Sunday 4 November 2012

နိုဝင်ဘာမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည်ဟု ချမ်းမီမီကို ပြော


 ဒါရိုက်တာဇော်မျိုးရိုက်ကူးနေတဲ့‘ချစ်တတ်အောင်ချစ်’ဇာတ်ကားမှာချမ်းမီမီကို ကကျော်ရဲအောင်၊ဖူးဖူးတို့နဲ့အတူပါဝင်သရုပ်ဆောင်နေပါတယ်။ဒီဇာတ်ကားထဲမှာ ချမ်းမီမီကိုက ယောက်ျားတွေကိုအထင်မကြီးတဲ့ မိန်းကလေးတစ်ယောက် နေရာကနေပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားလေးက အချစ်ဇာတ်ကားလေး ဖြစ် တယ်လို့ သိရပါတယ်။ ချမ်းမီမီကိုက ကိုယ်လုပ်တဲ့ အနုပညာအလုပ်မှာ အနုပညာနဲ့ ပတ်သက်ပြီး မှတ်တိုင်တစ်ခုအဖြစ်လည်း ကျန်ခဲ့ချင်တယ်လို့ ပြောပါတယ်။
“ဘယ်သူမဆို ကိုယ့်အလုပ်တစ်ခုမှာ အမြဲတမ်းမှတ်တိုင်တစ်ခုအဖြစ်လည်း ကျန် ရစ်ချင်ကြတယ်။ ဘယ်သူမဆိုအောင်မြင် ချင်ကြတာချည်းပဲလေ။ ချမ်းမီလည်း အဲဒီ လိုမျိုးအောင်မြင်ချင်တယ်။ အနုပညာ အလုပ် မှာလည်း မှတ်တိုင်တစ်ခု ကျန်ခဲ့အောင်ကိုယ့်ဘက်က အမြဲတမ်းကြိုးစားနေ ပါတယ်”လို့ ပြောပါတယ်။ အနုပညာလောက မှာ စိတ်ညစ် စရာတွေ ကြုံလာပေမယ့်လည်း ရှေ့ ဆက်ဖို့ အတွက် စိတ်တွန်းအားက ပရိသတ် အားပေး နေဖို့ပါပဲလို့ပြောတဲ့ ချမ်းမီမီကိုက..”အဓိကက ပရိသတ်အားေ ပးမှုက ကိုယ့် အတွက် အားဖြစ်စေတယ်။ အခုလိုမျိုးကိုယ် ရပ်တည်ဖို့ဆိုတာကလည်း ပရိသတ်ကြောင့်ပဲ ဖြစ်လာတယ်။ ပရိသတ်က အားပေးလို့လည်း ချမ်းမီမီကိုဆို တာ ဖြစ်လာတာ ပဲ။ အဲဒီအတွက်လည်းအမြဲတမ်းကြိုးစားနေပါတယ်။ ဒီထက်မကလည်း ထပ်ပြီးတော့တတ်နိုင်သလောက် ဖြည့်စွမ်းပေး သွားဦးမယ်”လို့ပြောပါတယ်။ ချမ်းမီမီကိုက အရင် ကထက်ကားရိုက်တွေ များလာပေမယ့်လည်း  ဇာတ်ရုပ်စုံအောင် ရိုက်ချင်ပြီး မရိုက်ဖူးသေးတဲ့ ကာရိုက်တာတွေကိုလည်း စုံအောင်ရိုက်ချင်တယ် လို့ ပြောပါတယ်။ ကားရိုက်နားဖြစ်နေတဲ့ အချိန်မှာ
လည်းချမ်းမီမီကိုက စိတ်နဲ့ပတ်သက်တဲ့အကြောင်း တွေကိုအဓိကလေ့လာဖြစ်တယ်လို့ပြောပါတယ်။ချမ်းမီမီကို က’ရင် ခုန်သံအပြင်းစား’ ဇာတ်လမ်း မှာလည်း ဒုရဲအုပ်အဖြစ် သရုပ်ဆောင်ထားပါတယ်။ အရင်ကမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ် လမ်းအတွက် ရိုက်ကူးခဲ့ ဖူးပေမယ့် အခုလို ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်လမ်းနဲ့တော့ ရိုက်ကူးပုံ၊ဇာတ်လမ်းဖွဲ့စည်းထားပုံချင်းမတူဘူးလို့ ချမ်းမီမီကိုက ပြောပါတယ်။  “ရဲတပ်ဖွဲ့အတွက် ရိုက်ကူးပေးရတဲ့ ဇာတ်လမ်းက ကျတော့ ပညာပေးပုံစံမျိုးတွေ ပါတယ်။ လူကုန်ကူးတာတို့၊ တခြားအန္တရာယ် တွေကို ဘယ်လိုဖြစ်ရင် ဘယ်လိုဒုက္ခေ ရာက် ကြရနိုင်တယ်ဆိုတဲ့ ပညာပေးလေးတွေပါ တယ်။ အခုဗီဒီယိုမှာကျတော့အဲဒီလိုမဟုတ် ဘူးပေါ့။ ကိုယ့်ရဲ့အမေကို ပြန်ပြီးတော့ ဖမ်း ရမှာပေါ့။ ပြီးတော့ ကိုယ်ရဲ့ချစ် သူရည်စားက လည်း မထင်မှတ်ဘဲ လူဆိုးတစ် ဦးဖြစ်နေ တာပေါ့”လို့ မတူကွဲပြားတဲ့ဇာတ်လမ်းပုံစံ ကို ရှင်းပြပါတယ်။ချမ်းမီမီကိုက စာမေးပွဲဖြေဆိုဖို့အတွက် ပြင်ဆ င်နေပြီး အရှေ့ပိုင်းတက္ကသိုလ်(တာဝ) မှာ စိတ်ပညာ ဒုတိယနှစ်ကို ဖြေဆိုရမှာဖြစ် တယ်လို့ သိရပါတယ်။ စာမေးပွဲဖြေဆိုဖို့ရှိနေ ပေမယ့်လည်း ရိုက်ကွင်းနားဖို့မရှိဘဲ ရိုက်ရင်း နဲ့ပဲ စာမေးပွဲဖြေဆိုမယ်လို့ ချမ်းမီမီကိုက ပြောပြ ခဲ့ပါတယ်။ချမ်းမီမီကိုက နိုဝင်ဘာလမှာ ရုပ်ရှင် ဇာတ်ကားကို နေတိုးနဲ့အတူ ရိုက်ကူးဖို့ရှိ ကြောင်း သိရပါတယ်။

POPULAR MYANMAR မှ သိသမျှ ။

No comments:

Post a Comment