Thursday, 10 January 2013
စွန့်ပစ်ခံရသော ကြောင်ကို မျောက်က မွေးစား
Macaque လို့ခေါ်တဲ့ အမြီးရှည် မျောက်မျိုးမှ အစွန့်ပစ်ခံရတဲ့ ကြောင် တစ်ကောင်ကို ယခုလို ထွေးပွေ့ထားတာ တွေ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ Bali ပြည်နယ်က တောတစ်နေရာမှာ ဖြစ်ပြီး Macaque မျောက်အပြင် အခြားတောရိုင်းတိရစ္ဆာန်များ ကျက်စားနေ တဲ့ နေရာ ဖြစ်ပါတယ်။ သခင် စွန့်ပစ်လို့ လျှောက်သွား ရင်း တောထဲ ရောက် သွားတယ်လို့ ယူဆရသော ကြောင်တစ်ကောင် ကို အမြီးရှည် မျောက် ငယ်လေးက ယခုလို ခေါ်ယူမွေးစားထားတာကို အံ့သြဖွယ် တွေ့ ရှိခဲ့ပါတယ်။
လာရောက်လည်ပတ်သူတို့ ဓာတ်ပုံရိုက်တာကို သဘောကျတဲ့ ပုံမပေါ်ပဲ ပွေ့ ထားတဲ့ကြောင်ကို
ကာဗာပေးပါတယ်။ မျိုးမတူပေမယ့် ကြောင်အပေါ် သားသမီးလို သံယောဇဉ်ရှိပြီး မွေးစားလိုက်တဲ့ သူတို့ရဲ့  ချစ်စဖွယ် အမူအရာ ဓာတ်ပုံများကို ယခုလို ရိုက်ကူးထားကြပါတယ်။
Internationalnewsformyanmar မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment