Monday 11 March 2013

မင်းသမီးတစ်ယောက် မဖြစ်ခဲ့ရင်တောင် ပရဟိတပွဲတွေမှာ ပါဝင်မှာပါလို့ ဆိုလာတဲ့ မယ်လိုဒီ


တစ်ချိန်က ရုပ်ရှင်၊ဗီဒီယို၊ကြော်ငြာတွေ ရိုက်ကူးပြီး ပရိသတ်တွေ အားပေး မှုကို အပြည့်အဝရထားခဲ့တဲ့ သရုပ်ဆောင်မယ်လိုဒီက ခုချိန်မှာတော့ အနု ပညာလောကမှ အနားယူပြီး ပရဟိတတွေပဲ လုပ်လာခဲ့ပါတယ်။ မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ မနောအလှဂီတရန်ပုံငွေ အလှူပွဲမှာလည်း မယ်လိုဒီက ရှိုးလျှောက်ဖြစ်ခဲ့ပါတယ်။ မနော အလှဂီတ ရန်ပုံငွေပွဲမှာ ပါဝင်ကူညီပေးခဲ့တာနဲ့ပတ်သက်ပြီး မယ်လိုဒီက “မျိုး အခုနောက်ပိုင်း ပရဟိတတွေပဲ လုပ်ဖြစ်တယ်။ မျိုး စိတ်ချမ်းသာတယ်။ မျိုး ကျမ်းစာထဲမှာ ဖတ်ရတဲ့ ကိုယ်နဲ့သက်ဆိုင် သောသူကို ကိုယ်နဲ့အမျှချစ်ပါ။ မျိုးတို့အတူတူ အသက်ရှင်နေတဲ့ ဒီအမိနိုင်ငံမှာဆိုတော့ အားလုံးက ညီအစ်ကိုမောင်နှမ တွေပဲလေ။ဒါကြောင့် မျိုး ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ ကြော်ငြာတွေကို အခကြေးငွေယူပြီး မရိုက်တော့ပေမယ့် မျိုးတတ်စွမ်းတဲ့ အနုပညာနဲ့ မျိုး အကူအညီကို လိုအပ်တဲ့နေရာမှာ ပရဟိတ စိတ်အပြည့်နဲ့ကူညီဖို့ အဆင်သင့်ပါပဲ”လို့ ပြောပြခဲ့ပါတယ်။
အနုပညာ လောက အပြိုင်အ ဆိုင်တွေ ကြားမှာ နာမည် တစ်လုံးရဖို့ ကြိုးစားရတဲ့ ခက်ခဲမှုကတော့ အနုပညာရှင်တိုင်းကြုံ တွေ့ရပါတယ်။ ဒီလိုပဲ အခက်အခဲ အပြိုင်အဆိုင် ကြားက အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ မယ်လိုဒီကို အနုပညာရှင်တွေ ပရဟိတ လုပ်တာဟာ ပိုပြိး ထိရောက်တယ် လို့ပြောကြတဲ့
အပေါ် မယ်လိုဒီရဲ့ အမြင်ကို မေးကြည့် တော့ “တစ်ချိန်တစ်ခါက မျိုး ကြိုးစားပြီး အနုပညာအလုပ်တွေ လုပ်ခဲ့တယ်။ ခုမျိုး တက်စွမ်းတဲ့ အနုပညာ ကြိုးစားလို့ရတဲ့ အောင်မြင်မှုတွေနဲ့ မျိုးကို အားပေးနေတဲ့ ပရိသတ်တွေကို ပြန်ပြီးကူညီမယ်။ တကယ် လို့ မျိုးကနာမည်ကြီးမင်းသမီး တစ်ယောက်မဖြစ်ခဲ့ရင် တောင်ဒီလိုတကယ့် ပရဟိတ ပွဲတွေမှာ မျိုးပါဝင်မှာပါ။ မျိုး အနုပညာ လုပ်တုန်းကလည်း တစ်မျိုးပျော်တယ်။ အခု ပရဟိတပွဲတွေမှာဆိုလည်း ပီတိဖြစ်ရပါတယ်။ လူဆိုတာ ကိုယ်ပိုင် လွတ်လပ်စွာ တွေးခေါ် ခွင့်ရှိတယ်လေ။ မျိုးလည်း ဒီလိုပဲ။ မျိုး အခု ပရဟိတပွဲ တွေမှာ လို အပ်ရင်လို အပ်သလို ဆက်တိုက် ပါဝင်ဖြစ် မှာပါ”လို့ ပြောပြခဲ့ပါတယ်။

ထူးထူး၊ ဓာတ်ပုံ-မင်းမင်းထွန်း


popular myanmar .com မှ သိသမျှ ။

No comments:

Post a Comment