Wednesday 20 March 2013

နှစ်သစ်ကူးအမီ အသွင်သစ်အမြင်သစ် ခုံးကျော်တံတားနှင့် မြို့ပြအလှတရားအသစ်


ရန်ကုန်မြို့နေ ပြည်သူတို့ နိစ္စဓူဝကြုံတွေ့နေရသော ဒုက္ခတစ်ရပ်ဖြစ်သည့် ယာဉ်ကြောပိတ်ဆို့မှုတွေကို သက်သာရာရစေမည့် စီမံကိန်းတစ်ခုဖြစ်သည့် လှည်းတန်း ခုံးကျော် တံတားတည်ဆောက်မှုသည် မကြာမီပြီးစီးကာဧပြီလ ၁ဝရက်နေ့တွင် စတင်ဖြတ်သန်းနိုင်မည်ဖြစ်ရာ သက်ပြင်းမောတစ်ချက် ချနိုင်ချိန်ဟု ဆိုရမည်။လတ်တလော အဆင်ပြေမှုကိုမကြည့်ဘဲ ရေရှည်အဆင်ပြေ ချောမွေ့စေရေးအတွက် အကောင်းမြင်တွေးရင်း ‘လှည်းတန်းတံတားပြီးသွားလို့ရှိရင်တံတားပေါ်မှာ လေညင်းခံပြီး လမ်းလျှောက်မလားလို့ စိတ်ကူးမိတယ်’ဟု ကြုံးဝါးသူများနှင့်အတူ ယင်းခုံးကျော်တံတားအနီး ဖြတ်သန်းသွားလာနေကြရသူ အနုပညာရှင်တို့၏အမြင် သဘောထားများ ကို စုစည်း တင်ဆက်လိုက်ပါသည်။

ကျွန်တော်က တော့ လှည်းတန်းတံတားပြီး သွားလို့ရှိရင်
တံတားပေါ်မှာလေညင်းခံ ပြီး
လမ်းလျှောက်မလားလို့ စိတ်ကူး မိတယ် . . .
စာရေးဆရာအကြည်တော်
”ခုံးကျော်တံတားကတော့ ရေရှည်အတွက် ဆောက်ရမှာပဲလေ။ အဲဒါမှ မဆောက်နိုင်ရင် ကြာရင် ဒီ့ထက်ပိုဆိုးမှာပေါ့။ဒီလိုကိစ္စကတော့ ကောင်းတာ လုပ်တဲ့ကိစ္စပဲ။ အခု လတ်တလောအခြေအနေကို ကြည့်ပြီးတော့အပြစ်မြင်လို့ ဘာမှမထူးတော့ပါဘူး။ အခုကတော့မြို့ထဲကိုလာရင် အဆင်ကိုမပြေတာ။ မြို့ထဲတစ်ခါရောက်ဖို့ တော်တော် ကြီး သွားနေရတယ်။ လမ်းတွေ ပြင်နေတာလည်း တစ်ပိုင်းပေါ့ဗျာ။ လူတွေ စည်းကမ်းမရှိတာက ပိုများတယ်ဗျ။ တက္ကစီတွေ၊ လိုင်းကားတွေက ဘယ်လိုတွေမောင်းနေကြ မှန်းကို မသိဘူး။ တစ်ခါတလေကျ လို့ရှိရင် လုံးဝ မပိတ်သင့် တဲ့နေရာမှာကားပိတ်နေတာမျိုးပေါ့။ ကျွန်တော် က အနုပညာရှင် စာရေးဆရာတစ် ယောက်ဆို ပေမယ့်လည်း သာမန် ပြည်သူတွေထဲက ပြည်သူပါပဲ
။ လှည်းတန်းတံတားပြီးခါနီးပြီ။ ကျွန်တော်ကတော့ လှည်းတန်းတံတား ပြီးသွားလို့ရှိရင် တံတားပေါ်မှာ လေညင်းခံပြီး လမ်းလျှောက်မလားလို့ စိတ်ကူးမိတယ်။ ဒီလှည်းတန်း တံတားကို နောက်ခံထားပြီး အနုပညာဖန်တီးဖို့တော့ မရှိသေးပါဘူး””

