Sunday 4 November 2012

အရှေ့တောင် အာရှအားကစား ပြိုင်ပွဲအကြို ပျော်ပွဲရွှင်ပွဲ၊ ဈေးရောင်းပွဲ ကျင်းပသွားရန်ရှိ


၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် အတွက် အကြို လှုပ်ရှားမှု အဖြစ် ပျော်ပွဲ ရွှင်ပွဲနဲ့ဈေးရောင်း ပွဲတော်ကို ကျင်းပပြုလုပ် သွားဖို့
ရှိတယ်လို့ ပြပွဲကျင်းပရေး တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကျင်းပမှုကို ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ပြည်သူ့ ရင်ပြင်မှာ သုံးရက် ကြာကျင်းပ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပျော်ပွဲရွှင်ပွဲ၊ ဈေးရောင်းပွဲမှာ လူမင်း၊ မင်းမော်ကွန်း၊ ဝေဠုကျော်၊ နေတိုး၊ မြင့်မြတ်၊ နေမင်း၊ ခန့်စည်သူ၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ မိုးယံဇွန်၊ သူထူးစံ၊ အစရှိတဲ့ သရုပ်ဆောင် များက ဟာသပြဇာတ် ကပြမှုများ တင်ဆက်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် R ဇာနည်၊ J me၊ လွှမ်းပိုင်၊ ဟန်ထွန်း၊ ဖြူဖြူကျော်သိန်း၊ စန်္ဒီမြင့်လွင်၊ အေသင်ချိုဆွေ၊ Big Bag ၊ Wanted အစရှိတဲ့ တေးသံရှင်တွေ ကလည်း ဖျော်ဖြေမှုများ ပြုလုပ်ပေး သွားမယ်လို့ သိရပါတယ်။ အခုလို
သရုပ်ဆောင်၊ တေးသံရှင် တွေရဲ့ ဖျော်ဖြေမှု သာမက အဆိုပါ ပျော်ရွှင်ပွဲမှာ မိုးမင်း၊ မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ သင်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဖိုးချစ်၊ မေကဗျာ၊ ဖူးစုံ၊ မိုးယုစံ အစရှိတဲ့ အနုပညာရှင်တွေ ကလည်း နှစ်ပါးသွား အကများ၊ ပြဇာတ်ကပြမှု များကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

အဲ့ဒီပွဲရဲ့ ဈေးရောင်းချမှု တွေမှာတော့ အိုင်တီ ပစ္စည်းများ၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများ၊ စားသောက် ဆိုင်တန်းများနဲ့ ဆီးဂိမ်းနဲ့ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်း ရောင်းချမှုများကို ထည့်သွင်း ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ အခုလို ကျင်းပ ပြုလုပ်မယ့် ပျော်ပွဲ ရွှင်ပွဲ၊ ဈေးရောင်းပွဲ အတွက် လက်မှတ်များ ကိုတော့ နိုဝင်ဘာကုန်က စတင်ကာ သတ်မှတ် နေရာများမှာ ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV4 မှ သိသမျှ ။

No comments:

Post a Comment