Monday 5 November 2012

Window 8 စနစ်သုံး သင်ပုန်းကွန်ပျူတာများ သုံးနိုင်တော့မည်

Windows 8 OS (Operation System) အသုံးပြုသင်ပုန်းကွန်ပျူတာ (Tablet) များကို နိုင်ငံတကာကွန်ပျူတာကုမ္ပဏီအများစုက
နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ပြည်တွင်းဈေးကွက်အတွင်းသို့ စတင်ဖြန့်ချိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Lenovo, Dell, Asus, Acer အစရှိသည့် ကုမ္ပဏီများသည် Windows 8 စနစ်ကို ထည့်သွင်းအသုံးပြုထားသည့် သင်ပုန်းကွန်ပျူတာများကို
နိုင်ငံတကာဈေးကွက်သို့ ဖြန့်ချိရန် စတင်ပြင်ဆင်နေကြပြီဖြစ်သည်။
မိုက်ကရိုဆော့ဖ်ကုမ္ပဏီက Windows 8  ကို မိတ်ဆက်ပြီး ရက်ပိုင်းအကြာတွင် အထက်ပါ အမှတ်တံဆိပ်နည်းပညာထုတ်ကုန်များကို
သက်ဆိုင်ရာကွန်ပျူတာ ကုမ္ပဏီအသီးသီးက နိုင်ငံတကာဈေးကွက်သို့ ဖြန့်ချိရန် မိတ်ဆက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
Windows 8 OS အသုံးပြု သင်ပုန်းကွန်ပျူတာအမှတ်တံဆိပ်အမျိုးမျိုးတွင် Acer တံဆိပ် ထုတ်ကုန်များက လာမည့် နိုဝင်ဘာလဆန်းမှ
စတင်ကာ ၀င်ရောက်လာမည်ဖြစ်၍ ပြည်တွင်းဈေးကွက်သို့ အစောဆုံးဝင်ရောက်လာမည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည်ဟု သိရသည်။
မိုက်ကရိုဆော့ဖ်၏ Windows 8 စနစ်အသုံးပြု အဆိုပါ ကွန်ပျူတာအသေးများ ပြည်တွင်းဈေးကွက်အတွင်းသို့ အပြိုင်အဆိုင်ဝင်ရောက်လာတော့မည်
ဖြစ်၍ Netbook ဈေးကွက်ကို လက်ရှိထက် ပိုမိုနေရာယူသွားနိုင်ကြောင်းလည်း ရန်ကုန်အခြေစိုက်
ကွန်ပျူတာကုမ္ပဏီများမှ
ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။
ယခုလက်ရှိပြည်တွင်းကွန်ပျူတာဈေးကွက်အတွင်း သင်ပုန်းကွန်ပျူတာများသည် Net-book များ၏ ဈေးကွက်ဝေစုကို ရာခိုင်နှုန်းထက်ဝက်ကျော်
နေရာယူထားပြီဖြစ်သည်ဟု ဈေးကွက်စောင့်ကြည့်လေ့လာသူ ကွန်ပျူတာလုပ်ငန်းရှင်များထံမှ သိရသည်။
အဆိုပါကုမ္ပဏီက ဖြန့်ချိလိုက်သည့် Tablet ဒီဇိုင်းထုတ်ကုန်များအတွက် Microsoft Surface ကို Windows RT နှင့် Windows 8 Pro  နှစ်မျိုးလုံး
အသုံးပြုနိုင်ရန် ထုတ်လုပ်ထားသည်။
ARM CPU စနစ်အသုံးပြု Windows RT နှင့် Intel CPU စနစ်အသုံးပြု Windows 8 နှစ်မျိုးလုံးသည် Windows Store မှ ဖြန့်ချိသည့်
Application အသစ်များအားလုံးကို အသုံးပြုနိုင်မည်ဖြစ်ပြီး Windows 8 အမျိုးအစားများသည် ယခင်က မိုက်ကရိုဆော့ဖ်၏
Desktop Program အားလုံးကိုပါ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။

7 DAY NEWS JOURNAL မှ သိသမျှ ။

No comments:

Post a Comment