Wednesday 7 November 2012

မြန်မာပြန်လမ်းပေါ်က ဇိမ်ခံဆလွန်း Lexus LS


 မြန်မာပြည်မှာ Lexus LS တွေအတွေ့များပါတယ်။ တိုယိုတာ Brand ဆိုရင် တော်တော်များများ ရှိနေတတ်တာမို့ Lexus ရှိတာလည်း မဆန်းပါဘူး။ သို့ပေမယ့် တကယ့် မော်ဒယ်မြင့် ၂၀၀၉၊ ၂၀၁၀ Lexus LS ဆလွန်းတောင် တစ်ခါ တစ်လေ တွေ့ရတတ်ပါတယ်။ အဲဒီလို မော်ဒယ်အမြင့် Lexus ကတော့ သိန်း ၅၀၀ အထက် ပေါက်ဈေးရှိနိုင်တဲ့ ကား ဖြစ်ပါ တယ်။


Lexus ၂၀၀၆ အောက်ကနေ ပုံမှန် သွားနေကျ ဂျပန် လေလံဈေးကွက်ကနေ အလွယ်တကူ ရနိုင်ပါ တယ်။ ဈေးနှုန်းကလည်း ယမ်း ၉သောင်းဝန်းကျင် နဲ့အထက်တွေပဲဆိုရင်တော့ မြန်မာပြည်အရောက် အပြီးအစီး ဈေးနှုန်း သိန်း ၂၂၀ အထက်မှာ ရှိနိုင်ပါတယ်။ တကယ့် သန့်သန့် Lexus LS ဆလွန်းမှရှာမယ်ဆိုရင်တော့ ၂၅၀ ကျော်ရင်းရင် ရနိုင်ပါတယ်။

သူက Luxury (ဇိမ်ခံကား) ဖြစ်ပါတယ်။ ဒီတော့ ဘာကို အဓိကထားလည်းဆို Stability ဖြစ်ပါတယ်။ Vibration ဘယ်လောက်များများ ကားကို Stable ဖြစ်အောင်ထိန်းပေး တဲ့ စနစ်တစ်ခုက Lexus LS ရဲ့ အားသာချက် ဖြစ်ပါတယ်။ ကျန်တာတွေကတော့ သာမန် မော်ဒယ်မြင့်ကားများလိုပါပဲ။

၂၀၀၆ မော်ဒယ်အောက် ၂၀၀၀ မော်ဒယ် များဆိုရင် အင်ဂျင်ပါဝါ ၄၃၀၀ စီစီ ဆလင်ဒါ ၈လုံးပူး အင်ဂျင်ကိုအ သုံးပြုပါတယ်။ ဒါကြောင့် မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၂၉၀ အထိ ရှိပြီး  အင်ဂျင် ပါဝါ ကြီးကား ဖြစ်ပါတယ်။ ပါဝါဝင်းဒိုး၊ အဲယားကွန်းစနစ်၊ ပါဝါ Seat, အစရှိသဖြင့်
အီလက်ထရောနစ် ပေါင်းစပ်မှုတိုင်းက ၂၀၀၃ မော်ဒယ်အထက်ဆိုရင် ကြိမ်းသေပါရှိပါ တယ်။ နောက်ဘက် ကင်မရာ၊ DVD Based Navigation စနစ်၊ In car entertainment အစရှိသဖြင့် မော်ဒယ်မြင့် ပစ္စည်းများလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Voice recognition ဆိုတဲ့ function ကတော့ မြန်မာပြည်မှာ ရမရမသိနိုင်ပါဘူး။ လုံခြုံရေး စနစ် အတွက် လေအိတ်၊ ကားပါကင် ဆန်ဆာ၊ မိုးရေအာရုံခံ ဝိုက်ပါ၊ အီလက်ထရောနစ် ထိန်းချုပ် ဘရိတ် အစရှိသဖြင့်တို့ ပါရှိပါတယ်။ ၂၀၀၂ အထက်ရော၊ ၂၀၀၆ အထက်ရော Moon roof ပါပါတယ်။ အမိုးမှန်ကလည်း အီလက်ထရောနစ် ထိန်းချုပ်မှု စနစ်မှာ အလုပ်လုပ်တာပဲ ဖြစ်ပါတယ်။

၂၀၀၆ မော်ဒယ်အထက်ကားများကတော့ တကယ့် မော်ဒယ်မြင့်တွေ့ဖြစ်ပါတယ်။ နဂိုကလည်းက ပါဝင်တဲ့ ပစ္စည်းများက နောက်ပိုင်း ပေါင်းစပ်မှုမဟုတ်ပဲ ပရီမီယံ ဗားရှင်းဖြစ်ပါတယ်။ အင်ဂျင်ပါဝါကလည်း ၄၆၀၀ စီစီ နှစ်မျိုး၊ ၅၀၀၀ စီစီ တစ်မျိုးထုတ်လုပ်လိုက်ပါတယ်။ ဆလင်ဒါကတော့ ၈လုံးပူးတွေပဲ ဖြစ်ပါတယ်။ ဂီယာ၈ချက် ထိုး အော်တို၊ ဂီယာ ၈ချက်ထိုး CVT ဆိုပြီး နှစ်မျိုးနှစ်စား ထုတ်လုပ်ပါတယ်။  လျှပ်စစ်မော်တာ ပေါင်းစပ်တဲ့ Hybrid version တောင်ထွက်ရှိတယ်လို့ ဆိုပါတယ်။ ဘက်ကင်မရာ၊ ပါဝါဝင်းဒိုး၊ Navigation စနစ်၊ GPS, In Car Entertainment, အီလက်ထရောနစ် ဘရိတ်၊ လေအိတ် အစရှိသဖြင့် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းအားလုံး ပါဝင်ပြီး မူရင်းရောင်းဈေးလည်း ကြီးတဲ့ကားဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၇သောင်း ၁ထောင်နဲ့ ၂၀၀၆ မော်ဒယ် အထက် Lexus များကို ရောင်းချခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်ရောက်တဲ့ Lexus တွေ လည်း လေလံဈေးက ဖြစ်နေရင်တောင် အနည်းဆုံး သိန်း ၄၀၀ လောက်တော့ ရင်းထားကြမယ်ထင် ပါတယ်။ မော်ဒယ်လည်းမြင့် အင်ဂျင်ဆိုက်ကလည်း ကြီးဆိုတော့ ဆောင်ရတဲ့ အခွန်နဲ့တင် တော်တော်လေး ကုန်ကျမယ့် ဇိမ်ခံကား ဖြစ်ပါတယ်။ တံခါး လေးပေါက် ၊ လေးယောက်စီး အကောင်းဆုံး ဆလွန်းဖြစ်ပါတယ်။
သာမန် ၂၀၀၇ မော်ဒယ်အောက် တိုယိုတာ Lexus LS ဆလွန်းမျာကိုလည်း အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။




TECHSPACE မှ သိသမျှ ။










No comments:

Post a Comment