Friday 9 November 2012

မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လေဒီဂါဂါက ဒေါ်လာတစ်သန်း လှူဒါန်း


ဆန်ဒီ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုနှင့် ကြုံတွေ့ခဲ့ရသည့်
နယူးယော့ခ်မြို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်

လေဒီဂါဂါက ငွေကြေး လှူဒါန်းခဲ့သည်။ ကမ္ဘာကျော် Popဂီတ အဆိုတော်က နယူးယော့ခ်မြို့မှ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလှူငွေ
ဒေါ်လာတစ်သန်း ထည့်ဝင်ကူညီခဲ့ကြောင်း သတင်းများက ဆိုသည်။

Born This Wayစတား အဆိုတော်က သူမသည် မုန်တိုင်းသင့် မိသားစုများ၏ ဘဝကို အထောက်အပံ့ ဖြစ်စေရန် တတ်အားသ၍ ကူညီခဲ့ကြောင်း ပြောဆိုသွားသည်။ သူမသည် နယူးယော့ခ်မြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရည်စူးကာ အဆိုပါ အလှူငွေကို အမေရိကန် ကြက်ခြေနီ အသင်း၏ ဆန်ဒီမုန်တိုင်းဆိုင်ရာ ကူညီရေး ရန်ပုံငွေအတွက် လွှဲပေးခဲ့သည်။

ဂါဂါက "နယူးယော့ခ်တင် မကဘဲ ဟာလမ်း၊ ဘရွန့်စ်နဲ့ ဘရွတ်ကလင်း
တို့ကိုပါ ကူညီချင်ပါတယ်။ ကျွန်မအနေနဲ့ တတ်နိုင်တဲ့ အခြေအနေ တစ်ခုကနေ နယူးယော့ခ်
ဒုက္ခကြုံနေချိန်မှာ ကူညီချင်ပါတယ်။ နယူးယော့ခ်ဟာ ကျွန်မရဲ့ စိတ်ဓာတ်ကို တည်ဆောက်ဖို့ ကူညီပေးခဲ့တဲ့
နေရာပါ။ ခုတော့ သူပြန်လည် တည်ဆောက်ဖို့ ကျွန်မက ကူညီတာ
ဖြစ်ပါတယ်"ဟု သူမ၏ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

အသက်(၂၆)နှစ်ရှိ ဂါဂါသည် လတ်တလောတွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲများ
အတွက် လှည့်လည်လျှက် ရှိနေသည်။ သူမသည် မကြာသေးမီက ဘရာဇီးလ်တွင် ရှိနေစဉ် ဟိုတယ်ပြင်ပမှ ပရိသတ်များကို အကြော်နှင့် ဘာဂါများ ဝေငှလှူဒါန်းခဲ့သေးသည်။
စိတ်ကူးပျော်ရာ မှ သိသမျှ ။

No comments:

Post a Comment