အမျိုးသား တွေအနေနဲ့ အောက်ပါ အချက်တွေကြောင့် ကျန်းမာရေး ထိခိုက်မှု ဖြစ်တတ်ပါတယ်။

လူပျိုကြီးဖြစ်ခြင်း သို့မဟုတ် တစ်ဦးတည်း ဖြစ်ခြင်း

လေ့လာမှု အမျိုးမျိုးအရ လက်ထပ်ထားတဲ့ အမျိုးသားတွေဟာ အထူးသဖြင့် အသက် ၅၀၊ ၆၀နဲ့ ၇၀ အရွယ်တွေမှာ လက်မထပ်ထားသူ၊ အိမ်ထောင် ကွဲသူနဲ့ မုဆိုးဖိုတွေထက် ကျန်းမာရေး ပိုမိုကောင်း မွန်ပြီး သေဆုံးမှုနှုန်း ပိုနည်းတယ်လို့ သိရပါတယ်။ လူပျိုကြီးတွေက နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ သေဆုံးနိုင်ခြေ သုံးဆပိုများပါတယ်။

အကြောင်းရင်း

အိမ်ထောင်ရှိတာက စိတ်ဖိစီးမှုအဆင့်နဲ့ စိတ် ဓာတ်ကျမှုကို လျော့ကျစေပြီး စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ် ကျတာက နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်လို့ပါ။ လူပျိုကြီးတွေနဲ့ အိမ်ထောင်ကွဲထားသူတွေဟာ အရက်ပိုသောက်တာ၊ အစာကို ဖြစ်သလိုစားတာ၊ ကျန်းမာရေးစစ်ဆေးမှု မခံယူဖြစ်တာစတဲ့ အလေ့အထတွေကို ပိုမိုလုပ်ဖြစ်တာကြောင့် လည်း ကျန်းမာ ရေး ထိခိုက်ရတတ်ပါတယ်။

လျှပ်စစ်ပစ္စည်းများကို အလွန်အမင်း အသုံးပြုခြင်း
 
အင်တာနက်စွဲလမ်းမှုဝေဒနာဟာ အမျိုးသား တွေကို ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ လျှပ်စစ် ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ တက်ဘလက်၊ လက်တော့ပ်၊ ကွန်ပျူတာစတဲ့ အရာတွေနဲ့
အချိန်ကုန်နေတာ ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ သဘာဝပတ် ဝန်းကျင်နဲ့ ထိတွေ့တာ၊ လူတွေနဲ့ အဆက်အဆံလုပ် တာတို့ကို လုပ်ဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။

အကြောင်းရင်း

လူတွေနဲ့ပေါင်းသင်း ဆက်ဆံရေးနည်းသွားတာ က စိတ်ဓာတ်ကျတာနဲ့ သူငယ်ပြန်တာတို့ ဖြစ်နိုင် ခြေကို မြင့်တက်စေပါတယ်။ ဒါ့အပြင် အထိုင်များတာ ကြောင့် နှလုံးရောဂါ၊ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ၊ အဝလွန်တာနဲ့ အရွယ်မတိုင်ခင် သေဆုံးမှု တို့ကို ဖြစ်စေနိုင်ပါတယ်။

ဂရုမစိုက်ဘဲ ကားမောင်းခြင်း

အမျိုးသားတွေက အမျိုးသမီးတွေထက် ကား မတော်တဆထိခိုက်မှု ပိုဖြစ်လေ့ရှိပါတယ်။ အသက် ၅၀-၆၀ အရွယ် အမျိုးသားတွေက ယာဉ်တိုက်မှု ကြောင့် အမျိုးသမီးတွေထက် သေဆုံးနိုင်ခြေ နှစ်ဆ ပိုများပါတယ်။

အကြောင်းရင်း

သက်လတ်ပိုင်းအမျိုးသားတွေက ကားမောင်း ရင်း အိပ်ငိုက်တာကြောင့် မတော်တဆ ထိခိုက်မှု များတတ်ပါတယ်။ ဒါကြောင့် ညဘက်မှာ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့နဲ့ ပင်ပန်းနွမ်းနယ်နေချိန် ကား မမောင်းဖို့ လိုအပ်ပါတယ်။

နေကာခရင်မ်သုံးရန် မေ့လျော့ခြင်း

အသက် ၄၀ ကျော် အမျိုးသားတွေက ခရမ်း လွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်တယ်လို့ အရေပြားကင်ဆာဖောင်ဒေး ရှင်းက ဆိုပါတယ်။ အမျိုးသားတွေက အမျိုးသမီး တွေထက် အရေပြားကင်ဆာဖြစ်နိုင်ခြေ နှစ်ဆပို များပြီး သေဆုံးမှုပိုဖြစ်ကြောင်း သိရပါတယ်။