ဒီ လှည်းတန်းတံတား ပြီးသွားလို့ရှိရင် တာဝန်ရှိသူတွေအနေနဲ့
ဓာတ်ပုံရိုက်ခွင့်တော့ပေးသင့်တယ်…
ဒါရိုက်တာကြည်ဖြူသျှင်
”ကားတွေက သိတဲ့အတိုင်းပဲ။ လက်ရှိမှာတော့ ပိတ်နေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကားက တအားများတာကိုး။ ခုံးကျော်တံတား ဆောက်လိုက်ရင်တော့ အဆင်တော့ ပြေမယ်။ အိန္ဒိယမှာဆိုလည်း မြန်မာနိုင်ငံထက် ကားပိုပိတ်တာပဲ။ အဲဒီတော့ ပြည်သူတွေအတွက် အဆင်ပြေမယ့် နည်းလမ်းတွေ၊ကောင်းမွန်မယ့် နည်းလမ်းတွေကို နိုင်ငံတော် အကြီးအကဲတွေက စဉ်းစားပေးစေချင်တယ်။ လှည်းတန်းခုံးကျော် တံတားကပြီးတော့မယ်ဆိုတော့ ဒီတံတားကို စိတ်ဝင်စားတဲ့အချက်တွေ ရှိတယ်။ မြန်မြန် ဆန်ဆန် နဲ့ ဆောက်လုပ်နိုင်တဲ့အတွက် ပညာ ရှင်တွေကို ချီးကျူးတယ်။ကျွန်မအနေနဲ့က တော့ လှည်းတန်းတံတားနဲ့ ပတ်သက်ပြီး အနု ပညာဖန်တီးဖို့မရှိပါဘူး။ဒါပေမဲ့ တစ်ခုပြောချင်တာက မဟာဗန္ဓုလတံတားဆိုရင် ညဘက်ရှုခင်းတွေက ကြည့်လို့ကောင်းတယ်။ သိပ်ကိုလှတယ်။ လိုကေးရှင်းပေါ့။ ဒါပေမဲ့ တံတားပေါ်မှာ ဓာတ်ပုံရိုက်တာ တို့ ဗီဒီယိုရိုက်တာတို့ ခွင့် မပြုဘူး။ အဲဒီတော့ ဒီလှည်းတန်းတံတား ပြီးသွားလို့ရှိရင် တာဝန်ရှိသူတွေအနေနဲ့ ဓာတ်ပုံရိုက်ခွင့်တော့ ပေးသင့်တယ်။ ကျွန်မက အနုပညာရှင် ဆိုတော့လိုကေးရှင်းကောင်းတဲ့ ဘယ်နေရာ မဆို အနုပညာတစ်ခုကို ဖန်တီးချင်တယ်”

ဖြစ်နိုင်ရင်တော့ နိုင်ငံခြား မှာလိုပဲ ခုံးကျော်တံတားကို
၂ထပ်၊ ၃ထပ် တွေ ဆောက်စေချင်တယ်…
သရုပ်ဆောင် ထွန်းအိန္ဒြာဗို
”လှည်းတန်း ခုံးကျော်တံတားက ဆောက်နေတုန်းပဲဆိုတော့ ကားတွေက ပိတ်နေတုန်းပဲပေါ့။ ဆောက်တာကြာတယ်လို့ ခံစားရတယ်။ ဒီထက် မြန်သင့်တယ်။ အလုပ် ကိစ္စနဲ့ အပြင်သွားမယ်ဆိုရင် သတ်မှတ်ထားတဲ့အချိန်ထက် ကြိုပြီး စောစောထွက်တယ်။ ဝီရိယတော့ ပိုရှိရတာပေါ့။ အမြဲတမ်း ကိုယ်ကဝိရီယရှိပြီး စောထွက်တော့ နောက် ကျတာမျိုးတွေ တစ်ခါမှမဖြစ်ဖူးဘူး။ တအားအရေးကြီးကိစ္စတွေ မရှိဖူးသေးတော့ နောက်ကျတာတွေမရှိဘူးပေါ့။ ဖြစ်နိုင်ရင်တော့ နိုင်ငံခြားမှာလိုပဲ ခုံးကျော်တံတားကို ၂ထပ်၊ ၃ထပ်တွေ ဆောက်စေချင်တယ်။ အဲဒီလိုမှလည်း သွားရလာရတာ ပိုအဆင်ပြေနိုင်တာပေါ့”

