Wednesday 13 March 2013

ဇာတ်ပို့၊ ဇာတ်ရံတွေကို အဝတ်အစားတွေ ပေးလှူခဲ့တဲ့ အိန္ဒြာကျော်ဇင်


အိန္ဒြာကျော်ဇင်က အနုပညာ နယ်ပယ်ထဲက လုပ်ဖော်ကိုင်ဖက် တွေကို မတ်လ ၁ရက်နေ့က အဝတ်အစား တွေ ပေးလှူတာ တွေ့ရပါတယ်။ အဝတ်အစားတွေ ပေးလှူဖြစ်ခဲ့ပုံ အကြောင်းကို မေးတော့ အိန္ဒြာကျော်ဇင်က “ဒီတစ်ခေါက်တော့ အဝတ်အစား တွေ အကုန်လုံးကို တစ်ခါတည်း အကုန်စုပြီး လှူလိုက်တာပေါ့။ အနုပညာနယ်ပယ် ထဲကကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဇာတ်ပို့
ဇာတ်ရန် နေရာမှာလုပ်တဲ့ သူငယ်ချင်းတွေ၊ အစ်မတွေ ညီမတွေ ကိုခေါ်ပြီး လှူလိုက်တာပါ။ အရင်တုန်းကတော့ ရှုတင်မှာ ကြုံရင်ကြုံသလို ပေးလိုက်တာ မျိုးတွေရှိတယ်။ ဒီတစ်ခေါက် ကတော့၊ မလှူဖြစ်တာလည်း နည်းနည်း ကြာသွားတော့ အင်္ကျီ ပုံကတအား များသွားတယ်။ ခွဲပြီးပေးရင်လည်းမလွယ် တော့တဲ့ အခါကျတော့ အကုန်လုံးကို ခေါ်လိုက်ပြီး ကြိုက်တာ ယူကြဆိုပြီး
ပေးလိုက်တာ၊ သူတို့လည်း ကြိုက်တဲ့ အင်္ကျီ ရကြတာပေါ့။ ဟိုးအရင်တုန်းကတော့ မိဘမဲ့ အမျိုးသမီးဂေဟာ တွေမှာသွားပြီး လှူဖြစ်တယ်”လို့ ပြောပါတယ်။


 popular journal မှ သိသမျှ ။

No comments:

Post a Comment