Thursday, 10 January 2013

သားက ကလေးသရုပ်ဆောင်ပဲ ရှိပါသေးတယ်လို့ဆိုသူ အိစိကွေး


ဒီနှစ် အကယ်ဒမီ စာရင်းဝင် ကားတွေမှာသား သရုပ်ဆောင်တဲ့ ကားတွေ ပါခဲ့တာပေါ့။ ထာဝရ အလင်းတန်းများ ဇာတ်ကားရယ်၊ ပြီးတော့ ဝဋ်ကြွေးးဇာတ်ကားပါ။ အကယ်ဒမီ အခမ်းအနား မတိုင်ခင် လပိုင်းလောက် အလိုလောက် ကတည်းက အိစိကွေး အကယ်ဒမီ ရရင်ရမှာလို့ ခန့်မှန်းကြတယ်။ အဲဒီခန့်မှန်းသံ ကြားကြားချင်းမှာတော့ ကလေးပီပီ တော့ တွေးလိုက်တာ ပေါ့နော်။ ငါအကယ်ဒမီရုပ်ကြီး ကို ပိုင်ဆိုင်ချင် လိုက်တာဆိုပြီး တွေးလိုက်တယ်။ ဒါပေမယ့် သားက ကလေး သရုပ်ဆောင်ပဲ ရှိပါသေး တယ်။ သားရှေ့မှာ ရှိနေတဲ့ အစ်ကို၊ အစ်မတွေ ကလည်း အရမ်းတော်ကြတာ ဆိုတော့၊ အကယ်ဒမီ ရုပ်ကြီးကို လိုချင်လိုက်တာလို့ သားဘယ်တော့မှ မတွေးရဲတော့ပါဘူး။
သားကထာဝရ အလင်းတန်း ဇာတ်ကားနဲ့ဆို ဒါရိုက်တာ ဦးထွန်းအောင်ဇော်ရယ်၊ ပြီးတော့သားတို့ရဲ့ ဆရာလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကိုနောင်နောင် တို့ကိုလည်း အကယ်ဒမီ ရစေချင်ခဲ့တာပါ' လို့ ဖြေလာ ခဲ့သူက သရုပ်ဆောင် အိစိကွေးပဲဖြစ်ပါတယ်။ အကယ်ဒမီ အခမ်းအနား ကျင်းပအပြီးမှာတော့ အိစိကွေးရစေချင်တဲ့ ဒါရိုက်တာ ထွန်းအောင်ဇော်နဲ့ သရုပ်ဆောင်နောင် နောင်တို့က အကယ်ဒမီဆု တွေ ဆွတ်ခူးရရှိခဲ့ကြပါတယ်။ အဲဒီအပေါ် "သားလေ . . .သူတို့နဲ့ထပ်တူကို အားရဝမ်းသာ ပျော်မိတာပဲ။ သားတို့ရဲ့ဆရာလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကိုနောင်နောင်က အသစ်ဆိုပေမယ့်
. . .အကယ်ဒမီရခဲ့တာပဲလေ။ ကြိုးစားရင် အကယ်ဒမီဆုကြီးနဲ့ နီးစပ်ခွင့်ရတယ်ဆိုတာကိုလည်း ယုံသွားပါပြီ။ ဪသာ် . .တစ်ခုတော့ရှိ တာပေါ့။ ကြိုးစားပေမယ့်လည်း တစ်ခါတလေကံနဲ့ လည်းဆိုင်မယ်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အကယ်ဒမီက နတ်ကြီးတာကိုး" လို့ အိစိကွေးက သူ့အပျော်တွေနဲ့အတူ၊ သူ့အမြင်တွေကို ပါပြောပြလာခဲ့ တာပဲဖြစ်ပါတယ်။


YOYARLAY မှ သိသမျှ ။

No comments:

Post a Comment