အကြောင်းရင်း

အမျိုးသားတွေက အိမ်ပြင်ထွက်ပြီး အလုပ်လုပ် တာနဲ့ အားကစားလုပ်တာ ပိုများတဲ့အပြင် ဆံပင်တို ထားတာနဲ့ နေကာခရင်မ်မလိမ်းတာကလည်း အကြောင်းရင်းတစ်ရပ်ဖြစ်နေပါတယ်။ ဒါကြောင့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအမျိုးသားတွေက အရေပြားမှာ အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်တာနဲ့ အရေပြားအထူးကုထံ ချက်ချင်းသွားပြသင့်ပါတယ်။ အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ဖို့ နေကာခရင်မ်လိမ်းပါ၊ လုံခြုံတဲ့အဝတ်အစားကို ဝတ်ပါ၊ တတ်နိုင်သမျှ အရိပ်ထဲမှာ နေထိုင်ပါ။

အစာကို ဖြစ်သလို စားခြင်း

အာဟာရချို့တဲ့မှုဟာ နှလုံးရောဂါ၊ ဆီးချို သွေးချိုရောဂါနဲ့ ကင်ဆာရောဂါတို့နဲ့ ဆက်စပ်နေပြီး အသက် ၄၀ ကျော် အမျိုးသားတွေကို သေဆုံးမှု ဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါ။ သက်လတ်ပိုင်း အမျိုးသားတွေက အလုပ်များတဲ့ လူနေမှုပုံစံကြောင့် အနီရောင်အသား၊ အဆင်သင့်အစာနဲ့ အမြန်စာ တို့ကို စားသုံးမှုများလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ် အလေးချိန်များတာ၊ ကိုလက်စထရောမြင့်တက်တာ၊ သွေးတိုးတာနဲ့ တခြားကျန်းမာရေး အန္တရာယ်တွေ မြင့်တက်နေပါတယ်။

အကြောင်းရင်း

တစ်ဦးတည်းနေတဲ့ သက်ကြီးပိုင်း အမျိုးသား တွေနဲ့ အရက်သောက်သူတွေက အာဟာရချို့တဲ့နေ ကြပါတယ်။ အကြောင်းကတော့ ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့ အစားအသောက်ကို မပြင်ဆင်ဖြစ်လို့ပါ။

စိတ်ဓာတ်ကျမှုကှုကို ကုသခြင်း

အမျိုးသမီးတွေက အမျိုးသား တွေထက် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားမှုနှုန်း သုံးဆကျော်ပိုများပေမယ့် အမျိုးသားတွေက သေဆုံးမှု ပိုများကြ ကြောင်း အမေရိကန် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအား ကာကွယ်ရေး ဖောင်ဒေးရှင်းက ဆိုပါတယ်။ ၂၀ဝ၉ ခုနှစ်မှာ ကိုယ့် ကိုယ်ကိုယ် သတ်သေသူအားလုံးရဲ့ ၇၉ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်ကြပြီး အသက် ၆၅ နှစ်ကျော်သူတွေ များကြောင်း သိရပါတယ်။

အကြောင်းရင်း

ဝမ်းနည်းကြေကွဲပြီး စိတ်ဓာတ်ကျ တဲ့ အမျိုးသားတွေက သူတို့ခံစားနေရတဲ့ စိတ်ဓာတ်ကျလက္ခဏာတွေကို သတိမမူ မိကြသလို လျစ်လျူရှုတာမျိုးလည်း လုပ် တတ်ပါတယ်။ ပင်ပန်းနုံးချည့်တာ၊ အလွန် အမင်း အိပ်စက်တာ၊ စိတ်တိုတာ၊ စိတ် ဂနာမငြိမ်ဖြစ်တာ၊ အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲတာ၊ အစာစားချင်စိတ်မရှိတာနဲ့ အိပ်စက်မှု ပုံစံပြောင်းသွားတာတို့က စိတ် ဓာတ်ကျကြောင်း ဖော်ပြနေတဲ့ လက္ခဏာ တွေ ဖြစ်တာကြောင့် ဒီလက္ခဏာတွေ ရှိရင် ဆရာဝန်နဲ့ ပြသပါ။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်ကြောင့် ထိခိုက်မှုဖြစ်တာ ကို အရင်ကလည်း ကြားဖူးမှာပါ။ အသက် ကြီးလာလေလေ၊ ဆေးလိပ်ကြောင့် ထိ ခိုက်မှု ဖြစ်နိုင်ခြေ ပိုဆိုးလေလေပါပဲ။ အ သက်ကြီးတဲ့ ဆေးလိပ်သောက်သူတွေက အဆုတ်ထိခိုက်မှု ဖြစ်နိုင်ခြေ ပိုများပါတယ်။

အကြောင်းရင်း

အသက် ၆၅နှစ်ကျော် အမျိုးသား တွေက လေဖြတ်တာကြောင့် သေဆုံးနိုင် ခြေ နှစ်ဆပိုများပါတယ်။ အဆုတ်ပွ ပန်း နာဖြစ်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်နဲ့ အဆုတ်ကင်ဆာဖြစ်သူတွေရဲ့ ၈၀-၉၀ ရာခိုင်နှုန်းက ဆေးလိပ်ကြောင့်ပါ။ ဆေး လိပ်သောက်တာကြောင့် အယ်လ်ဇိုင်း မားရောဂါအဖြစ်များပြီး ဆေးလိပ်မ သောက်သူတွေထက် သေဆုံးမှု ခြောက်ဆ ပိုဖြစ်နိုင်ကြောင်း သိရပါတယ်။


GOOD HEALTH ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် မှ သိသမျှ ။

No comments:

Post a Comment