Thursday 8 November 2012

တရားထိုင်ခြင်းသည် ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေသည်


တရားထိုင်ခြင်းသည်လည်း ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေပြီး ဦးနှောက်ကျုံ့ခြင်းကို တွန်းလှန်နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။

       ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဦးနှောက်ဓာတ်မှန်ရိုက် ဓာတ်ခွဲခန်းဌာနမှ လက်ထောက် ဧည့်ပါမောက္ခအီလင်လူဒါစ်နှင့အဖွဲ့သည် ဦးနှောက်အတွင်း ဖွဲ့စည်းတည်ဆောက်ထားပုံနှင့် ဆက်စပ်နေပုံကို ဦးနှောက်ဓာတ်မှန် ရိုက်နည်းအသစ်တစ်မျိုးဖြင့် ဓာတ်မှန်ရိုက်လေ့လာခဲ့ရာ တရားထိုင်သူများသည် ဦးနှောက်အစိတ်အပိုင်းတစ်ခုနှင့် တစ်ခု အကြားဆက်နွယ်မှုပို၍ အားကောင်းကြောင်း တွေ့ရှိခဲ့သည်။


         ထို့အတွက် အသက်ကြီးရင့်၍ မေ့လျော့ခြင်းဖြစ်စေသည့် ဦးနှောက်ကျုံ့ခြင်းကို လျော့ပါးစေကြောင်း တွေ့ရှိခဲ့သည်။ ဆက်သွယ်မှု အားကောင်း သောကြောင့် ဦးနှောက်အတွင်း အီလက်ထရွန်နစ် အချက်ပြမှုများကို ထုတ်လွှတ်ရာတွင် ပိုမိုမြန်ဆန်ကြောင်း ယင်းအခြေအနေကို ဦးနှောက်အစိတ်အပိုင်း အားလုံးတွင် တွေ့မြင်ရကြောင်း သုတေသီများက ပြောကြားသည်။

ပျမ်းမျှအသက် ၅၂ နှစ်ရှိ ပုံမှန်တရားထိုင်သူ ၂၇ ဦးနှင့် တရားမထိုင်သူ ၂၇ဦးကို နှိုင်းယှဉ်လေ့လာခဲ့ရာမှ ယခုအချက်အလက်များကို တွေ့ရှိလာခြင်း ဖြစ်သည်။

လေ့လာခဲ့သူများတွင် ငါးနှစ်မှ နှစ်ပေါင်း ၄၀အထိ တရားထိုင်သူများ ပါဝင်ခဲ့ပြီး ၎င်းတို့သည် ဝိပဿနာနည်း (သို့မဟုတ်) ဇာဇန်နှင့် ရှမန်သာ နည်းများဖြင့် တရားထိုင်နေသူများဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။
 
စိတ်ကူးပျော်ရာ မှ သိသမျှ ။
 
 

No comments:

Post a Comment