Tuesday 23 April 2013

ဟယ်လို ဟယ်လို


အနီးဆုံး နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာ နှစ်ပေါင်းများစွာ ကတည်းက မိုဘိုင်းလ် သုံးစွဲခွင့် ကတ်ပြားတွေဟာ နိုင်ငံသားတွေ အတွက်ရော၊ နိုင်ငံခြားသား အတွက်ရော ခွဲခြားမှုမရှိဘဲ မှတ်ပုံတင် ပတ်စ်ပို့တွေပြလိုက်၊ ဌာနက မိတ္တူရယူပြီးရင် တယ်လီဖုန်းနံပါတ် ပေးပါတယ်။ အဲဒီဖုန်းနံပါတ်ဟာ ငွေပေးကတ် ငွေကုန်တာနဲ့ သက်တမ်းမကုန်ပါ။ နှစ်အကန့်အသတ် မရှိ ဖုန်းနံပါတ် တည်မြဲပါတယ်။ ဒါမှလည်း လူမှုရေး၊ စီးပွားရေး စတာတွေမှာ ဖုန်းနံပါတ် အပြောင်းအလဲမရှိ ဆက်လက် ရှင်သန်နေမှာပါ။ ငွေပေးကတ်တွေရဲ့ သက်တမ်းဟာလည်း သုံးလနဲ့အထက် ရှိပါတယ်။
ခုမြန်မာနိုင်ငံမှာ အကောင်အထည် ဖော်လိုက်တဲ့ ငွေပေးကတ်ကုန်ပြီး ၁၅ ရက်အတွင်း ငွေထပ်မဖြည့်ရင် ဖုန်းနံပါတ် ပျက်ပြယ်တာမျိုး နှစ်လအတွင်း မပြောမနေရ ငွေ ၅၀၀၀ သတ်မှတ်တာမျိုးဟာ အခြေခံ လူတန်းစားတွေကို
လည်ပင်းညှစ်ထားသလို ဖြစ်နေပါတယ်။ ပြည်သူပြည်သားတွေရဲ့ လူမှုရေး၊ စီးပွားရေး အခြေခံ လိုအပ်ချက်တွေကို အထောက်အကူပြုဖို့ ရည်ရွယ်တာ မဟုတ်သလို ဖြစ်နေပါတယ်။ တကယ်တော့ ဆက်သွယ်ရေးနဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့ အဖွဲ့အစည်းကို အကျိုးပြုလိုက်တာပါ။



THE VOICE WEEKLY မှ သိသမျှ ။

No comments:

Post a Comment