Tuesday 26 March 2013

Samsung Galaxy S 4 နှင့် iPhone 5 သင်ပါကို ရွေးမလဲ


Samsung Galaxy S4 က ပေါက်ဈေး ၇ သိန်း ဝန်းကျင်နဲ့ မြန်မာပြည် ရောက်မယ်လို့လည်း ကြားနေပါတယ်။ သေချာ မသိသေးပါဘူး။ သို့ပေမယ့် iPhone ၅ ဈေးနဲ့ တန်းတူ ဝန်းကျင်လောက်ကို ကျမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ဒါဆိုရင် စာဖတ်သူတို့ ဘာကိုရွေးမလဲ။ iPhone 5 လား၊ Samsung Galaxy S4 လား။ ကင်မရာမှာဆိုရင်တော့ S4 က အကြမ်းဖျင်းကြည့်လိုက်ရင် သာသွားပြီလို့ မှတ်ယူနိုင်တယ်လို့ဆိုကြပါတယ်။ Samsung Galaxy S3 မှာကတည်းက iPhone 5 နဲ့ ဖိုက်နေတာ။ Samsung Galaxy S4 နဲ့ဆို ပြောနေစရာတောင် မလိုပါဘူး လို့လည်းဆိုကြပါတယ်။  ဒါဆိုရင် Apple အမာခံတွေ S4 ရဲ့  Defeat ကို ရှာကြပါလိမ့်မယ်။

ဒီတော့ iPhone 5 နဲ့ Samsung  Galaxy S4 ဘယ်ဟာက သာတယ်ဆိုတာ ပညာရှိနည်းနဲ့ ယှဉ်ကြည့်ရအောင်။ iPhone နောက်မျိုးဆက်က မထွက်သေးတော့ လက်တလောက်အနေနဲ့
စာဖတ်သူတို့ကရော် iPhone 5 နဲ့ Samsung Galaxy S4 တို့ထဲက တစ်လုံးတည်းယူပါဆိုရင် ဘယ်ဟာရွေးမလဲ သိချင်ပါတယ်။

Aung Kham (TSJ team) မှ သိသမျှ ။

No comments:

Post a Comment