Thursday 7 March 2013

ကံတရား လေသင့်လို့


ကံတရား လေသင့်လို့ ဘ၀တစ်ခုမှာ
ခေတ္တခဏပေါင်းဆုံခွင့်ရကြတယ်။
ကံတရား လေပင့်လို့ တစ်ယောက်နဲ့
တစ်ယောက် ဝေးလွင့်ခွဲခွာကြရတယ်။
မြစ်ထဲမျောနေတဲ့ဗေဒါပင်တွေလိုပဲ
ကံကြုံရင် ပြန်ဆုံကြမယ်။
ကံသေးရင် ပြန်ဝေးကြမယ်။
ကံရည်မတူဘဲ ပြန်ကြည်ဖြူချင်လို့
မရသလို ၊
ကံမကောင်းဘဲ ပြန်ပေါင်းနေချင်လို့လည်း
အလကားပါပဲ။ ကိုယ့်ကံနဲ့ ကိုယ်ခရီးနှင်၊
သူ့ကံနဲ့ သူ့ခရီးနှင်။
ဒါပဲပေါ့။ ဒါပါပဲ။ ဘာစိတ်ဆင်းရဲစရာ လိုလို့လဲ။
“တွဲခွင့် ” ကြုံတုန်း ကိုယ့်တာဝန် ကိုယ်ကျေ၊


သူ့တာဝန် သူကျေ၊ ပြီးပြီပေါ့။
“ခွဲခွင့်” ကြုံခါမှတော့ လွမ်းမနေနဲ့တော့၊
အပိုပါပဲ။
သိခြင်းနဲ့ မသိခြင်းမှာ သိခြင်းကြောင့် အကျိုး
ယုတ်သွားနိုင်စရာအကြောင်းမရှိပါဘူး။
ကောင်းကျိုး ဆိုးကျိုးဟာ ကိုယ်သိတဲ့ အသိ
ပေါ်မှာ ကိုယ့်ဘက်က ဘယ်လိုတုံ့ပြန်သလဲ
ဆိုတဲ့အချက်ပေါ်မှာပဲ မူတည်ပါတယ်...လို့

အပ္ပမာဒေန သမ္ပာဒေထ။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

No comments:

Post a Comment