Tuesday 26 March 2013

တစ်ညတာအတွက် အကောင်းဆုံး အိပ်ချိန်


သာမန် အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ တစ်ရက်မှာ အိပ်ချက် အနည်းဆုံး ၇ နာရီ  ရှိရင် လုံလောက်တယ်လို့ ဆိုထားပေမယ့် သူ့အချိန်နဲ့ သူအိပ်တတ် ဖို့လည်း လိုပါသေးတယ်။

ဥပမာ ည ၁ နာရီမှ အိပ်ပြီး မနက် ၈ နာရီနောက်ပိုင်း ထတဲ့ အလေ့အထက အမှန်တော့ မကောင်းပါဘူး။ ခပ်စောစာအိပ်ပြီး မနက် သုံး၊လေး နာရီ ထတာကိုလည်း ဆေးပညာရှင်တို့ သိပ်အားမပေးပါဘူး။

စစ်တမ်းနဲ့ လေ့လာချက်များအရ လူတစ်ယောက်ရဲ့ အကောင်းဆုံး အိပ်ချိန်က ည
၁၀ နာရီ ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းအချိန်မှာ အိပ်ယာဝတ် ခပ်ပေါ့ပေါ့ပါးပါး အဝတ်အစား (ညအိပ်အဝတ်အစား) ဝတ်ဆင်လို့ အိပ်ရင် Perfect night sleep time (ပြီးပြည့် စုံသော တစ်ညတာ အိပ်စက်ချိန်) ရရှိတယ်လို့ စစ်တမ်းအရ လေ့လာ တွေ့ရှိ ထားကြ ကြောင်း သိရပါတယ်။


 International news for myanmar မှ သိသမျှ ။

No comments:

Post a Comment