ခဏသည်းခံပြီးစောင့်လိုက်ရုံပဲ။
ပြီးသွားရင် အရင်ကထက် ကားကျပ်တာက အဆင်ပြေသွားမယ်လို့ ထင်တယ်…
သရုပ်ဆောင် သင်ဇာဝင့်ကျော်
”ခုံးကျော်တံတားတွေလုပ်တာက ကောင်းအောင်လုပ်တာပဲ လေ။အရင်တုန်းကဆို ပွိုင့်တွေက တအားကျပ်တယ်။ အခုခုံးကျော် တံတား ဆောက်နေတဲ့ အချိန်ပိုကျပ် သွားတယ်။ ဒါကကောင်းအောင် လုပ်တာဆိုတော့ ခဏသည်းခံပြီး စောင့်လိုက်ရုံပဲ။ ပြီးသွားရင်အရင်ကထက်ကားကျပ်တာက အဆင်ပြေသွားမယ်လို့ ထင်တယ်။တစ်ခါ တလေကျရင် မီးပွိုင့်တွေကိုဖြတ်ရမှာ ကြောက်တယ်။ လှည်းတန်းရော၊ ရွှေဂုံတိုင်ရောဆိုတော့ သွားစရာ မရှိဘူး။ အခုတော့ ကားကျပ်တာရိုးသွားပါပြီ”

လမ်းပိတ် တော့ အလုပ်နောက်ကျတယ်။ ကိုယ်မှ မဟုတ်ဘူး၊ အကုန်လုံးပဲ။
ဝန်ထမ်း တွေဆို ပိုဆိုးမယ်ထင်ပါတယ်…
အဆိုတော် စန္ဒီမြင့်လွင်

”ဒီးဒီိတို့က ၉ မိုင်မှာနေတာ ဖြစ်တော့ အပြင်သွားမယ်ဆိုရင် ၁နာရီလောက် ကြိုပြီး ထွက်ရတယ်။ လမ်းပိတ်မှာရော၊ ဝေးတာရော ဆိုတော့လေ။ လိုတာထက်ပိုပြီး လမ်းက အမြဲတမ်းပိတ်နေတာလေ။ လမ်းပိတ်တော့ အလုပ်နောက်ကျတယ်။ ကိုယ်မှမဟုတ်ဘူး၊ အကုန်လုံးပဲ၊ ဝန်ထမ်းတွေဆို ပိုဆိုးမယ်ထင်ပါတယ်။ အခုဆို လမ်းတွေက ဘယ်နေရာမဆို ကျပ်နေတာပဲ။ ၈နာရီ အလုပ်တက်ရတယ်ဆို အိမ်က ၆နာရီလောက် ထွက်ရတယ်။ ၆နာရီဆို ၅နာရီ မတိုင်ခင် အိမ်ရာထပြီးပြင်ဆင်ရမယ်။ အချိန်တွေ တအားကုန်ပြီး ပင်ပန်းတာပေါ့။ အခုခုံးကျော်တံတား ဆောက်နေပြီ၊ ပြီးသွားရင်တော့ အရင်ထက် ပိုပြီးကောင်းသွားမှာပေါ့။ နိုင်ငံခြားမှာလို၂ထပ်၊၃ထပ်တွေရှိရင် ပိုကောင်းတာပေါ့။ တခြားနေရာတွေလည်း ဆောက်စေချင်တယ်။ ကောင်းဖို့လုပ်နေတာဆိုတော့ ဝမ်းသာပါတယ်”


popular myanmar,com မှ သိသမျှ ။


No comments:

Post a Comment