Thursday 7 March 2013

တစ်ကားနဲ့တစ်ကား ပုံစံမတူအောင် သရုပ်ဆောင်ဖြစ်တယ်လို့ ပြောတဲ့ အနုပညာပျိုးခင်း မင်းသမီး ရွှေမှုံရတီ


ဒါရိုက်တာဟိန်းစိုး ရိုက်ကူးတဲ့ ‘မှုန်လေးချစ်တဲ့ အန်ကယ်လေး’ ဇာတ်ကားကို လူမင်းနဲ့ ရွှေမှုံရတီက ပါဝင် သရုပ်ဆောင် ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားက ဖန်စီဇာတ်လမ်းလေး ဖြစ်ပြီး ရွှေမှုံရတီက ကျောင်းသူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွေကိုလည်း အနုပညာပျိုခင်းက ဆရာသမားတွေ ကိုယ်တိုင် ရွေးချယ်ပေးကြောင်း ပြောပါတယ်။ ဇာတ်ကား တစ်ကားနဲ့ တစ်ကားမှာ ဆံပင်နဲ့ မိတ်ကပ်ကို အဓိက ကြိုတင် ပြင်ဆင်ရကြောင်း၊ အဝတ်အစားပိုင်းကိုလည်း မထပ်အောင် ဝတ်ဖြစ်ကြောင်း ရွှေမှုံရတီက ပြောပါတယ်။ “ရွှေမှုံအနေနဲ့ ဇာတ်ကားတစ်ကားနဲ့ တစ်ကားကို ပုံစံမတူအောင် ဝတ်ဖြစ်တယ်။ တစ်ခါတလေကျလို့ရှိရင် ဆင်တူတွေ ဝတ်တယ်။ ပြီးတော့ ဖန်စီပစ္စည်းတွေ၊ ဆံပင်တွေ ပြင်ဆင်တယ်။ ကိုယ်က တလွဲ လုပ်လိုက်ရင် ပရိသတ်တွေ အမြင်မှာ ထောက်သွားမှာစိုးလို့ ပိုဂရုစိုက်ရတယ်” လို့ပြောတဲ့ ရွှေမှုံရတီက တအားကြီး ခေတ်ဆန်တာကို မကြိုက်ကြောင်း ပြောပါတယ်။

အနုပညာရှင်တစ်ယောက် ဖြစ်ရတဲ့အတွက် လူငယ်သဘာဝ အတိုင်း လွတ်လပ်မှုတွေ ဆုံးရှုံးသွားလား ဆိုတာကို ရွှေမှုံရတီက “ရွှေမှုံ နဂိုကတည်းက အိမ်ထဲက အိမ်ပြင် သိပ်မထွက်ဘူး။ အမြဲတမ်း

မိသားစုနဲ့ပဲ အိမ်မှာ နေဖြစ်တယ်။ အခု အနုပညာရှင်တစ်ယောက် ဖြစ်သွားတဲ့ အတွက် မိသားစုနဲ့ နေရတဲ့အချိန် နည်းသွားတာလောက်ပဲ ရှိတယ်။ ရွှေမှုံတို့ မိသားစုမှာ မိန်းကလေး များတယ်။ ယောက်ျားဆိုလို့ အဖေရယ်၊ အစ်ကိုပဲ ရှိတယ်။ အစ်ကိုကလည်း အလုပ်လုပ်နေတာ ဆိုတော့ အဖေတစ်ယောက်ပဲ ရှိတယ်။ မိန်းကလေးတွေချည်းပဲဆိုတော့ ပျော်ဖို့ ကောင်းပါတယ်။ များသောအားဖြင့် မိသားစုကိုပဲ အချိန်ပေး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


popular journal မှ သိသမျှ ။

No comments:

Post a Comment